Willian ပရီးမီးယားလိဂ်ဆီ တဖန် ပြန်လာမလား?

Willian wil get back to EPL
August 6, 2022

ချဲလ်ဆီးနဲ့ အာဆင်နယ် ကြယ်ပွင့်ဟောင်း Willian [ ဝီလီယံ ] ဟာ ပရီးမီးယားလိဂ်ကို အံ့အားသင့်ဖွယ် ပြန်လာဖို့ စောင့်ကြည့်နေပါတယ်။

Willian [ ဝီလီယံ ] ဟာ အမ်းမရိတ်စ်ကွင်း ကလပ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး အာဆင်နယ်ကနေ ထွက်ခွာပြီးနောက် တစ်နှစ်အတွင်း ပရီးမီးယားလိဂ်ဆီ ပြန်လည် ရောက်ရှိလာနိုင်မှာ ဖြစ်ပါတယ်။

အားကစား မီဒီယာ Goal ရဲ့ ဖော်ပြချက်အရ ဖူလ်ဟမ်အသင်းဟာ မေးခွန်းထုတ်ဖွယ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြိုင်ဘက် လန်ဒန်အသင်းဆီ မပြောင်းရွှေ့ခင် ချဲလ်ဆီးအသင်းမှာ ခုနစ်နှစ်ကြာ ကစားခဲ့တဲ့ ဘရာဇီးလက်ရွေးစင်တောင်ပံကစားသမားဟောင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

မွေးရပ်ဇာတိကို ပြန်သွားတဲ့ ဝီလီယံ

သူဟာ ဂန်းနားအသင်းနဲ့ သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့ပေမယ့် တစ်နှစ်အကြာမှာပဲ ဘရာဇီးလ်ကလပ် ကော်ရီသီယန်စ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

အခု အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ ဝီလီယံဟာ သူ့ရဲ့ မွေးရပ်ဇာတိမှာရှိတဲ့ ကော်ရီသီယန်စ်အသင်းမှာ ပြိုင်ပွဲစုံ ၄၄ ပွဲ ကစားကာ သူငယ်ငယ်က အကယ်ဒမီ ကစားသမားဘဝနဲ့ ဖြတ်သန်းခဲ့တဲ့ ဆော်ပေါ်လိုမြို့ခံအသင်းအတွက် တစ်လုံးတည်းသော ဂိုးကို သွင်းယူထားပါတယ်။

Willian at Corinthians

မွေးရပ်မြေ ကိုရင်သီယန်စ် ကလပ်မှာ ကစားနေတဲ့ ဝီလီယံ။

ဒဏ်ရာ ပြဿနာတွေကြောင့် စိတ်ပူပန်နေရပေမယ့် တောင်ပံကစားသမားဟာ အခုအခါမှာ နိုင်ငံရပ်ခြား ကလပ်တွေမှာ ရွေးချယ်စရာများစွာ ရှိတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် အခုအခါ သူဟာ အင်္ဂလန်ကို ပြန်သွားဖို့ စိတ်ကူးရှိနေပါတယ်။ Goal မီဒီယာက Willian [ ဝီလီယံ ] ဟာ သူ့ရဲ့ လက်ရှိ စာချုပ်မှာ ပါရှိတဲ့ စည်းမျဥ်း အပိုဒ်တွေအရ ဥရောပက အသင်းတစ်သင်းနဲ့ ချိတ်ဆက်ဖို့ လွတ်မြောက်ခွင့် ရရှိစေမှာ ဖြစ်ပါတယ်။

လက်ရှိ ဖူလ်ဟမ်အသင်းဟာ ချန်ပီယံရှစ်မှာ ချန်ပီယံဆုဖလား ရရှိအောင် စွမ်းဆောင်ခဲ့ပြီး ပရီးမီးယားလိဂ်ကို ပြန်လည် ရောက်ရှိလာခဲ့ပြီးနောက် သူတို့ရဲ့ တိုက်စစ်ပိုင်းကို ပိုမို အားကောင်းလာစေဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။

[ ဝီလီယံ ]  Willian ဘာကြောင့် အာဆင်နယ်ကနေ ထွက်သွားတာလဲ?

တောင်ပံတိုက်စစ် ကစားသမား ဝီလီယံဟာ အာဆင်နယ်အသင်းမှာ ရရှိတဲ့ လုပ်ခလစာ ပမဏအရ ဈေးကြီးတဲ့ ကစားသမားတစ်ဦး ဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့ လုပ်ခ လစာကတော့ တစ်ပတ်လုပ်ခ ပေါင် ၂၄၀,၀၀၀ ဖြစ်ပါတယ်။ ဒီလုပ်ခ လစာနဲ့ ကျန်ရှိနေသေးတဲ့ စာချုပ်သက်တမ်းကို ဖျက်သိမ်းပြီး ငယ်ဘဝ ကလပ်အသင်းဆီ ပြောင်းရွှေ့သွားတာကတော့ ချီးကျူးစရာကောင်းပါတယ်။

“ ဒီနေ့ကစပြီး ဝီလီယံနဲ့ ကျွန်တော်တို့ရဲ့ စာချုပ်သက်တမ်းကို ရပ်စဲဖို့ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိထားပြီး ပါပြီ။ “

“သူ့ရဲ့ စာချုပ်သက်တမ်း နောက်ထပ် နှစ်နှစ်ကျန်သေးပေမယ့် မကြာသေးခင်က သူနဲ့သူ့အဖွဲ့နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေလုပ်ပြီးနောက် သူဟာ သူ့ရဲ့ ကစားသမားဘဝကို စတင်ခဲ့တဲ့ ဘရာဇီးလ်မှာရှိတဲ့ ကော်ရီသီယန်စ်ကလပ်အသင်းနဲ့ အခွင့်အလမ်းသစ်တစ်ခုအတွက် ထွက်ခွာတော့မှာပါ။ “

Willian stay 7 years at Chelsea

ဝီလီယံဟာ ချဲလ်ဆီးအသင်းမှာ အောင်မြင်မှု ရရှိခဲ့ပါတယ်။

“အာဆင်နယ်ကလပ်အသင်းမှာရှိတဲ့ တစ်ဦးချင်းစီတိုင်းက Willian နဲ့ သူ့မိသားစုရဲ့ အနာဂတ်အတွက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ “လို့ အာဆင်နယ်အသင်းက ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

လန်ဒန်အသင်းမှာ ကစားရတာ Willian [ ဝီလီယံ ] မပျော်ရွှင်ခဲ့ပါဘူး။

နောက်ပိုင်းမှာ ဝီလီယံက “ကျွန်တော် ဒီမှာနေရတာ မပျော်ဘူး။ ဒါကြောင့် ခြေစွမ်းတွေလည်း သိပ်မကောင်းဘူး။ ဒါနဲ့ ပတ်သက်ပြီး အသေးစိပ်ကို ကျွန်တော် မပြောချင်ဘူး။ မပျော်ရွှင်ခဲ့တာတော့ အမှန်ပါပဲ။ “

“ဒါကြောင့် ကျွန်တော်အဲ့ဒီကိုရောက်တဲ့အခါ ကျွန်တော်ပျော်ရွှင်ခဲ့ပါတယ်။ အစကတည်းက စိတ်အားထက်သန်တယ်။ ကျွန်တော် ကောင်းကောင်းလုပ်ချင်တယ်။ ကလပ်အသစ်၊ အသင်းဖော်အသစ်တွေ၊ ပရောဂျက်အသစ်တွေကို လုပ်ချင်ခဲ့တာပါ။ “

” သုံးလ ကြာပြီးတဲ့နောက်မှာတော့ ကျွန်တော်ဟာ ကျွန်တော့် အေးဂျင့်ကို ကျေးဇူးပြုပြီး ငါသွားချင်နေပါပြီဆိုတဲ့အကြောင်းရယ်၊ ကလပ်နဲ့ ပတ်ပတ်သက်ပြီး မကောင်းပြောမနေချင်တဲ့ အကြောင်းရယ်တွေကို သေချာပြောပြခဲ့တယ်။ “

Willian at Arsenal

အာဆင်နယ်အသင်းဆီ အလွတ်နဲ့ ပြောင်းရွှေ့သွားတဲ့ ဝီလီယံ။

” ဘာလို့လဲဆိုတော့ အာဆင်နယ်က အသင်းကြီးတစ်သင်းပါ။ ဘောလုံးသမိုင်းကြောင်း ကြီးကြီးမားမားရှိခဲ့တဲ့ အသင်းကြီးပါ။ ဒီအသင်းမှာ အရင်တုန်းကလည်း နမည်ကြီး ကစားသမားကြီးတွေ ကစားခဲ့ကြပါတယ်။ “

” ဒါပေမယ့် ကျွန်တော့်အတွက်တော့ အဆင်မပြေပါဘူး။ ဒါက ကျွန်တော့်ရဲ့ ကစားသမားဘဝ အခက်ခဲဆုံး အချိန်ပါပဲ။ ” လို့ ပြောကြားခဲ့ပါတယ်။ ဒါက အာဆင်နယ် မန်နေဂျာ မိုက်ကယ် အာတီတာနဲ့ ကစားသမား ဝီလီယံတို့ လက်တွဲ ဖြုတ်လိုက်ပြီဆိုတဲ့အကြောင်း အရိပ်အမြွက် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

2022 Libertadores da América ‌ဖလား ကွာတားဖိုင်နယ်မှာ ဖလာမင်ဂိုးအသင်းကို ရှုံးနိမ့်ခဲ့ပါက တောင်ပံတိုက်စစ် ကစားသမား ဝီလီယံမကို အင်္ဂလန် ပရီးမီးယားလိဂ်က ဖူလ်ဟမ်အသင်းဆီ သွားခွင့် ပေးပြုလိုက်မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment