Dean Henderson ရဲ့ ယူနိုက်တက်အသင်းအပေါ် ရင်ဖွင့်ချက်

Dean Henderson at Nottingham Forest
August 3, 2022

ယူနိုက်တက် ဂိုးသမား  [ ဒင်းဟန်ဒါဆန် ] Dean Henderson ဟာ အသင်းအပေါ်  ပြစ်တင် ဝေဖန်လိုက်ပါတယ်။

Dean Henderson [ ဒင်းဟန်ဒါဆန် ] ဟာ သူရဲ့ ကစားသမားဘဝ အချိန်ကောင်းတွေကို ဖြုန်းတီးခဲ့မှုကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြစ်တင်ဝေဖန် လိုက်ပါတယ်။

သူ့ရဲ့ ကစားသမားဘဝ ၁၂ လတာ ကာလကို အလွဲသုံးစားလုပ်ကာ လှည့်ဖြားမှုဖြင့် မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြင်းပြင်းထန်ထန် ပြစ်တင် ရှုံ့ချခဲ့ပါတယ်။ ဒီအခြေအနေကို “ ရာဇ၀တ်မှု တစ်ခုလို့တောင် ဖော်ပြပြောဆိုခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဖောရက်စ်အသင်းဆီ တစ်နှစ် အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားတဲ့ Dean Henderson [ ဟန်ဒါဆန် ]

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂိုးသမားဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ကလပ်အသင်းဘက်ကနေ နံပါတ်တစ် ဦးစားပေး ဂိုးသမားနေရာပေးဖို့ ကတိပေးထားခဲ့ပေမယ့် သူ့အနေနဲ့ လိဂ်ပွဲစဥ် တစ်ပွဲမှ ပါဝင်ခွင့်မရခဲ့ပါဘူး။ အခုလက်ရှိမှာတော့ Dean Henderson [ ဟန်ဒါဆန် ] ဟာ စိတ်ပျက်စွာနဲ့ နော်တင်ဟမ် ဖောရက်စ်အသင်းဆီ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန် ‌လက်ရွေးစင် ဂိုးသမားဟာ နည်းပြဟောင်း အိုလီ ဂန်နာ ဆိုးရှားရဲ့ ပြုမှုဆက်ဆံပုံကို ဝေဖန်ခဲ့ပြီး ကုန်ဆုံးသွားတဲ့ တစ်နှစ်တာ ကာလက သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် အခက်ခဲဆုံးနှစ် ဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။

Dean Henderson is second choice at Man United

ဒီရာသီ ဟန်ဒါဆန်ဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၃ ပွဲသာ ကစားခဲ့ရပါတယ်။

ယူရို ၂၀၂၀ အသင်းကနေ ထွက်လာရတဲ့ စကားပြောဆိုမှုက မင်းဒီကို နံပါတ် ဂိုးသမားဖြစ်ဖို့ ပြန်ရောက်လာတာ ဖြစ်တယ်။ လို့ ဟန်ဒါဆန်က talkSPORT ကို ပြောကြားခဲ့ပါတယ်။

ကျွန်တော် ကိုဗစ်ကူးစက်ခံခဲ့ရတယ်။ – ဆိုတော့ ကျွန်တော်ပြန်ရောက်လာပြီး နံပါတ် ၁ ဦးစားပေး ဂိုးသမား ဖြစ်သင့်ပေမယ့် ကံမကောင်းစွာနဲ့ပဲ သူတို့ပေးခဲ့တဲ့ ကတိကိုမတည်ခဲ့ကြပါဘူး။

ပြီးခဲ့တဲ့ နွေရာသီတုန်းက အငှားနဲ့ ခေါ်ယူမယ့် အသင်းတွေ အများကြီး ရှိခဲ့ပေမယ့် နံပါတ် ၁ နေရာကို ပေးမယ်ဆိုတဲ့ ဒီကတိကြောင့် အသင်းတိုင်းကို ပယ်ချခဲ့ရပါတယ်။ အဲ့ဒါတွေက တကယ်ကို စိတ်ပျက်စရာကောင်းပြီး သူတို့က ကျွန်တော့်ကို ခွင့်မပြုခဲ့ကြပါဘူး။ ကျွန်တော့် အသက်အရွယ်နဲ့ အဲ့ဒီမှာ ၁၂ လတာ အချိန်ကောင်းတွေ ဖြုန်းတီးခဲ့တာဟာ လုံးဝ ရာဇဝတ်မှုပါပဲ။ လုံးဝကို ရှုပ်ထွေးနေခဲ့ပါတယ်။ လို့ ရင်ဖွင့်ခဲ့ပါတယ်။

[ ဟန်ဒါဆန် ] Dean Henderson မထွက်ခင်က တန်ဟက်ဂ်နဲ့ ကစားပြောဆိုခြင်း မရှိခဲ့ပါ။

ဒင်းဟန်ဒါဆန်က အခု ဖောရက်စ်အသင်းကို မပြောင်းခင် နည်းပြသစ် အဲရစ် တန်ဟက်ဂ်နဲ့ စကားပြောဆိုခဲ့ခြင်း မရှိကြောင်းကိုလည်း ဝန်ခံခဲ့ပါတယ်။

မဟုတ်ပါဘူး။ ကျွန်တော် တန်ဟက်ဂ်နဲ့ စကားမပြောဖြစ်ခဲ့ပါဘူး။ မန်နေဂျာက ကျွန်တော့်ကို အသင်းမှာ ဆက်ထားဖို့ ဆန္ဒရှိနိုင်တယ်ဆိုတာ သိတာကြောင့် လေ့ကျင်းရေးကွင်းမှာ ကျွန်တော့်ကို လာတွေဖို့ ကျွန်တော် တကယ်ကို မလိုလားခဲ့ပါဘူး။

Dean Henderson at England National Team

ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် အင်္ဂလန်လက်ရွေးစင် အသင်းဆီ ခေါ်ယူခြင်းခံခဲ့ရတဲ့ ဟန်ဒါဆန်။

နွေရာသီ ကျွန်တော် မထွက်ခွာခင် အငှားသွားရောက်ကစားဖို့ ကိစ္စရပ်အားလုံးကို ကြိုးစားခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်က ဘောလုံးကစားဖို့ လိုအပ်ကြောင်းကို အသင်းရဲ့ အကြီးအကဲတွေကို ဖွင့်ပြောခဲ့ပါသေးတယ်။ ဒီမှာ ကျွန်တော် ဒုတိယနေရာ ကစားရင်း အချိန်မကုန်ဆုံးချင်ဘူး။

မန်နေဂျာ အသင်းဆီ ရောက်မလာခင် ကျွန်တော်က အသင်းကနေ ထွက်သွားခါနီး ဖြစ်နေပါပြီ။ အဲ့ကတည်းကကို သူနဲ့ စကားမပြောဖြစ်ခဲ့ပါဘူး။ လို့ ဂိုးသမား ဟန်ဒါဆန်က ဝန်ခံ ပြောဆိုခဲ့ပါတယ်။

ရှက်ဖီး ယူနိုက်တက် အသင်းမှာ ဟန်ဒါဆန် လက်စွမ်းပြခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် ဂိုးသမားဟာ ရှက်ဖီး ယူနိုက်တက်အသင်းမှာ အငှားသွားရောက်စဥ် အချိန်အတွင်း အကောင်းဆုံး လက်စွမ်းပြသမှုတွေကြောင့် အင်္ဂလန်လက်ရွေးစင် အသင်းဆီ ခေါ်ယူခြင်း ခံခဲ့ရပါတယ်။  အဲ့ဒီနောက် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ နှစ်ရှည်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

အိုးလ်ထရက်ဖို့ဒ်ဆီ ပြန်ရောက်လာတဲ့ ပထမဆုံးနှစ်မှာ ဟန်ဒါဆန်အနေနဲ့ ပြိုင်ပွဲစုံ ၂၆ ပွဲ ကစားခွင့် ရရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီတုန်းကတော့ သူဟာ ပြိုင်ပွဲစုံ ၃ ပွဲသာ ပါဝင် ကစားခွင့် ရရှိခဲ့ပါတယ်။

Dean Henderson was impressive at Sheffield United

ဟန်ဒါဆန်ဟာ ရှက်ဖီးယူနိုက်တက်အသင်းမှာ တော်တော်လေး လက်စွမ်းပြခဲ့ပါတယ်။

နော်တင်ဟမ် ဖောရက်စ်အသင်းဟာ နွေရာသီ အစောပိုင်းတုန်းက နယူးကာဆယ် ယူနိုက်တက်အသင်းကို ကျော်လွန်ပြီး ဟန်ဒါဆန်ကို အငှားခေါ်ယူဖို့ အနိုင်ရရှိခဲ့ပါတယ်။ ဂိုးသမားကို ‌အပြီးသတ် ဝယ်ယူဖို့ ရွေးချယ်ခွင့်တော့ မပါရှိပါဘူး။ ကလပ်အသင်းနဲ့ သူရဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်အထိ သက်တမ်း ရှိနေဆဲ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment