Cristiano [ ရော်နယ်ဒို ] အနားယူတော့မှာလား?

Cristiano Ronaldo will not retire till Euro 2024
September 22, 2022

ဂန္တဝင် တိုက်စစ်မှူးကြီး Cristiano [ ခရစ်တီယာနို ရော်နယ်ဒို ] ဘယ်တော့ အနားယူမလဲ?။

Cristiano [ ခရစ်တီယာနို ရော်နယ်ဒို ] ဟာ သူ့ အနေနဲ့ အနည်းဆုံး ၂၀၂၄ ခုနှစ်အထိ ပုံမှန်အတိုင်း ဆက်လက် ကစားသွားမှာ ဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်က အတည်ပြု ပြောကြားခဲ့ပါတယ်။

ခရစ်တီယာနို ရော်နယ်ဒိုဟာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပေါ်တူဂီအသင်းနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ကစားဖို့ စီစဥ်ထားတယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပြီး အဲ့ပြိုင်ပွဲ ဝင်ရောက်ကစားချိန်ကျရင် သူ့ရဲ့ အသက်က ၃၉ နှစ်အရွယ် ရှိနေမှာ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အနားယူဖို့ ကိစ္စနဲ့ ပတ်သက်ပြီး Cristiano [ ခရစ်တီယာနို ရော်နယ်ဒို ] ဘာပြောထားလဲ?။

ရော်နယ်ဒိုက “ ပေါ်တူဂီလက်ရွေးစင်အသင်းမှာ နောက်ထပ် နှစ်အနည်းငယ်ကြာ ဆက်ရှိနေဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ ကျွန်တော်အနေနဲ့ စိတ်လှုပ်ရှားနေသလို ခံစားရတယ်။ ကျွန်တော့်ရဲ့ ရည်မှန်းချက်က မြင့်မားတယ်။ ”

“ ကျွန်တော်က အခု လူငယ်တွေနဲ့ အသင်းမှာရှိနေတယ်။ ​​ကမ္ဘာ့ဖလားမှာတင် မဟုတ်ဘဲ နောက်ထပ် ဥရောပ ချန်ပီယံရှစ် ပြိုင်ပွဲတွေမှာလည်း ပါဝင် ကစားချင်ပါတယ်။ ” လို့ ရော်နယ်ဒိုက အတိအလင်း ပြောဆိုခဲ့ပါတယ်။

Cristiano Ronaldo at training with Portugal national team

ပေါ်တူဂီ လက်ရွေးစင်အသင်းနဲ့အတူ ထရိန်နင်ဆင်းနေတဲ့ ‌ရော်နယ်ဒို။

ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးကြီး ရော်နယ်ဒိုဟာ နိုဝင်ဘာလမှာ စ, တင်ကျင်းပမယ့် ကာတာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ပါဝင် ကစားမှာ ဖြစ်ပါတယ်။

အသက် ၃၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရော်နယ်ဒိုရဲ့ ကစားသမား ဘဝတလျှောက် ( ၁၀ ) ကြိမ်မြောက် နိုင်ငံတကာ ပြိုင်ပွဲကြီးမှာ ပါဝင် ကစားမှာ ဖြစ်ပြီး ပထမဦးဆုံး  အဖြစ် ယူရို ၂၀၀၄  ပြိုင်ပွဲကြီးကို သူ့ရဲ့အိမ်ကွင်း အနေနဲ့ ဆယ်ကျော်သက်အရွယ်မှာ စ,တင် ခဲ့တာ ဖြစ်ပါတယ်။

[ ခရစ္စတီယာနို ] Cristiano ဟာ နိုင်ငံတကာ သွင်းဂိုး အများဆုံး အထူးဆုကို ဆွတ်ခူးခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ ကစားသမား ဘဝတလျှောက် နိုင်ငံ လက်ရွေးစင် အသင်းအတွက် ပွဲပေါင်း ၁၈၉ ပွဲ ကစားထားပြီး သွင်းဂိုးပေါင်း ၁၁၇ ဂိုးအထိ သွင်းယူထားပြီး နိုင်ငံတကာ သွင်းဂိုး အများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။

မကြာသေးခင်က Cristiano [ ခရစ်တီယာနို ရော်နယ်ဒို ] ဟာ သူ့ရဲ့ မွေးရပ် ပေါ်တူဂီမှာ နိုင်ငံတကာ သွင်းဂိုး အများဆုံး ကစားသမားအဖြစ် အထူးဆု အနေနဲ့ Quinas de Oura 2022 ဆုကို ချီးမြှင့် ခံခဲ့ရပါတယ်။

Cristiano Ronaldo was rewarded for being the top international scorer at the Quinas de Oura

ရော်နယ်ဒိုဟာ နိုင်ငံတကာသွင်းဂိုးအများဆုံး ကစားသမားအဖြစ် Quinas de Oura ဆုကို ရရှိခဲ့ပါတယ်။

ဒီဆုနဲ့ ပတ်သက်ပြီး ရော်နယ်ဒိုက “ ဒီလို ကြီးကျယ်ခမ်းနားတဲ့ ဆုကို ရလို့ ဂုဏ်ယူမိပါတယ်။ ကျွန်တော်ဒီ ဆုကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှာ မထင်ခဲ့ဖူးပါဘူး။ လျှောက်ရမယ့် လမ်းက ရှည်လျားပေမယ့် ခရီးက မပြီးဆုံးသေးပါဘူး။ နောက်ထပ် နည်းနည်း ကျန်နေပါသေးတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

ပရိတ်သတ်တွေနဲ့ မီဒီယာ တချို့က ကမ္ဘ့ာ ဖလား ပြီးရင် ရော်နယ်ဒို အနေနဲ့ နိုင်ငံတကာ ဘောလုံး လောက ကနေ အနားယူတော့မှာလားဆိုပြီး မေးခွန်းတွေ ထုတ်ခဲ့ကြပါတယ်။

တိုက်စစ်မှူးဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ရာသီအစမှာ ပွဲထွက် ၁၁ ယောက်စာရင်းမှာ နေရာ ဆုံးရှုံးခဲ့ရပြီး ဒီရာသီ ပရီးမီးယားလိဂ်ကို အရန်ခုံကနေ လူစားဝင် အနေနဲ့ အများစု ပါဝင် ကစားခဲ့ရပါတယ်။

ရော်နယ်ဒိုကို အသင်းဆီ ပြောင်းရွှေ့လာဖို့ လှောင်ပြောင် ကမ်းလှမ်းလိုက်တဲ့ အူဒီးနီးစ်။

အံ့အားသင့်စရာ စီးရီးအေ ကလပ် အူဒီးနီးစ် က ခရစ္စတီယာနို ရော်နယ်ဒို ကို ခေါ်ယူဖို့ ပြောင်ပြောင်လှောင်ပြောင် တောင်းဆိုထားတာ ရှိပါတယ်။ အီတလီ ကလပ်အသင်းဟာ စီးရီးအေရဲ့ စောင့်ကြည့်ရမယ့် အသင်းတွေထဲက တစ်သင်းအဖြစ် ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိလာခဲ့ပါတယ်။

Cristiano Ronaldo scored first goal for 2022-23 For Man United

ယူနိုက်တက်အတွက် ဒီရာသီ ပထမဦးဆုံးဂိုးကို သွင်းယူနေစဥ်။

လက်ရှိမှာတော့ အူဒီးနီးစ်အသင်းဟာ အမှတ်ပေး ဇယားထိပ်မှာ ၁၇ မှတ်နဲ့ ပူးတွဲရပ်တည်နေတဲ့ နာပိုလီနဲ့ အတ္တလန်တာအသင်းတို့နောက်မှာ ၁ မှတ်အကွာနဲ့ တတိယနေရာမှာ ထူးထူးခြားခြား ရပ်တည်နေပါတယ်။

အခုလက်ရှိ ‌ရော်နယ်ဒိုရဲ့ လစာဟာ အီတလီကလပ်အသင်း တစ်ခုလုံးထက် ပိုများနေတာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာ အူဒီးနီးစ်အသင်းဆီ ပြောင်းရွှေ့ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာတော့ သေချာပါတယ်။

ရော်နယ်ဒိုအနေနဲ့တော့ လက်ရှိ ယူနိုက်တက်ကနေ ထွက်ခွာခဲ့မယ်ဆိုရင် အဓိက ဆုဖလားကြီးတွေအတွက် စိန်ခေါ်နိုင်တဲ့ ချန်ပီယံလိဂ် ပါဝင်ခွင့်ရ အသင်းတစ်သင်းဆီသာ ပြောင်းရွှေ့ဖို့ ဆန္ဒ ရှိနေတာ ဖြစ်ပြီး အူဒီးနီးစ်ကတော့ ဒီလိုအသင်းမျိုး မဟုတ်ကြောင်း ထင်ရှားပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment