Paqueta ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အာဆင်နယ်။

Will Paqueta Move to Arsenal
August 9, 2022

အာဆင်နယ်အသင်းဟာ လိုင်ယွန်အသင်းမှ Paqueta [ ပါကယ်တာ ] ရဲ့ စွမ်းဆောင်ရည်ကို ရရှိခဲ့ပါတယ်။

Paqueta [ ပါကယ်တာ ] ရဲ့ လိုင်ယွန်အသင်းအတွက် စွမ်းဆောင်ရည်တွေကို အာဆင်နယ်အသင်းအနေနဲ့ သဘောကျနေပြီး ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အခုနွေရာသီ အပြောင်းအရွှေ့ ကာလမှာ လိုင်ယွန်ကွင်းလယ်လူ Paqueta [ လူးကပ်စ်ပါကယ်တာ ] ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းအနေနဲ့ ပြင်ဆင်နေပါတယ်။ ဘရာဇီးလ်သားဟာ လက်ရှိ အသင်းကနေ ထွက်ခွာမယ်ဆိုပါက ဒီအပြောင်းအရွှေ့ မပိတ်ခင် ခေါ်ယူဖို့ စီစဥ်ထားကြောင်း သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဂန်းနားတို့ မျက်စိကျနေတဲ့ Paqueta [ ပါကယ်တာ ]။

အသက် ၂၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ Paqueta [ ပါကယ်တာ ] ကို အာဆင်နယ်အသင်းအနေနဲ့ မျက်စိကျနေခဲ့တာ တော်တော်လေး ကြာခဲ့ပါပြီ။ လက်ရှိမှာ မာတင် အိုဒီဂတ်နဲ့ အမ်မေးလ် စမစ်သ်ရိုးတို့ နှစ်ဦးစလုံးကို အင်အားဖြည့်ဖို့ ဖာဘီယို ဗီအဲယားကို ခေါ်ယူခဲ့ပြီး ဖြစ်ပေမယ့် ဂန်း‌နားတို့ဟာ ဘရာဇီးလ်လက်ရွေးစင် ကစားသမားကို ထပ်မံ ခေါ်ယူ အားဖြည့်ဖို့ စိတ်အားထက်သန်နေဆဲ ဖြစ်ပါတယ်။

ဇူလိုင်လတုန်းက အားကစား မီဒီယာ Goal က အာဆင်နယ်အသင်းဟာ Paqueta [ ပါကယ်တာ ] ရဲ့ ကိုယ်စားလှယ်တွေနဲ့ စ, တင် ဆက်သွယ်ခဲ့ပြီး ပြောင်းရွှေ့ကြေးက ခေါ်ယူရာမှာ အတားအဆီးတစ်ခု ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆရတဲ့ ပြောင်း‌ရွှေ့ကြေးကို ဖော်ပြခဲ့ပါတယ်။

သတင်းတွေအရ ပြင်သစ်ကလပ် လိုင်ယွန်အသင်းဟာ သူတို့ရဲ့ ကြယ်ပွင့် ကစားသမားကို အခု နွေရာသီမှာ ရောင်း‌ချဖို့အတွက် ယူရို သန်း ၈၀ နဲ့  ခေါ်ယူနိုင်မယ့် အသင်းကို ရှာဖွေနေတယ်လို့ သိရပါတယ်။

လိုင်ယွန်အသင်းရဲ့ Paqueta [ ပါကယ်တာ ] နေရာ အစားထိုး ကစားသမား

ဇန်နဝါရီလတုန်းက ပြင်သစ်ကလပ်အသင်းဟာ ဘရူနို ဂီမာရက်စ်ကို နယူးကာဆယ်ကလပ်အသင်းဆီ ရောင်းချခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းမှ ကော်ရန်တင် တော်လီဆိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ခေါ် ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူကတော့ သူရဲ့ ဆွေမျိုးပေါက်ဖော် Paqueta [ ပါကယ်တာ ] ကို ကလပ်အသင်းမှာ ဆက်လက်ထားရှိဖို့ စိတ်အားထက်သန်လျက် ရှိနေပါတယ်။

လိုင်ယွန်အသင်းဟာ ပါကယ်တာရဲ့ စွမ်းဆောင်ရည်တွေကို ၂၀၂၂ – ၂၀၂၃ ရာသီမှာ ဆက်လက်ထိန်းသိမ်းထားဖို့ မျှော်လင့်နေသေပြီး သူတို့က ကစားသမားကို စိတ်ဝင်စားနေသေးကြောင်း သတိပြုမိကြပါတယ်။

ဒါကြောင့်မို့ သူတို့ဟာ အခု နွေရာသီမှာ ဘရာဇီးလ်သား ထွက်ခွာပါက ပါကယ်တာရဲ့ နေရာမှာ အစားထိုးဖို့ အသက် ၁၈ နှစ်အရွယ် ဖလန်မန်းဂိုး ကြယ်ပွင့် ဗစ်တာ ဟူဂိုက အစားထိုး ကစားသမားတစ်ဦးလို့ အားကစား သတင်းထောက် ဖီးလစ် ဖရိုဆတ် ပါပီနီက ဖော်ပြခဲ့ပါတယ်။

ဟူဂိုဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ဖလန်းမန်းဂိုးအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး ကလပ်အသင်းနဲ့ သူ့ရဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ်အထိ ၅ နှစ် သက်တမ်း ရှိနေမှာ ဖြစ်ပါတယ်။ တကယ်လို့ ပါကယ်တာသာ အသင်းကနေ ထွက်ခွာသွားပါက ဟူဂိုဟာ လိုင်ယွန်အတွက် ပစ်မှတ် ဖြစ်လာမှာ ဖြစ်ပါတယ်။

ကလပ်အသင်းကနေ ပါကယ်တာ ထွက်မှာလား?

ကွင်းလယ်ကစားသမား ပါကယ်တာဟာ ပြင်သစ်လီဂူး ၁ မှာ ဆက်ရှိနေဦးမယ်ဆိုတာကတော့ သတင်းတွေ ထွက်နေသေးမယ့် သူ့‌နေရာ အစားထို့ဖို့ဆိုတဲ့ သူတို့ပြောတဲ့အချက်က လန်ဒန်ကလပ်အသင်းအတွက် အားတက်စရာ သတင်းတစ်ခုပါပဲ။

အရေးပေါ် အစီအစဥ် ဖြစ်နိုင်ပေမယ့် လိုင်ယွန်အသင်းကနေ ထွက်သွားမယ့် အခွင့်အရေး တစ်ခုရှိနေပြီဆိုတာကို သက်သေပြရမှာ ဖြစ်ပါတယ်။

အလားတူပဲ အာဆင်နယ်အသင်းကလည်း ကစားသမားရဲ့ လက်မှတ်အတွက် မျှော်လင့်နေတာကြောင့် လီဂူး ၁ ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးကို ခေါ် ယူနိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားနေတာ ဖြစ်ပါတယ်။

လူးကပ်စ် တော်ရယ်ယာဟာ ဂါလာတာစာရေးကို ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။

အာဆင်နယ်နှင့် ဥရုဂွေးကွင်းလယ်လူ လူးကပ်စ်တောရီရာသည် ဂါလာတာဆာရေးအသင်းနဲ့အတူ တူရကီကို ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း ဂန်းနားတို့က တနင်္လာနေ့မှာ အတည်ပြု ပြောကြားခဲ့ပါတယ်။

အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ တော်ရီရာဟာ ပြီးခဲ့တဲ့ နှစ်ရာသီမှာ အငှားနဲ့ ထွက်ခွာသွားခဲ့ပြီး အမ်းမရိတ်ကွင်းကနေ အပြီးသတ် ထွက်ခွာဖို့ ကာလကြာရှည်စွာ သတင်းပေးခံခဲ့ရတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

သူနောက်ဆုံး ယာယီဘောလုံးရာသီအပြီးမှာ ဖီအိုရင်တီးနားမှာ ဆက်နေဖို့ အဆင်သင့်ဖြစ်ခဲ့ပေမယ့် ယူရို ၆.၅ သန်းနဲ့ သဘောတူညီမှုရပြီးနောက်မှာတော့ စူပါလီဂါကို ပြောင်းရွှေ့သွားတာဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment