Frenkie De Jong ​​ဘာစီလိုနာမှာ ဘယ်လိုကစားနေလဲ?

Frenkie De Jong want to leave barcelona
July 27, 2022

ဘာကာ ကွင်းလယ်လူ Frenkie De Jong [ ဖရန့်ကီ ဒီဂျောင် ] ဟာ ​​ဘာစီလိုနာမှာ ဘယ်လိုကစားနေလဲ?

Frenkie [ ဖရန့်ကီ ဒီဂျောင် ] ရဲ့ ဘာစီလိုနာအပေါ် ချစ်မြတ်နိုးမှုဟာ သူ့ကို မန်ချက်စတာယူနိုက်တက်ဆီ ထွက်ခွာဖို့ ဒါမှမဟုတ် လစာ ဖြတ်တောက်ဖို့ ကလပ်အသင်းရဲ့ အသုံးချခံရတာ ဖြစ်တယ်လို့ CBS သတင်းထောက် ဘန် ဂျက်ကော့စ်က ရေးသားဖော်ပြထားပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီဂျောင်ကို ခေါ်ယူဖို့ ကိစ္စနဲ့ ပတ်သက်ပြီး အ‌ခြေအနေ တစ်ခုလုံးကို စိတ်ပျက်ကာ ဘာစီလိုနာအသင်းက ကွင်းလယ်ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး တိတိကျကျ ဆုံးဖြတ်ချက်ချတာမျိုး မတွေ့ရသေးပါဘူး။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဟော်လန်သားရဲ့ အသင်းအပေါ် ချစ်မြတ်နိုးမှုကို အသုံးချတဲ့ ဘာကာအသင်း

ဘာစီလိုနာအသင်းရဲ့ နည်းဗျူဟာကတော့ Frenkie de Jong [ ဖရန့်ကီ ဒီဂျောင် ] ရဲ့ ကလပ်အသင်းကို ချစ်မြတ်နိုးမှုအပေါ် အသုံးချမှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဒီဂျောင်ဟာ ကလပ်အသင်းကနေ မထွက်ချင်ဘူး၊ ဒီအသင်းမှာပဲ ဆက်ကစားချင်နေတာပါ။ ဘာကာကလည်း ကစားသမားကို ဆက်ထားချင်တယ်။ ဒါပေမယ့် လုပ်ခလစာကို အပြည့်မပေးချင်ပါဘူး။

ဒါကြောင့်မို့ ဘာကာအနေနဲ့ ကစားသမားကို လုပ်ခလစာ လျှော့ယူခိုင်းမယ်။ ဒါမှမဟုတ်ရင် အသင်းကနေ ရောင်းထုတ်မယ်လို့ ပြောဆိုပြီး အသင်းမှာဆက်ရှိဖို့ စည်းရုံးသိမ်းသွင်းလိုတဲ့ ဆန္ဒကို အကောင်အထည်ဖော်ဖို့ ဒီနည်းဗျူဟာကို ဆက်လက်  အသုံးပြုဖို့ပဲ ဖြစ်ပါတယ်။

Frenkie De Jong at barcelona

ဘာစီလိုနာအသင်းနဲ့ ရာသီကြိုခြေစမ်းပွဲတွေ ကန်နေတဲ့ ဒီဂျောင်။

ဘောလုံးအသင်းတစ်သင်းအနေနဲ့ ကစားသမားတွေရဲ့ လုပ်ခလစာငွေကို ပေးချေဖို့ အကျင့်စာရိတ္တကောင်းမွန်ခြင်း ရှိ၊ မရှိ မေးခွန်းထုတ်စရာရှိနေပါတယ်။ သို့ပေမယ့် တစ်ချိန်တည်းမှာ အသင်းရဲ့ ဘဏ္ဍာရေး ဆိုးရွားနေမှုကို ကာမိစေဖို့ သူတို့ရဲ့ လက်ရှိ ဝန်ထမ်းတွေ အားလုံးကို ‌ကြီးမားတဲ့ လစာဖြတ်တောက်ဖို့ တောင်းဆိုခဲ့ပါတယ်။

နယ်သာလန်ကွင်းလယ်လူ [ ဒီဂျောင် ] Frenkie De Jong  အသင်းမှာ ဆက်ရှိမှာလား?

နယ်သာလန်သားဟာ ဘာစီလိုနာအသင်းမှာ ဆက်ရှိနေမယ်လို့ ထင်ရပြီး အသင်း ဥက္ကဌ ဟွန်လာပေါ်တာ က သူ့ကို ရောင်းဖို့မဟုတ်ဘူးလို့ ပြောခဲ့တာကတော့ တကယ်ကို ရူးကြောင်ကြောင်နိုင်ပါတယ်။ ချဲလ်ဆီးအပါအဝင် ကလပ်အသင်းတော်တော်များများက ကမ်းလှမ်းခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့ပါတယ်။

ဖရန့်ကီ ဒီဂျောင်ဟာ လက်ရှိ ဘာစီလိုနာအသင်းမှာ ပါဝင်ကစားနေပြီး အသင်းအနေနဲ့ သူ့ရဲ့ဆန္ဒကို အသုံးချပြီး ဒါကို ဖြစ်နိုင်သမျှကြာအောင် အသင်းရဲ့ စည်းကမ်းချက်တွေနဲ့ နိဂုံးချုပ်နေတယ်လို့ ထင်ရပါတယ်။

Frenkie De Jong at Netherlands national team

နယ်သာလန်လက်ရွေး‌စင် ကစားသမား ဒီဂျောင်။

သူတို့ဟာ ကလပ်အသင်းရဲ့ ကျန်းမာရေးနဲ့ အဆင့်အတန်းကို အသုံးပြုကာ မယုံနိုင်လောက်စရာ သဘောတူညီချက်တွေ ရရှိဖို့ ကစားသမားတချို့ဆီကနေ အသင်းကို ချစ်မြတ်နိုးတဲ့ သမိုင်းကြောင်းကို ပေါင်းထည့်နေကြတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းနဲ့ ဒီဂျောင်ရဲ့ အပြောင်းအရွှေ့

ကံမကောင်းစွာပဲ ဒါက ဘာစီလိုနာရဲ့ စည်းကမ်းအတိုင်း ဖြစ်နိုင်ချေရှိတဲ့ ပြိုင်ဘက်အသင်းတွေအတွက် အားလုံးပြီးသွားပြီလို့ ဆိုရပါမယ်။ ဆိုလိုတာက ယူနိုက်တက်အသင်းဟာလည်း တခြား ပြိုင်ဘက်အသင်းတွေလိုပဲ  အခုအချိန်အထိ စောင့်မျှော်ကြည့်ရှုရမှာပါ။ ဒါက ဘောလုံးအသင်းတစ်သင်းရဲ့ အလုပ်လုပ်ပုံပါပဲ။

မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့က အရမ်းခက်ခဲမှာ ဖြစ်ပါတယ်။ ပြီးတော့ ကစားသမားဟာ ဘာစီလိုနာအသင်းမှာ လုပ်ခလစာ လျှော့ယူပြီး ဆက်နေမှာလား ဒါမှမဟုတ် အသင်းကနေ ထွက်ခွာဖို့ အဆင်သင့်ဖြစ်မှာလားဆိုတာ ရှင်းရှင်းလင်းလင်း သိချင်နေမှာပါ။

စပိန်ကလပ်ဟာ သူတို့ရဲ့ အပြောင်းအရွှေ့ အစီအစဥ်တွေမှာ ဇာဗီရဲ့ လွှမ်းမိုးမှုကို အသုံးချနေပါတယ်။ နည်းပြ ဇာဗီဟာ ဒီဂျောင်ကို လုပ်ခလစာ ၅၀ % ဖြတ်တောက်ဖို့ ပြောကြားခဲ့ပြီး ကွင်းလယ်ကစားသမားဟာ အသင်းမှာ ဆက်နေဖို့ စိတ်အားထက်သန်နေပေမယ့် ဆုံးဖြတ်ချက် မတင်မကျ ဖြစ်နေတာပါ။

နယ်သာလန်ကွင်းလယ်လူ Frenkie De Jong [ ဒီဂျောင် ]  နဲ့ အသင်း အခြေအနေ

အသက် ၂၅ နှစ်အရွယ် ကွင်းလယ်လူဟာ အဆိုပါ စည်းမျဥ်းတွေကို သဘောတူညီဖို့ နီးကပ်လာနေပါပြီ။ သို့သော်လည်း ဘာစီလိုနာအသင်းဟာ ကစားသမာတွေကို တခြားရွေးချယ်စရာတွေနဲ့ တပြိုင်တည်း ဆက်နေဖို့ အစဥ်တစိုက် ဆွဲဆောင်နေတာကြောင့် လုံးလုံးမပြီးသေးပါ။

Frenkie De Jong is Xavi's favourite player

ဇာဗီကတော့ ဒီဂျောင်ကို အသင်းမှာ ဆက်ထားချင်နေပါတယ်။

လက်ရှိနည်းပြ ဇာဗီက ဒီဂျောင်ကို ဗဟိုခံစစ်နေရာမှာ ကစားကွက်ချထားပြီး ဂျူးလ်စ် ကွန်ဒယ်ကို ခေါ်ယူတော့မှာ ဖြစ်ပါတယ်။ အလားတူ ဒီဂျောင်သာထွက်ခွာမယ်ဆိုရင် ဘာစီလိုနာဟာလည်း ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူနိုင်မယ်လို့ ပြောခဲ့ပါတယ်။

ဘာနာဒိုဆေးလ်ဗားကိုသာ ရခဲ့မယ်ဆိုရင် ဘာကာအသင်းအနေနဲ့ ပြောင်းရွှေ့ကြေးကို တစ်နည်းနည်းနဲ့ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ထို့အတူ ကွန်ဒယ်ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေးလိုအပ်မယ်ဆိုရင် ဒီဂျောင်ကို အဆင်ပြေတဲ့ အသင်းတစ်သင်းဆီ ရောင်းထုတ်သွားမှာ ဖြစ်ပါတယ်။

သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ ဒီဂျောင်ဟာ ဘာကာကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီး အဲ့ဒါက ချဲလ်ဆီးအသင်းနဲ့ စာချုပ်ချုပ်ဖို့ သဘောတူညီချက် ရရှိမှ သေချာမှာလို့ သိရပါတယ်။

အထူးသဖြင့် သူဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ မယှဥ်ပြိုင်ချင်တာကြောင့် မန်ချက်စတာ ယူနိုက်အသင်းကိုတော့ ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ယူနိုက်တက် အသင်း အနေနဲ့ လုပ်ခလစာ ပိုပေးခဲ့မယ်ဆိုရင်တောင်မှာ ပြောင်းမှာ မဟုတ်ဘူးလို့ သိရပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment