Jovic ရဲ့ မက်ဒရစ်က ထွက်ခွာပြီး ကစားသမားဘဝ

Jovic at Fiorentina
September 23, 2022

တိုက်စစ်မှူး Luka Jovic [ လူကာဂျိုဗစ် ] ရဲ့ ပိုဆိုးလာတဲ့ ကစားသမားဘဝ။

Jovic [ လူကာဂျိုဗစ် ] ဟာ မကြာသေးခင်က ဖီအိုရင်တီးနားအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝဟာ ရီးယဲလ်မက်ဒရစ် ကနေ ထွက်ခွာပြီးကတည်းက ပိုဆိုးလာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ရီးယဲမက်ဒရစ်အသင်းဟာ လူကာဂျိုဗစ်ကို ယူရို သန်း ၆၀ နဲ့ ခေါ်ယူထားခဲ့ပေမယ့် အခုချိန်မှတော့ တိုက်စစ်မှူးဟာ ဖီအိုရင်တီးနားအသင်းမှာ ကစားနေပြီး အသင်းသစ်အတွက် ပြိုင်ဆိုင်မှုကင်းမဲ့နေပြီလို့ သတင်းတွေအရ သိရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဖီအိုရင်တီးနားအသင်းမှာလည်း ဂျိုဗစ်တစ်ယောက် ခြေစွမ်း ကျဆင်းနေပြန်ပြီ။

လူကာ ဂျိုဗစ်ဟာ အခုနှစ် နွေရာသီတုန်းက စီးရီးအေ ကလပ်အသင်းနဲ့ နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်မှူးရဲ့ လစာ ယူရို ၅ သန်းရဲ့ ထက်ဝက်ကို ပေးချေခဲ့ရပါတယ်။

ဖီအိုရင်တီးနားအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ တုန်းက ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ နဲ့ မပြောင်းရွှေ့ခင် ပြိုင်ပွဲစုံ ၉၈ ပွဲမှာ ၄၄ ဂိုး သွင်းယူပေးခဲ့တဲ့ ဆားဘီးယား ကစားသမား ဒူဆန်ဗလာဟိုဗစ်ရဲ့ ပုံစံတူကို ပြန်လည် ဖန်တီးဖို့ မျှော်လင့်နေပါတယ်။

Jovic at Real Madrid

ရီးယဲလ်မက်ဒရစ်အသင်းမှာ ခြေစွမ်းကျဆင်းခဲ့တဲ့ ဂျိုဗစ်။

ဆားဘီးယား တိုက်စစ်မှူး ဂျိုဗစ်ဟာ ခရီမိုနီဆီအသင်းနဲ့ ပွဲဦးထွက် ပွဲစဥ်မှာ ဂိုးသွင်းခဲ့ပေမယ့် ဂျူဗင်တပ်စ်အသင်းနဲ့ ပွဲမှာ ပင်နယ်တီ လွဲချော်မှု အပါအဝင် သူ့ရဲ့ နောက်ဆက်တွဲ ကိုးပွဲမှာ ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး။

ဖီအိုရင်တီးနားဟာ ဒီရာသီ စီးရီးအေမှာ ခုနစ်ပွဲ ကစားပြီး ခုနစ်ဂိုးသာ သွင်းယူထားကာ အဆင့် ၁၀ နေရာမှာ ရပ်‌တည်နေပြီး အီတလီ သတင်း မီဒီယာတွေက ဂျိုဗစ်ဟာ သူတို့ရဲ့ ဂိုးသွင်း မပြေလည်မှုတွေကို ဖြေရှင်းဖို့ ကလပ်အသင်းကနေ ကြိုးပမ်းနေပေယ့် ဇန်န၀ါရီလ အစောပိုင်းမှာ ပြောင်းရွှေ့နိုင်တယ်လို့ ဆိုထားပါတယ်။

ခြေစွမ်း မပြနိုင်မှုအပေါ် စိတ်ရှည်ပေးဖို့ တောင်းပန်ခဲ့ပြီး မီဒီယာတွေကို ပြောကြားရာမှာ Jovic [ လူကာဂျိုဗစ် ] က

“ကျွန်တော့်ရဲ့ ရာသီက ရုန်းရင်းဆန်ခတ်ဖြစ်မယ်လို့ မျှော်လင့်ရပြီး ပထမပွဲတွေ အပြီးမှာတော့ ဒီလိုမျိုးဖြစ်လာမယ်ဆိုတာ ရှင်းပါတယ်။  ကျွန်တော် မကစားရတာ ကြာပြီ ဆိုတော့ ကျွန်တော့် ရဲ့ ပုံစံ ကို ရှာဖွေ ဖို့ ၊ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် လုပ်ဖို့ အတွက် အချိန် ယူရလိမ့်မယ်။ ”

“ကျန်တဲ့အသင်းသားတွေနဲ့ အမြန်ဆုံး အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားဖို့ ကျွန်တော် ဒီကို ရောက်နေပါပြီ၊ ဒါပေမယ့် ပွဲတစ်ပွဲပြီးတစ်ပွဲ တိုးတက်လာမှာ သေချာပါတယ်။ ”

Jovic at Fiorentina

ဂျိုဗစ်ဟာ ဖီအိုရင်တီးနားအသင်းမှာလည်း ခြေစွမ်းမပြနိုင်သေးပါဘူး။

“ ရီးယဲလ်မက်ဒရစ် ကစားသမားတစ်ယောက်က ဖီအိုရင်တီးနားကို ရောက်လာတဲ့အခါ မျှော်လင့်ချက်တွေက မြင့်မားပါတယ်။ ပရိသတ်တွေက သူ့ကို ခြေစွမ်းကောင်းလာဖို့ မျှော်လင့်ကြတာ သာမန်ပါပဲ။ ”

“ ဒါပေမယ့် ကျွန်တော့် အနေနဲ့ ပွဲမကစားဖြစ်တာ သုံးနှစ်ရှိပြီ ဆိုတော့ ခြေစွမ်းတွေ ပြန်ရဖို့ အချိန်ယူရတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ ” လို ပြောထားပါတယ်။

ယူရို သန်း ၆၀ ပေး ‌ဝယ်ခဲ့ပြီးခါမှ မလိုချင်တော့လောက်အောင် ဖြစ်ခဲ့ရတဲ့ Jovic [ လူကာဂျိုဗစ် ]။

အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ဆားဘီးယား လူငယ်အသင်းတွေမှာ ထူးချွန်ခဲ့ပြီး Red Star Belgrade အသင်းရဲ့ အသက် ၁၆ နှစ်အရွယ်နဲ့ အသက်အငယ်ဆုံး ဂိုးသွင်းသူ ဖြစ်လာခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ဘင်ဖီကာအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။

ဆားဘီးယားသားဟာ ဘင်ဖီကာရဲ့ ပွဲထွက် လူစာရင်းမှာ ပါဝင်ခွင့် မရရှိခဲ့ဘဲ သူ့ရဲ့ ကြီးမားတဲ့ အောင်မြင်မှု ရရှိထားတဲ့ ဂျာမန်ကလပ် ဖရန့်ခ်ဖက်အသင်းဆီ နှစ်နှစ် အငှားချခံခဲ့ရပါတယ်။

သူဟာ ဘွန်ဒက်စ်လီဂါမှာ ၅၄ ပွဲကစား၊ ၂၅ ဂိုး သွင်းယူခဲ့ပြီး ဖော်ကျူနာ ဒေါ့ဆဲဒေါ့ဖ်အသင်းကို ၅ ဂိုး သွင်းယူပြီးနောက် အသက် ၂၀ အရွယ်နဲ့ တစ်ပွဲတည်း ၅ ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

Jovic at Frankfurt

ဒက်ဆဲလ်ဒေါ့အသင်းကို တစ်ပွဲတည်း ၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း Jovic [ လူကာဂျိုဗစ် ] ဟာ ရီးယဲလ် မက်ဒရစ်အသင်းနဲ့ သူ့ရဲ့ ပထမဦးဆုံး ရာသီမှာ ၂၇ ပွဲကစားကာ နှစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဖရန့်ဖက်အသင်းဆီ  အငှားနဲ့ ပြန်လည် ရောက်ရှိလာကာ ၁၈ ပွဲမှာ ၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ – ၂၀၂၂ ရာသီတုန်းက သူဟာ မက်ဒရစ်မှာ နောက်ဆုံး အခွင့်အရေး ရရှိခဲ့ပေမယ် လာလီဂါ ၁၅ ပွဲမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် ရီးယဲလ်မက်ဒရစ်အသင်းဟာ သူတို့ရဲ့ အရှုံးကို ဖြစ်တောက်ကာ ဖီအိုရင်တီးနားအသင်းဆီ အလွတ် ပြောင်းရွှေ့ခွင့် ပြုခဲ့ပါတယ်။

အီတလီကလပ်ဘက်ကလည်း အခုချိန်မှာ ဂျိုဗစ်နဲ့ သူတို့ရဲ့ ဆက်ဆံရေးကို အဆုံးသတ်ဖို့ စဥ်းစားနေပြီ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment