Haaland9 မီဖို့ကြိုးစားနေတဲ့ မက်ဆီရဲ့ သွင်းဂိုး စံချိန်။

Haaland9 set to SMASH Messi’s record of 73 goals in a season
September 26, 2022

တစ်ရာသီအတွင်း မက်ဆီရဲ့ ၇၃ ဂိုး စံချိန်ကို ချိုးဖျက်ဖို့ Haaland9 [ ဟာလန်း ] ကြိုးစားနေ။

Haaland9 [ အယ်လိန်း ဟာလန်း ] ဟာ သူ့ရဲ့ လက်ရှိ ဂိုးသွင်းနှုန်း အတိုင်းသာ ဆက်ပြီး ဂိုးတွေ သွင်းယူနေဦးမယ်ဆိုရင် မန်စီးတီးအတွက် ဒီရာသီမှာ ဂိုး ၉၀ ပြည့်မြောက်ဖို့ လမ်းကြောင်းပေါ် ရောက်နေပါပြီ ဖြစ်ပါတယ်။

နော်ဝေး စူပါစတားဟာ ကလပ်အသင်းသစ် ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းအတွက် ရာသီအစမှာ အနည်းငယ် စမ်းတဝါးဝါး ဖြစ်ခဲ့ပေမယ့် အခုထိ နောက်ဆုံးကန်ခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၁၄ ဂိုးအထိ မယုံနိုင်လောက်အောင် ဂိုးတွေ သွင်းယူထားပြီး ဖြစ်ပါတယ်။

အဲ့သွင်းဂိုးတွေထဲက ၁၁ ဂိုးကို ပရီးမီးယားလိဂ် ပွဲစဥ် ခုနစ်ပွဲသာ ကစားကာ သွင်းယူခဲ့တာ ဖြစ်ပြီး နောက်ထပ် သွင်းဂိုး ၃ ဂိုးကိုတော့ ချန်ပီယံလိဂ် နှစ်ပွဲ ကစားပြီး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဂိုးသွင်းနှုန်းတွေ မြင့်မားနေတဲ့ အယ်လိန်း ဟာလန်း။

အယ်လိန်း ဟာလန်းဟာ ဘိုရုရှား ဒေါ့မွန် အသင်းကနေ ‌ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ နဲ့ မန်ချက်စတာ စီးတီးအသင်းကို ရောက်ရှိလာပြီးကတည်းက မန်စီးတီးအသင်းမှာ စံချိန်တွေ အားလုံးကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

တိုက်စစ်မှူးဟာ မန်စီးတီးအသင်းနဲ့အတူ ဒီရာသီကို အကောင်းဆုံးပုံစံနဲ့ စ,တင်နိုင်ခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်၊ နော်တင်ဟမ်ဖောရက်စ် အသင်းတို့ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်တွေမှာ နှစ်ပွဲဆက် ဟတ်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။

Haaland9 scored hat-trick against Crystal Palace

ဟာလန်းဟာ ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ ပွဲမှာ ဟတ်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။

ဒါဟာ ပရီးမီးယားလိဂ် သမိုင်တလျှောက် လိဂ်မှာ ဟတ်ထရစ် နှစ်ပွဲဆက် အမြန်ဆုံး သွင်းယူနိုင်တဲ့ ကစားသမားဆိုလည်း မမှားပါဘူး။ မန်ချက်စတာ စီးတီးအသင်းဟာ ပြိုင်ပွဲတိုင်းနီးပါး ဆက်လက် ပါဝင် ကစားခွင့် ရရှိခဲ့မယ်ဆိုရင် အများဆုံး ၅၄ ပွဲအထိ ကစားရဦးမှာ ဖြစ်ပါတယ်။

အဲဒီ ပွဲတွေထဲမှာ ပရီးမီးယားလိဂ် ၃၁ ပွဲ၊ ချန်ပီယံလိဂ် ၁၁ ပွဲ၊ လိဂ်ဖလား ၆ ပွဲနဲ့ အက်ဖ်အေဖလား ၆ ပွဲတို့ ပါဝင်ပါတယ်။

ဒီရာသီ အယ်လိန်း Haaland9 [ ဟာလန်း ] ဘယ်နှစ်ဂိုး သွင်းမလဲ။

တကယ်လို့ တိုက်စစ်မှူး ဟာလန်းသာ တစ်ပွဲမှာ ပျမ်းမျှ ၁.၄ သွင်းဂိုးနှုန်းကို ဆက်လက် ထိန်းထားနိုင်မယ် ဆိုရင် လက်ကျန် ၅၄  ပွဲမှာ ၇၆ ဂိုး ( ၇၅.၆ မှ ၇၆ ဂိုး အထိ ) သွင်းယူ နိုင်မှာ ဖြစ်ပါတယ်။

သူသွင်းယူထားပြီး ဖြစ်တဲ့ ၁၄ ဂိုးကို နောက်ထပ် ၇၆ ဂိုးကို ပေါင်းထည့်လိုက်မယ်ဆိုရင် အယ်လိန်း ဟာလန်းဟာ ၂၀၂၂-၂၀၂၃ ရာသီကို ရယ်စရာကောင်းလောက်အောင်  သွင်းဂိုး ၉၀ ဂိုးနဲ့ အပြီးသတ်မှာ ဖြစ်ပါတယ်။

Haaland9 scored against Dortmund in CL

ဒေါ့မွန်နဲ့ ပွဲမှာ အသင်းအတွက် ဂိုးကို လှလှပပ သွင်းယူနေစဥ်။

ဒါကတော့ ၂၀၁၁-၂၀၁၂ ရာသီတုန်းက ပြိုင်ပွဲ အရပ်ရပ်မှာ ၇၃ ဂိုး သွင်းယူထားတဲ့ ဘာစီလိုနာ တိုက်စစ်မှူးဟောင်း လီယွန်နယ် မက်ဆီရဲ့ စံချိန်ကို ချိုးဖျက်နိုင်စေမှာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ် အရွယ်ရှိ ဟာလန်းဟာ ပြည်တွင်း ဖလားပွဲ တချို့မှာ အနားယူရမှာ ဖြစ်ပြီး ဒဏ်ရာ၊ ဆိုင်းငံ့ခံ ရမှုတွေနဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ ပြိုင်ပွဲတိုင်းကို ဖြတ်ကျော်ဖို့ ခက်ခဲမှုတို့ကို ဖော်ပြထားခြင်း မရှိသေးတာကြောင့် သူ့ အနေနဲ့ အဆိုပါ ပွဲတွေ အားလုံးမှာ ပါဝင် ကစားဖို့ ဆိုတာတော့ မဖြစ်နိုင်ပါဘူး။

ဒါပေမယ့်လည်း ဒီသွင်းဂိုး‌၊ ကိန်းဂဏန်းတွေကတော့ ဒီရာသီမှာ Haaland9 [ အယ်လိန်း ဟာလန်း ] ရဲ့ အံ့အားသင့်ဖွယ် ဂိုးသွင်းနှုန်းတွေကို ပြသဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ မန်ချက်စတာ ဒါဘီမှာရော Haaland9 [ ဟာလန်း ] တစ်ယောက် ဂိုးတွေသွင်းဦးမလား။

သူ့ရဲ့ သွင်းဂိုးတွေ အရေအတွက် ဘယ်လောက်ထိ ထပ်တိုး နိုင်ဦးမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ဒါပေမယ့်လည်း သူစ,တင်ခဲ့တဲ့ ပုံစံက ၂၀၁၇-၂၀၁၈ ရာသီ လီဗာပူးလ်အသင်းအတွက် မိုဟာမက် ဆာလာ သွင်းယူခဲ့တဲ့ တစ်ရာသီတွင်း ပရီးမီးယားလိဂ် သွင်းဂိုးစံချိန် ၃၂ ဂိုးကို ချိုးဖျက်ဖို့ အနီးစပ်ဆုံး လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလည်း ဖြစ်ပါတယ်။

Haaland9 is EPL top scorer

ဒီရာသီမှာ ဟာလန်းဟာ ပရီးမီးယားလိဂ် ဂိုးသွင်းရှင်ပါ။

နော်ဝေးသား ဟာလန်းဟာ လာမယ့် အောက်တိုဘာလ ၂ ရက်နေ့ မန်ချက်စတာ ဒါဘီ ပွဲစဥ် အဖြစ် ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဥ်မှာ ပါဝင် ကစားမှာ ဖြစ်ပြီး သူ့ရဲ့ သွင်းဂိုးတွေကို နောက်ထပ် စာရင်းသွင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment