Jules Kounde ရဲ့ အပြောင်းအရွှေ့

Jules Kounde to Bordeaux
July 25, 2022

ဂျူးလ်စ် ကွန်ဒယ် [ Jules Kounde ] ရဲ့ အပြောင်းအရွှေ့က ဘာကြောင့် နွေရာသီရဲ့ အရေးကြီးဆုံး သဘောတူညီချက်တစ်ခု ဖြစ်နေတာလဲ?

Jules Kounde [ ဂျူးလ်စ် ကွန်ဒယ် ] ရဲ့ အနာဂတ်ဟာ ဘာစီလိုနာနဲ့ ချဲလ်ဆီးအသင်းကြားမှာ အပြောင်းအလဲ ဗျာများနေပုံ ပေါ်နေပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာတော့  နောက်ခံလူအတွက် အပြီးသတ် ပြောင်းရွှေ့ဖို့ စိတ်အားအထက်သန်ဆုံးအသင်းကတော့ ပြင်သစ်ကလပ် ဘော်ဒိုးအသင်းလို့ သိရပါတယ်။ သူတို့အတွက် ဒါက နွေရာသီရဲ့ အရေးအပါဆုံး စာချုပ်ဖြစ်နိုင်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

[ ကွန်ဒယ် ] Jules Kounde ရဲ့ အသင်းဟောင်း ဘော်ဒိုး

ဘာစီလိုနာအသင်းဟာ မကြာသေးခင်က သူတို့ရဲ့  ဘဏ္ဍာရေး ပြဿနာတွေကို သိရှိထားပေမယ့် သူတို့ဟာ ပြင်သစ်ရဲ့ သမိုင်းဝင် အရှိဆုံး အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ပြင်သစ်လီဂူး ၁ ချန်ပီယံ ၆ ကြိမ်အသင်းနဲ့ ယှဥ်ပါက ဘာမှမဟုတ်ပါဘူး။

ပြီခဲ့တဲ့ ရာသီတုန်းက ဘော်ဒိုးအသင်းဟာ လီဂူး ၁ အမှတ်ပေးဇယားမှာ အဆင့် ၂၀ နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒုတိယအဆင့်ကို တန်းဆင်းသွားခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ အသင်းရဲ့ စီးပွားရေး ပြဿနာ‌တွေကြောင့် တတိယအဆင့် ( ချန်ပီယံ နေရှင်နယ် ) ကို တန်းဆင်းသွားခဲ့ရပါတယ်။

Jules Kounde at Bordeaux

ဘော်ဒိုးလူငယ်ကစားသမား ဂျူးလ်စ်ကွန်ဒယ်။

အဲ့အချိန်ကနေ စတင်ပြီး သူတို့ဟာ ကလပ်အသင်းကို ကယ်တင်ဖို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။ အသင်းပိုင်ရှင် ဂျရတ် လိုပတ်ဇ်ဟာ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေး စောင့်ကြည့်ရေးအဖွဲ့ DNGC က ဇူလိုင်လ အစောပိုင်းမှာ ပယ်ချခံခဲ့ရပါတယ်။ အဆိုပါ ကိစ္စကို ပြင်သစ်အားကစား တရားရုံးကို ပြီးခဲ့တဲ့ အပတ်မှာ တင်ခဲ့ပြီး ယူရို သန်း ၄၀ လိုငွေပြမှုကို ပိတ်ဆို့နိုင်ဖို့ ကတိပြုခဲ့ပါတယ်။

ဘော်ဒိုးအသင်းဟာ ဒီလိုလုပ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ အလားအလာရှိတဲ့ လူငယ်တိုက်စစ်မှူး ဆက်ကော့ မာရာကို ဆောက်သမ်တန်အသင်းဆီ ယူရို ၁၁ သန်း ( အပြင် အပိုဆုကြေးများ ယူရို ၂ သန်း ) နဲ့ ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ ပြီးတော့ ကလပ်အသင်းရဲ့ ကြွေးမြီကို ပြန်လည် ဖွဲ့စည်း တည်ဆောက်ထားပြီး လိုပတ်ဇ်ရဲ့ ကုမ္ပဏီ ဂျိုဂိုကနေ အရင်းအနှီး ယူရို ၁၀ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရှိရပါတယ်။

တွစ်တာပေါ်မှာ ဘော်ဒိုးအသင်းဟာ မာရာရောင်းချမှုနဲ့ ပတ်သက်ပြီး ‌

” ဒီတစ်ခုတည်းသော လည်ပတ်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကလပ်ဟာ ရာသီမကုန်ခင်မှာ ရောင်းအားပစ်မှတ်အားလုံးနီးပါး ( ယူရို ၁၄ သန်း ) ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ” လို့ ရေးသားဖော်ပြခဲ့ပါတယ်။

Jules Kounde at Sevilla

ဆီဗီးလားနောက်ခံလူ ဂျူးလ်စ်ကွန်ဒယ်။

နောက်ခံလူ [ ကွန်ဒယ် ] Jules Kounde ရဲ့ အပြောင်းအရွှေ့က ဘော်ဒိုးအသင်းကို ကယ်တင်နိုင်ပါတယ်။

ဆီဗီးလား နောက်ခံလူ ကွန်ဒယ်ဟာ ဘော်ဒိုးလူငယ်အသင်းကို ၂၀၁၃ ခုနှစ်မှာ ဆယ်ကျော်သက်အရွယ်နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဘော်ဒိုးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၇၀ ကစားပေးခဲ့ပါတယ်။ အသင်းအတွက် သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးထားပါတယ်။

သူ့ရဲ့ စွမ်းဆောင်ရည်တွေက ဆီဗီးလားအသင်းကို ဆွဲဆောင်ဖို့ လုံလောက်တဲ့ အထင်ကြီးစရာ ဖြစ်ခဲပြီး စပိန်ကလပ်အသင်းဟာ ကစားသမားကို ခေါ်ယူဖို့အတွက် ယူရို ၂၅ သန်း သုံးစွဲခဲ့ပါတယ်။

Jules Kounde at France National Team

ပြင်သစ်လက်ရွေးစင်ကစားသမား ကွန်ဒယ်။

ပြစ်သစ်ကလပ် ဘော်ဒိုးရဲ့ အမြတ်ငွေ

အရေးကြီးတာကတော့ [ ဂျူးလ်စ် ကွန်ဒယ် ] Jules Kounde ကို ဆီဗီးလားကို ရောင်းချခဲ့တဲ့ ပြောင်းရွှေ့မှုမှာ ဘော်ဒိုးအသင်းဟာ ကစားသမား‌ ရောင်းချမှုကနေ စပိန်ကလပ် ရရှိတဲ့ အမြတ်ငွေရဲ့ ၂၀ ရာခိုင်နှုန်းခန့်ကို ရရှိစေမယ့် အချက်လည်း ပါဝင်ကြောင်း သတိပြုရမှာ ဖြစ်ပါတယ်။

ဆိုလိုတာကတော့ ပြင်သစ်ကလပ်အသင်းဟာ ဒီသဘောတူညီချက်ကနေ ယူရို ၅ သန်း ရရှိဖို့ ရပ်တည်နေပြီး သူတို့အတွက် သတ်မှတ်ထားတဲ့ ယူရို ၁၄ သန်း ပစ်မှတ်ကို ကျော်တက်သွားခြင်း ဖြစ်ပါတယ်။

လက်ရှိ ဘော်ဒိုးအသင်းရဲ့ အယူခံဝင်မှုကို ကြားသိထားပြီး ဖြစ်ပေမယ့် သူ့ရဲ့ ရလဒ်ကို လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း ‌မရှိသေးပါဘူး။ အသက် ၂၃ နှစ်အရွယ် ကွန်ဒယ်ရဲ့ အပြောင်းအရွှေ့ဟာ ဘာစီလိုနာအသင်း ဒါမှမဟုတ် ချဲလ်ဆီးအသင်းကို ပြတ်ပြတ်သားသား လွှမ်းမိုးမှု ရှိနိုင်ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မကြာခင် ရောက်ရှိလာဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment