Zinchenko ကို အာဆင်နယ်က ကစားကွက် ဘယ်လို ချမလဲ?

Zinchenko at Arsenal
July 23, 2022

အာဆင်နယ်အသင်းက [ ဇင်ချန်ကို ]  Zinchenko နဲ့ အသင်းရဲ့ ကစားကွက်မှာ ဘယ်လိုနေရာချမလဲ?

Zinchenko [ အိုလီစန်းဒါး ဇင်ချန်ကို ] ကို အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းကနေ လေးနှစ်စာချုပ်နဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

ပြောင်းရွှေ့ကြေး ယူရို ၃၇.၅ သန်း (ပေါင် ၃၂ သန်း ) နဲ့ ရောက်ရှိလာခဲ့တဲ့ ဇင်ချန်ကိုဟာ ဒီနွေရာသီ အပြောင်းအရွှေ့ ကာလမှာ အာဆင်နယ်အသင်းရဲ့  ပဉ္စမမြောက် ရောက်ရှိသူ ဖြစ်လာပါတယ်။ အမ်းမရိတ်စ်အသင်းဟာ လာမယ့်ရာသီအတွက် အထင်ကြီးလောက်စရာကောင်းလောက်အောင် အသင်းအင်အား တောင့်တင်းလာခဲ့ပြီ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အမ်းမရိတ်စ်မှာ [ အိုလီစန်းဒါး ဇင်ချန်ကို ] Zinchenko ရဲ့ အခန်းကဏ္ဍ

အမှန်တကယ်တော့ သူဟာ အာဆင်နယ်အသင်းအတွက် ပထမဦးဆုံး ပွဲဦးထွက် ၂ ပွဲမှာတင် ၃ ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ဂါဘရီယယ် ဂျေးဆပ်နောက် ဒုတိယမြောက် ရောက်ရှိလာတဲ့ မန်ချက်စတာစီးတီး ကစားသမားတစ်ဦး ဖြစ်ပါတယ်။

လက်ရှိ အာဆင်နယ်အသင်းမှာ ဂါဘရီယယ် ဂျေဆပ်ရဲ့  ကစားပုံ နေရာကို အလွယ်တကူ သတ်မှတ်ထားနိုင်ပေမယ့် ယူကရိန်း လက်ရွေးစင် ဇင်ချန်ကိုကတော့ ကစားကွက်နေရာ ဘယ်လိုချမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Zinchenko at Man City

ပက်ဂွာဒီယိုလာက ဇင်ချန်ကိုကို မန်စီတီးမှာ ဘယ်နောက်ခံလူနေရာမှာ ကစားစေပါတယ်။

နောက်ခံလူ Zinchenko [ ဇင်ချန်ကို ] အတွက် ကစားကွက် ၃ ခု

အသက် ၂၅ နှစ်အရွယ် ကစားသမားကို မန်ချက်စတာစီးတီးအသင်းမှာ နည်းပြ ပက် ဂွာဒီယိုလာက ဘယ်နောက်ခံလူအဖြစ် အဓိကအသုံးပြုခဲ့ပေမယ့် သူ့ရဲ့လက်ရွေးစင် ယူကရိန်းအသင်းမှာတော့ ဗဟိုကွင်းလယ်မှာ အသုံးပြုခဲ့ပါတယ်။

အာဆင်နယ်အသင်း မန်နေဂျာ မီကယ် အာတီတာက ကစားသမားကို ဘယ်လိုအသုံးချမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် လိုအပ်ရင် လိုအပ်သလို သူကစားနိုင်တဲ့ နေရာ ၂ ခုလုံးကို မျှကစားခိုင်းဖို့ ဖြစ်နိုင်ခြေ ရှိပါတယ်။

Arsenal team with Zinchenko A

ဇင်ချန်ကို ပါဝင်လာတဲ့ အာဆင်နယ်ရဲ့ ဖြစ်နိုင်ခြေကစားကွက်။ (၁)

သေချာတာကတော့ ဘယ်နောက်ခံလူ ကီရန် တီယာနေးဟာ အာဆင်နယ်အသင်းမှာ စွမ်းဆောင်ရည်အားဖြင့် အရမ်းကြီး မနိမ့်ကျပေမယ့် ဒီစကော့တလန်ကြယ်ပွင့်ဟာ ကြံ့ခိုင်ရည် ပြည့်ဝဖို့ အမြဲတမ်း ရုန်းကန်နေရတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ အသင်းအနေနဲ့ အရည်အသွေးမြင့်၊ အရန်ခေါ်ယူ ရွေးချယ်မှုတစ်ခု လိုအပ်ပါတယ်။ ဒီနေရာမှာ ဇင်ချန်ကိုကတော့ လိုအပ်ချက် မူကြမ်းနဲ့ ကိုက်ညီပြီး ပုံမှန် ပထမ ပွဲထွက်လူစာရင်းဖြစ်ဖို့အတွက်တောင် စိန်ခေါ် နိုင်ပါတယ်။

Arsenal team with Zinchenko B

ဇင်ချန်ကို ပါဝင်လာတဲ့ အာဆင်နယ်ရဲ့ ဖြစ်နိုင်ခြေကစားကွက်။ (၂)

ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးကို ရှာဖွေနေပါသေးတယ်။ အလားတူပင် ဇင်ချန်ကိုဟာ ဘာပြဿနာမှ မရှိဘဲ ဒီအနေအထားမှာ အံဝင်ခွင်ကျ ဖြစ်ပြီး သူ့ရဲ့ ဘောလုံး ကိုင်တွယ်ကစားပုံမှာ ထင်ရှားတဲ့ခွန်အားတစ်ခုနဲ့ ရပ်တည်နိုင်ပါတယ်။

ဒါကြောင့်မို့လို့ နည်းပြ အာတီတာဟာ သူ့ရဲ့ ပထမ်ပွဲထွက် အသင်းအတွက် ဇင်ချန်ကိုကို ရွေးချယ်ရာမှာ အဓိက ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ လိုအပ်မယ်ဆို တီယာနေး၊ ဂရန်နစ် ဇာခာ ဒါမှမဟုတ် သောမတ်စ် ပါတေတို့နေရာ တိုက်ရိုက်အစားထိုးတစ်ဦးအဖြစ် ဝင်ရောက်လာနိုင်ပါတယ်။

Arsenal team with Zinchenko C

ဇင်ချန်ကို ပါဝင်လာတဲ့ အာဆင်နယ်ရဲ့ ဖြစ်နိုင်ခြေကစားကွက်။ (၃)

ဒါ့အပြင် အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ပုံမှန် ကစားကွက် ၄-၂-၃-၁ ကနေ ၃-၄-၃ ပုံစံကို ပြောင်းဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့ ဘယ်ဘက်ခြမ်းမှာ ကစားအားသန်တဲ့ ဇင်ချန်ကို အနေနဲ့ ဒီကစားကွက်မှာ ပါဝင်လာနိုင်ပါတယ်။ ဒီကစားကွက်က အာဆင်နယ်အသင်းရဲ့  ရာသီကြိုမှာ အထင်ကြီးလောက်တဲ့ ခြေစွမ်းတွေပိုင်ဆိုင်ထားတဲ့ တီယာနေး ဒါမှမဟုတ် ဝီလီယန် ဆာလီဘာကို ခံစစ် ၃ ယောက် ကစားကွက်ရဲ့ ‌ဘယ်ဘက်ခြမ်းမှာ ပါဝင်ခွင့် ရရှိစေနိုင်ပါတယ်။

[ အိုလီစန်းဒါး ဇင်ချန်ကို ] Zinchenko ရဲ့ အာဆင်နယ်ကို ရောက်ရှိပြီးနောက် အာတီတာအတွက် ရွေးချယ်စရာတွေ အများကြီး ရရှိလာခဲ့ပါတယ်။ သတ်မှတ်ထားတဲ့ ပွဲစဥ်ရက်တွေမှာ ဘယ်သူက အသင်းရဲ့ ကစားကွက်နဲ့ ပိုသင့်တော်တယ်ဆိုတာ ဆုံးဖြတ်ဖို့ ဖြစ်နိုင်ပါတယ်။

ဇင်ချန်ကိုရဲ့ အပြောင်းအရွှေ့က အာဆင်နယ်ကို ‌ငွေကြေး သန်းပေါင်းများစွာ သက်သာစေပါတယ်။

အပေါ်မှာ ပြောခဲ့တဲ့အတိုင်းပဲ တကယ်တမ်းကတော့ ဇင်ချန်ကိုက ဘယ်နောက်ခံနေရာက ကီရန်တီယာနေးအတွက် ရှင်းလင်းတဲ့ အစားထိုး ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ စကော့တလန်သားဟာ အမ်းမရိတ်စ်ကွင်းကို ရောက်ရှိလာပြီးကတည်းက ပုံမှန်အားဖြင့် အထင်ကြီးလောက်စရာကောင်းပေမယ့် ဒဏ်ရာအနာတရ ခဏခဏ ဖြစ်တတ်တာကြောင့် သူ့နေရာအတွက် တခြား ရွေးချယ်မှုတစ်ခု လိုအပ်နေတာ ဖြစ်ပါတယ်။

Zinchenko at Ukraine National Team

ဇင်ချန်ကိုဟာ ယူကရိန်းလက်ရွေးစင်အသင်းအတွက် ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီတုန်းက ပရီးမီးယားလိဂ်ပွဲစဥ် ၁၅ ပွဲ ပါဝင်ကစားခဲ့တဲ့ ဇင်ချန်ကိုဟာ စွမ်းဆောင်ရည်သာမက ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကိုပါ ပေးစွမ်းနိုင်မှာပါ။ တီယာနေးရဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ စိတ်ချရမှု မရှိတဲ့အတွက် သူဟာ လန်ဒန်အသင်းအတွက် လိုအပ်တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

လန်ဒန်အသင်းအနေနဲ့ ဇင်ချန်ကိုကို ခံစစ်ပိုင်းမှာပဲဖြစ်ဖြစ်၊ ကွင်းလယ်ပိုင်းပဲဖြစ်ဖြစ် ပြီးပြည့်စုံတဲ့ အဖြေတစ်ခုအဖြစ် အသုံးပြုနိုင်မှာဖြစ်ပြီး ဒီဘက်စုံအသုံးချနိုင်မှုဟာ အသင်းအတွက် ငွေကြေး သန်းပေါင်းများစွာ ကုန်ကျမှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment