Pogba ရဲ့ ဒူးဒဏ်ရာပြဿနာ။

Paul Pogba at Juventus
July 26, 2022

ကွင်းလယ်ကစားသမား [ ပေါလ် ပေါ့ဂ်ဘာ ] Paul Pogba ရဲ့ ဒဏ်ရာပြဿနာ အခြေအနေ

Pogba [ ပေါလ် ပေါ့ဂ်ဘာ ] ဟာ ရာသီကြိုခြေစမ်းပွဲမှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာရရှိခဲ့တာကြောင့် ဂျူဗင်တပ်စ်အသင်းနဲ့ ရာသီအစမှာ လွဲချော်ရဖွယ်ရှိနေပါတယ်။

ကွင်းလယ်ကစားသမားဟာ ဒီနွေရာသီ အပြောင်းအရွှေ့ မှာ မန်ချက်စတာ ယူနိုက်တက်ကနေ ဂျူဗင်တပ်စ်အသင်းဆီ ပြန်လည် ရောက်ရှိလာပြီးကတည်းက တစ်ပွဲသာ ကစားခဲ့ရပြီး ဒဏ်ရာရနေပြီ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

တာထွက်မလှခဲ့တဲ့ ပေါလ် ပေါ့ဂ်ဘာ

ဂျူဗင်တပ်စ်အသင်းက ကွင်းလယ်လူ  ပေါလ် ပေါ့ဂ်ဘာ [ Paul Pogba ] ဟာ ဒူးဒဏ်ရာ ခွဲစိတ်မှုပြုလုပ်ရမှာ ဖြစ်တာကြောင့် လနဲ့ချီပြီး အနားယူရဖွယ်ရှိတယ်လို့ အတည်ပြုလိုက်ပါတယ်။

ပေါ့ဂ်ဘာဟာ ဇွန်လနှောင်းပိုင်းမှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် ဂျူဗင်တပ်စ်အသင်းဆီ လေးနှစ်စာချုပ်နဲ့အတူ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

Paul Pogba at Juventus Trainin

‌ပေါ့ဂ်ဘာဟာ ဂျူဗင်တပ်စ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ နောက်တစ်ကြိမ်ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ၂၀၁၂ ကနေ ၂၀၁၆ ခုနှစ်အထိ ကစားခဲ့ဖူးတဲ့ အသင်းဟောင်းနဲ့အတူ ပြန်လည်အောင်မြင်မှု ရယူဖို့ မျှော်လင့်ထားခဲ့ပေမယ့် လက်ရှိမှာ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ နေရပါတယ်။

ပေါလ် ပေါ့ဂ်ဘာဟာ စနေနေ့က နီဗားဒါးမှာ ကစားခဲ့တဲ့ မက္ကဆီကို ကလပ် ဂွါဒါလာဂျာရာအသင်းနဲ့ကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲစဥ်အတွင်း ကွင်းလယ်ဗဟိုမှာ သူ့ရဲ့ ခြေစွမ်းတွေက အထင်ကြီးလောက်စရာ‌ ကောင်းနေခဲ့ပါတယ်။

ခြေစမ်းပွဲတွေ လွဲချော်ဦးမယ့် Paul Pogba [ ပေါ့ဂ်ဘာ ]

လက်ရှိအခြေအနေအရ ဂျူဗင်တပ်စ်အသင်းဟာ ကစားသမားရဲ့ ဒူးဒဏ်ရာ‌ကြောင့် ဗုဒ္ဓဟူးနေ့ တက္ကဆက်ပြည်နယ်၊ ဒါလက်စ်မြို့မှာ ကစားမယ့် ဘာစီလိုနာအသင်းနဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲအတွက် ပါဝင်မှာ မဟုတ်ဘူးလို့ အတည်ပြု ပြောကြားလိုက်ပါတယ်။

အဲဒီအစား ကစားသမားရဲ့ ဒူးဒဏ်ရာ ‌ဘယ်လောက်ထိ ပြင်းထန်လဲဆိုတာ သေချာသိနိုင်ဖို့ ဒူးအထူးကု ဆရာဝန်ဆီ ပို့ဆောင်ရမှာ ဖြစ်ပါတယ်။ ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ လေ့ကျင်းခန်းဆင်းနေစဥ်အတွင်း ညာဘက်ဒူး နာကျင်လာတာကြောင့် ကြည့်ရှုစမ်းသပ်ဖို့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေ ခေါ်ယူခဲ့ရပါတယ်။ သူ့ကို ကွင်းအပြင်ဘက်ကို ခေါ်ဆောင်သွားဖို့ ကွင်းပြင်က ဝန်ထမ်းနှစ်ဦးက ခုန်ဆင်းလာကာ ကူညီပေးခဲ့ရပါတယ်။

အီတလီ ကလပ်အသင်းဟာ ပေါ့ဂ်ဘာရဲ့ ညာဘက်ဒူးဒဏ်ရာနဲ့ပတ်သက်ပြီး ခွဲစိတ်ကုသမှု ခံယူဖို့အတွက် လိုအပ်တာတွေ စစ်ဆေးဖို့ အထူးကုဆီ သွားရောက်မယ်လို့ သိရပါတယ်။

Paul Pogba at Pre season match

ရာသီကြို ချစ်ကြည်ရေးပွဲမှာ ခြေစွမ်းပြနေတဲ့ ပေါ့ဂ်ဘာ။

ဂျူဗင်တပ်စ်အသင်းရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ

“ပေါလ်ပေါ့ဂ်ဘာဟာ သူရဲ့ ညာဘက်ဒူးမှာ နာကျင်နေတာ‌ကို ညည်းညူနေတာကြောင့် ဓာတ်မှန်ရိုက် စစ်ဆေးမှုကို ခံယူခဲ့ပါတယ်။ ”

“နောက်နာရီအနည်းငယ်အတွင်းမှာတော့ အရိုးအထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ရလိမ့်မယ်။ ”

“ဒါကြောင့် ဆေးကုသမှု ဆက်လက်ခံယူဖို့အတွက် ဒါးလတ်စ် ခရီးစဉ်မှာ သူ မပါဝင်ပါဘူး။ ” လို့ ဂျူဗင်တပ်စ်အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အီတလီမီဒီယာတွေက ပေါ့ဂ်ဘာဟာ ခွဲစိတ်မှုတစ်ခု ပြုလုပ်ဖို့ လိုအပ်ကြောင်း သေချာနေပြီး ပြဿနာရဲ့ ပြင်းထန်မှုအပေါ်  မူတည်ပြီး အနည်းဆုံး နှစ်လခန့် အနားယူရဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။ စီးရီးအေ ရာသီသစ်ကတော့ နောက်နှစ်ပတ်ကျော်အတွင်း စ,တင်တော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီတုန်းက ရီချာလီဆန်ဟာ အဲဗာတန်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပွဲစဥ် ၃၀ ပွဲမှာ ၁၀ ဂိုးသွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ ဒါအပြင် သူဟာ အသင်းကို တန်းဆင်းစုံကနေ လွတ်မြောက်အောင် ကူညီပေးခဲ့ရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေခဲ့ပါတယ်။

ယူနိုက်တက်ပရိတ်သတ်တွေအတွက် မရိုးတော့တဲ့ ပေါ့ဂ်ဘာရဲ့ ဒဏ်ရာပြဿနာ

ပြင်သစ်စူပါစတားဟာ ပြီးခဲ့တဲ့ သုံးရာသီအတွင်း ပွဲစဥ်ပေါင်း အများကြီး လွဲချော်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ပရိတ်သတ်တွေအတွက်တော့ ရင်းနှီးပြီးသားဖြစ်မယ့် အကြောင်းအရာတစ်ခုပါ။

Paul Pogba at Man United

မန်ချက်စတာယူနိုက်တက်အသင်းမှာ ‌ပေါ့ဂ်ဘာဟာ ဒဏ်ရာပြဿနာ‌တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ပြင်သစ်သားဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အခုရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဂျူဗင်တပ်စ်ကို ပြန်လာခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမားဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ဂျူဗင်တပ်စ်အသင်းမှာ ကစားခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ယူနိုက်တက်အသင်းကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်အသင်းမှာ သူ့ရဲ့ ခြောက်နှစ်တာကာလအတွင်း ကြီးကြီးမားမား အောင်မြင်မှု အနေနဲ့ ယူရိုပါလိဂ်ဆုဖလား ၁ ကြိမ် ရရှိခဲ့ပါတယ်။ သူ့ရဲ့ ပထမရာသီမှာတော့ ပြည်တွင်း အသေးအဖွဲ့ ဖလား ၂ ကြိမ်သာ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ပေါ့ဂ်ဘာဟာ ဒဏ်ရာပြဿနာတွေကြောင့် စိတ်ဓာတ်ကျနေခဲ့ပါတယ်။

ယူနိုက်တက်ပရိတ်သတ်တွေအတွက် မရိုးတော့တဲ့ ပေါ့ဂ်ဘာရဲ့ ဒဏ်ရာပြဿနာ

၂၀၁၉-၂၀ ရာသီအစကနေ ပြီးခဲ့တဲ့ ရာသီအကုန်ထိ ပေါလ် ပေါ့ဂ်ဘာဟာ မတူညီတဲ့ ဒဏ်ရာ (၈) ခုအထိ ရရှိခဲ့တာကြောင့် ကွင်းဘေးမှာပဲ အချိန်ကုန်စေခဲ့ပါတယ်။ စုစုပေါင်း ၃၃ လအတွင်း ဒဏ်ရာပြဿနာတွေ၊ ဖျားနာမှုတွေကြောင့် ပွဲစဥ်‌ပေါင်း ၇၂ ပွဲအထိ လွဲချော်ခဲ့ရပါတယ်။

ပရီးမီးယားလိဂ် ၂၀၁၉-၂၀ ရာသီတုန်းက သူဟာ ခြေကျင်းဝတ်ပြဿနာ နှစ်ရပ်ကြောင့် ပရီးမီးယားလိဂ်ပွဲစဥ် ၁၆ ပွဲသာ ပါဝင်ကစားခဲ့ရပြီး ပြိုင်ပွဲစုံ ပွဲပေါင်း ၄၀ ထိ လွဲချော်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီက ပေါ့ဂ်ဘာဟာ တံကောက်ကြောဒဏ်ရာကြောင့် နိုဝင်ဘာလကနေ ဖေဖေါ်ဝါရီလအထိ ဆေးကုသမှုခံယူဖို့ အချိန်အတော်ကြာ အနားယူခဲ့ရပါတယ်။ အဲ့ဒီနောက် ဧပြီလမှာ သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝကို ခြေသလုံးကြွက်သားဒဏ်ရာနဲ့ ပြီးဆုံးသွားခဲ့ရပါတယ်။

ဒီဒဏ်ရာတွေဟာ ဂျူဗင်တပ်စ်ကို ပြန်သွားတဲ့အခါ ဂျူဗင်တပ်ပရိသတ်တချို့အတွက် စိုးရိမ်စရာဖြစ်ပြီး ပရိတ်သတ်တွေကတော့ သူ့ရဲ့ ဒဏ်ရာက ရာသီစ, ကနေ နောက်ထပ် သုံးပတ်အတွင်း ပြင်းပြင်းထန်ထန် ဘာမှထပ်မဖြစ်စေဖို့ မျှော်လင့်နေကြပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment