Francisco Conceicao ကို ခေါ်ယူလိုက်တဲ့ အေဂျက်ဇ်။

Francisco Conceicao to Ajax
July 22, 2022

အေဂျက်စ်က အန်တိုနီကို အစားထိုးဖို့ ကွန်စီကာအို [ Francisco Conceicao ] ကို ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

Francisco Conceicao [ ကွန်စီကာအို ] ကို အန်တိုနီနေရာမှာ အစားထိုးဖို့ အေဂျက်ဇ်အသင်းဟာ ပေါ်တိုအသင်းကနေ ခေါ်ယူပြီးဖြစ်ကြောင်း ကြာသပတေ့နေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ် လက်ရွေးစင် ကစားသမားဖြစ်တဲ့ အန်တိုနီကို မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဂ်ရဲ့  နွေရာသီ အပြောင်းအရွှေ့မှာ အဓိက ပစ်မှတ်တွေထဲက တစ်ယောက်အဖြစ် မြင်တွေ့ခဲ့ရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အေဂျက်ဇ်အသင်းရဲ့ Francisco Conceicao [ ကွန်စီကာအို ] ကို ခေါ်ယူခြင်းဟာ ယူနိုက်တက်အသင်းအတွက် ဘာတွေ ပြောင်းလဲသွားမလဲ?

သရဲနီအသင်းဟာ အသက် ၂၂ နှစ်အရွယ် ကစားသမားကို ရက်သတ္တပတ် အတော်ကြာအောင် ချိတ်ဆက်ခဲ့ပါတယ်။ သဘောတူညီမှုတစ်ခုရလာချိန်မှာ နီးစပ်ခဲ့ပေမယ့် မကြာသေးခင် ကာလတွေအတွင်း ထူးထူးခြားခြား ဘာမှဖြစ်မလာခဲ့သေးပါဘူး။

အိုးထရက်ဖို့ဒ်အသင်းဟာ ကစားသမား‌ ခေါ်ယူမှုကို ခဏတာ ရပ်တန့်ဖို့ လိုမယ်လို့ ခံစားရတာကြောင့် သူတို့ရဲ့ နွေရာသီ အပြောင်းအရွှေ့ဟာ နှေးကွေးနေပြီးခေါ်ယူမှု ၃ ခုသာ ရှိခဲ့ပါတယ်။

Francisco Conceicao at Portugal National Team

ပေါ်တူဂီ လက်ရွေးစင် လူငယ်ကစားသမား ကွန်စီကာအို။

လူငယ်တိုက်စစ်မှူး [ ကွန်စီကာအို ] Francisco Conceicao  ကို အေဂျက်ဇ်အသင်းက ဘယ်လိုမျှော်လင့်ထားလဲ?

တိုက်စစ် ကစားသမားဟာ မကြာသေးခင်က ဒေါ့မွန်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ဆပ်ဘတ်စချန်း ဟော်လာနေရာမှာ အစားထိုးဖို့ တစ်စိတ်တစ်ဒေသအဖြစ် မျှော်လင့်ရတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

ပေါ်တူဂီ လူငယ်တိုက်စစ် ကစားသမားဟာ ကစားကွက် ကျယ်ပြန့်တဲ့ အနေအထားမှာ အထိုင်ကျမယ့် ကစားသမားတစ်ဦး ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ သူရောက်လာတာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် အလားအလာကောင်းတဲ့ သတင်ဖြစ်ပေမယ့် ယူနိုက်တက် အနေနဲ့ အမ်စတာဒမ်က အန်တိုနီကို ခေါ်ယူဖို့ ခက်ခဲနေပါသေးတယ်။

ဟော်လန်ချန်ပီယံအသင်းဟာ အဆိုပါ သဘောတူညီမှုနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ အနေအထား တစ်ခုမှာ ရှိနေပါတယ်။ သူတို့ဟာ လက်ရှိမှာ ဒီနွေရာသီ အပြောင်းအရွှေ့ လှုပ်ရှားမှုကနေ ပြောင်းရွှေ့ကြေးတွေ အများကြီး ရရှိထားပါတယ်။

ဟော်လာ၊ ဂရာဗန်ဘက်ချ်နဲ့ လီဆန်ဒရို မာတီနက်ဇ် တို့ရဲ့ အပြောင်းအရွှေ့ကနေ ငွေကြေး အမြောက်အမြား ရရှိထားခဲ့တာပါ။ အသင်းက ငွေကြေးအလုံအလောက် ရရှိနေပြီ ဖြစ်တာကြောင့် အသင်းရဲ့  ကစားသမား ဖွဲ့စည်းပုံကို ပျက်သွားရလောက်တဲ့အထိ ဆန္ဒရှိမှာ မဟုတ်ပါဘူး။

ဒီတစ်ပတ်အစောပိုင်းက နည်းပညာဒါရိုက်တာ ဂယ်ရီ ဟမ်စထရာက အေဒီကို ပြေားကြားရမှာ

“ကျွန်တော်တို့အားလုံး အေဂျက်ဇ်အသင်းမှာ ရည်မှန်းချက်တွေရှိပါတယ်။ ကစားသမား ခြောက်ဦးက ရုတ်တရက် ထွက်ခွာသွားနိုင်မှာတော့ မဟုတ်ပါဘူး။ ဒီနှစ်ကသာ အခြေအနေတွေ ပေါင်းစပ်ပြီး ရင်ဆိုင်ခဲ့ရတာပါ။ “

Francisco Conceicao at Porto

ဂိုးသွင်းအပြီး အောင်ပွဲခံနေတဲ့ ဖရန်စစ္စကို ကွန်စီကာအို။

တစ်‌ဦးချင်း အစားထိုးမှုဟာ အသင်းမှာရှိတဲ့ ကစားသမားတစ်ချို့ကို တစ်နှစ်တာ ပြုစုပျိုးထောင်တာထက်ကို ပိုပြီး ကုန်ကျစရိတ် များပြားလှပါတယ်။ ဒါကြောင့်မို့ ကွန်စီကာအိုကို ခေါ်ယူမှုဟာ အသင်းအောင်မြင်ဖို့ ဆောင်ရွက်မှုရဲ့  နောက်ထပ် ဥပမာတစ်ခုပဲ ဖြစ်ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

ဒီမှတ်ချက်မှာ ဟမ်စထရာရဲ့ အရေးကြီးတဲ့ စကားစုဟာ ” တစ်စုံတစ်ယောက်ရဲ့ နောက်ကွယ်မှာ တစ်နှစ်အောင်မြင်မှု တိုးပွားလာတယ် ” ဆိုတာပါပဲ။ ဘရာဇီးလ် တိုက်စစ်မှူး အန်တိုနီဟာ အခု နွေရာသီမှာ ရောင်းချဖို့ မသေချာပေမယ့် ၂၀၂၃ ခုနှစ်မှာတော့ ရောင်းချဖို့ ဖြစ်နိုင်တယ်ဆိုတာတော့ ရှင်းပါတယ်။

မန်ချက်စတာ ယူနိုက်တက် အနေနဲ့ အန်တိုနီကို ခေါ်ယူနိုင်မှာလား?

အေဂျက်ဇ်အသင်းအနေနဲ့ လက်ရှိမှာ အန်တိုနီကို ထွက်ခွာခွင့် မပေးချင်သေးပေမယ့် အရင်း တခြား ကစားသမားတွေတုန်းကလည်း မဆုံးရှုံးချင်ဘဲ ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။ “ကျွန်တော်တို့က လီဆန်ဒရို မာတီနက်ဇ်ကို တကယ်မဆုံးရှုံးချင်ပေမယ့် ဒီလိုမြင့်မားတဲ့ ပြောင်းရွှေ့ကြေးပမာဏနဲ့ ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို လူတိုင်းနားလည်ပါတယ်။” လို့ ဟမ်စထရာက ဝန်ခံခဲ့ပါတယ်။

နယ်သာလန် ချန်ပီယံအသင်းဟာ လီဆန်ဒရို မာတီနက်ဇ်အတွက် ယူနိုက်တက်အသင်းနဲ့ ပြောင်းရွှေ့ကြေး မြှင့်တင် သဘောတူလိုက်တာလို့ ထိထိရောက်ရောက် ဝန်ခံခဲ့ပါတယ်။ အမ်စတာဒမ်အသင်းဟာ အန်တိုနီအတွက် တခြား သဘောတူညီချက်တစ်ခုကို တံခါးဖွင့်ထားလိုက်ပြီ ဖြစ်ပါတယ်။ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးနဲ့ လုပ်ခ လစာကို ညှိကြည့်ပြီး ပိုမိုကောင်းမွန်တဲ့ ဘက်ကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

Francisco Conceicao at Porto star

ပေါ်တိုလူငယ်ကစားသမား ကွန်စီကာအို။

အဲရစ်တန်ဟတ်ဂ်ရဲ့ ယူနိုက်တက်အသင်း

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ်တန်ဂတ်ဂ်ဟာ သူ့ရဲ့ အသင်းအနေနဲ့ အခု နွေရာသီ အပြောင်းအရွှေ့ ‌ဈေးကွက်မှာ တိုးတက်မှု နှေးကွေးနေတာကြောင့် အိုးထရက်ထရက်ဖို့ဒ် အသင်းမှာ သူ့ရဲ့ စံပြပုံစံ စ, တင်နိုင်ခြင်း မရှိသေးပါဘူး။

တန်ဟတ်ဂ်ရဲ့ ကစားကွက် လူစာရင်းကို အခက်အခဲဖြေစေတာကတော့ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ပြဿနာပါပဲ။ ပေါ်တူဂီ တိုက်စစ်မှူးဟာ ရာသီကြို ခြေစမ်းပွဲအတွက် အသင်းနဲ့ ကောင်းကောင်းမွန်မွန် လေ့ကျင့်ရေး မဆင်းရသေး‌ပါဘူး။ သူဟာ မိသားစု ပြဿနာ ကိစ္စတချို့ကြောင့် ထိုင်းနဲ့ ဩစတြေးလျ ရာသီကြို ခြေစမ်းပွဲ ခရီးစဥ်တွေကို လွဲချော်ခဲ့ပါတယ်။

တကယ်လို့ သူသာ အသင်းကနေ ထွက်ခွာသွားမယ်ဆိုရင် သူ့နေရာ အစားထိုးဖို့ နောက်ထပ် တိုက်စစ်မှူးအသစ်တစ်ယောက်ကို ခေါ်ယူရမှာ ဖြစ်ပါတယ်။ ဒီအတွက် အန်တိုနီကတော့ အဓိက ပစ်မှတ်ပါပဲ။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment