Ronaldo7 ပွဲထွက်လူစာရင်းမှာ ဘာကြောင့်မပါရတာလဲ?

Man United without Ronaldo7
August 8, 2022

အဲရစ် တန်ဟက်ဂ်က တိုက်စစ်မှူး Ronaldo7 [ ရော်နယ်ဒို ]ကို ပွဲထွက်လူစာရင်းမှာ ဘာကြောင့် မထည့်ခဲ့တာလဲ?

Ronaldo7 [ ရော်နယ်ဒို ] ဟာ ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက် ပွဲစဥ်မှာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး အရန်ခုံမှာ ထိုင်နေခဲ့ရပါတယ်။

ဒီပွဲစဥ်မှာ နည်းပြ အဲရစ်တန်ဟက်ဂ်ဟာ တိုက်စစ်မှူး [ ခရစ္စတီယာနို ရော်နယ်ဒို ] Ronaldo ကို ချန်လှပ်ပြီး အသင်းရဲ့ တိုက်စစ်ပိုင်းကို မားကပ်စ် ရပ်ရှ်ဖို့ဒ်၊ ဂျေဒန် ဆန်ချိုတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အရှုံးနဲ့ စ,တင်ခဲ့တဲ့ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ၂၀၂၂/၂၀၂၃ ရာသီ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရိုက်တန်ကို အိမ်ကွင်းမှာ ၁-၂ ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ မှတ်တမ်းဟာ စိတ်မနှစ်မြို့ဖွယ် စ,တင်ခဲ့တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သူဟာ ပွဲမစ,ခင်မှာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့တယ်လို့ ဆိုရပါမယ်။

နယ်သာလန်သား နည်းပြဟာ အိုးထရက်ဖို့ဒ်အသင်းအတွက် သူ့ရဲ့ ပထမဆုံး ပွဲစဥ်တွေမှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေ တွေ့ရှိခဲ့ရပါတယ်။ ထိုင်းနဲ့ ဩစတေးလျမှာ သရဲနီအသင်းဟာ အားလုံးရဲ့ အထင်ကြီး ချီးမွမ်းခဲ့ကြပေမယ့် ပရီးမီးယားလိဂ်မှာတော့ မတူညီတော့ပါဘူး။

Man United without Ronaldo7 lost 1st match

ပွဲအပြီး ဆန်ချိုနဲ့ လုခ်ရှော။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ရာသီကြို ခြေစမ်းပွဲ အများစုကို လွဲချော်ခဲ့ပါတယ်။ တိုက်စစ်မှူးဟာ အိုးထရက်ဖို့ဒ်အသင်းမှာ မိနစ် ၉၀ ပြည့် ကစားဖို့ ကြံ့ခိုင်မှု အားနည်းခြင်းကြောင့် ပွဲထွက်လူစာရင်းမှာ ရော်နယ်ဒို စ,တင် စာရင်းသွင်းရမှာလားဆိုတဲ့ ဆုံးဖြတ်ချက်ကြီးတစ်ခု ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

အဲရစ်ခ် တန်ဟက်ဂ်ဟာ နံပါတ် ( ၇ ) တိုက်စစ်မှူးကို အရန်ခုံမှာ ထားဖို့ ရွေးချယ်ခဲ့ပြီး အန်တိုနီ မာရှယ်ဟာလည်း ဒဏ်ရာရနေတာကြောင့် အဓိက တိုက်စစ်အတွဲကို ရပ်ရှ်ဖို့ဒ်၊ ဆန်ချို၊ အဲရစ်ဆင်တို့နဲ့ စ,တင် ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပွဲကစားချိန် ပထမပိုင်းတစ်ဝက်မှာ ကစားကွက် အဆင်မပြေတာကြောင့် အစီအစဥ်ကို နောက်ပြန်ဆုတ်ခဲ့ပါတယ်။

ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အဲရစ်တန်ဟက်ဂ်က Ronaldo7 [ ရော်နယ်ဒို ]ကို ရှင်းပြခဲ့ပါတယ်။

ပွဲကစားချိန် ပထမပိုင်း အစမှာ သရဲနီတို့ဟာ ဧည့်သည် ဘရိုက်တန်အသင်းကို ၀-၂ ဂိုးနဲ့ အရေးနိမ့်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ တိုက်စစ်ဆင်မှုတွေကြောင့် ကစားကွက် အနည်းငယ် အဆင်ပြေနေခဲ့ပါသေးတယ်။ အဲရစ် တန်ဟက်ဂ်ဟာ  ကွင်းဘေးနားကို ဆင်းလာကာ အဲရစ်ဆင်ကို ကွင်းလယ်နေရာ ကစားစေပြီး တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ တိုက်စစ်ဆင်စေခဲ့ပါတယ်။

ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်က

အေဂျက်စ် နည်းပြဟောင်းက သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပထမပိုင်း အစမှာ ယူနိုက်တက်တို့ ပိုင်နက်အတွင်း ဘောလုံး ရယူဖို့ ရုန်းကန်ခဲ့ရကြောင်း ရှင်းပြခဲ့ပါတယ်။ – ” ဒုတိယပိုင်းမှာတော့ အဲရစ်ဆင်နဲ့ ရော်နယ်ဒိုတို့ တိုက်စစ်ပိုင်းမှာ ကျွန်တော်တို့ အသင်း ပိုကောင်းလာတာ တွေ့ရပါတယ်။ “

Ronaldo7 on bench

အရန်ခုံမှာထိုင်နေတဲ့ ရော်နယ်ဒို။

” ကျွန်တော်တို့တွေ အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်‌အနေနဲ့ ဂိုးရရှိဖို့ အခွင့်အရေးကောင်း ၂ ခု ရရှိခဲ့ပြီး ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့တာတော့ တော်တော်လေး ရှက်စရာကောင်းပါတယ်။ “

” သူသာ ( မာရှယ် ) သာ ရှိခဲ့ရင် ကျွန်တော် သူ့ကို ပွဲထွက်ခွင့်ပေးမှာပါ။ ခရစ္စတီယာနို ရော်နယ်ဒိုဟာ အခု အသင်းလေ့ကျင့်ရေးမှာ ၁၀ ရက်သာ ရှိပါသေးတယ်။ ဒီ ၁၀ ရက်ဆိုတာ မိနစ် ၉၀ ကစားနိုင်ဖို့အတွက် အရမ်းကို နည်းလွန်းတဲ့ အချိန်အတိုင်းအတာတစ်ခုပါ။ ဒါကြောင့်မို့ ကျွန်တော် သူ့ကို ပွဲထွက်လူစာရင်းမှာ မထည့်ခဲ့တာပါ။ ” လို့ ရှင်းပြခဲ့ပါတယ်။

[ ရော်နယ်ဒို ] Ronaldo7 မပါတဲ့ ယူနိုက်တက်အသင်း

ဇူလိုင်လအကုန်ပိုင်းတုန်းက အသင်းရဲ့ နောက်ဆုံး ခြေစမ်းပွဲဖြစ်တဲ့ ရာယို ဗယ်လယ်ကာနိုနဲ့ ရာသီကြိုခြေစမ်းပွဲစဥ်မှာ ၄၅ မိနစ်သာ ကစားပြီးနောက် ရော်နယ်ဒိုရဲ့ ကြံ့ခိုင်မှုမှာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ အဓိက ဂိုးသွင်း အများဆုံး ကစားသမားဟာ ကလပ်အသင်းကနေ ထွက်ခွာလိုပြီး ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားနိုင်မယ့် အသင်းတစ်သင်းဆီ ပြောင်းရွှေ့လိုကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီနောက် တိုက်စစ်မှူးကို ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်တွေကို အကြောင်းပြုပြီး ခတ္တ အနားယူဖို့ အချိန်ပေးခဲ့ပါတယ်။

Man United without Ronaldo7 lost 1st match against Brighton at Home

ဘရိုက်တန်အသင်းဟာ ယူနိက်တက်ကို ၁-၂ ဂိုးနဲ့ အနိင်ရရှိသွားပါတယ်။

တန်ဟက်ဂ်ဟာ နွေရာသီ အစောပိုင်းမှာသာ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့ပြီး ဒါဟာ သူ့ရဲ့ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေထဲက တစ်ခုဖြစ်ကြောင်း သက်သေပြနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ အိုးထရပ်ဖို့ဒ်မှာ သူ့ရဲ့ ပထမဦးဆုံး ရာသီကို လွှမ်းမိုးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment