Timber [ ဂျူရီယန်တင်းဘား ] ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်

Timber right to stay at Ajax
September 27, 2022

နောက်ခံလူ Timber [ ဂျူရီယန် တင်းဘား ] ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်။

Timber [ ဂျူရီယန် တင်းဘား ] ဟာ သူ့ အနေနဲ့ အေဂျက်ဇ်အသင်းကနေ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ ငြင်းပယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ကြောင်း သက်သေပြနေပါတယ်။

ဂျူရီယန် တင်းဘားဟာ နယ်သာလန် ခံစစ်ဗဟိုမှာ ဗာဂျေ ဗန်ဒိုက်၊ နယ်သန် အကီတို့နဲ့အတူ နောက်တန်း ၃ ယောက်စာရင်းမှာ ကောင်းမွန်တဲ့ အသင်းဖော် ပါတနာတွေအဖြစ် နိုင်ငံတကာ ပွဲစဥ်တွေမှာ ပါဝင်ခွင့် ရရှိခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

နောက်ခံလူတင်းဘားဟာ နေးရှင်းစ်လိဂ်ပွဲစဥ်တွေမှာ ခြေစွမ်းပြနေပါတယ်။

ပိုလန်အသင်း၊ ဘယ်လ်ဂျီယံအသင်းတို့နဲ့ ကစားခဲ့တဲ့ ယူအီးအက်ဖ်အေ နေးရှင်းစ်လိဂ်ပွဲ နှစ်ပွဲစလုံးမှာ သူ့ရဲ့ စွမ်းဆောင်ရည်တွေကို အားလုံးက ချီးကျူးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ကစားခဲ့တဲ့ ပွဲစဥ်မှာလည်း Man of the Match [ ပွဲစဥ်ရဲ့ အကောင်းဆုံး ကစားသမား ] လို့တောင် သတ်မှတ်ခံခဲ့ရပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ မစ,တင်မီ နယ်သာလန်အသင်းရဲ့ ချစ်ကြည်ရေး ပွဲစဥ် တစ်ပွဲတည်းနဲ့တင် နည်းပြ လူးဝစ် ဗန်ဂါးလ်ဟာ သူ့ရဲ့ စံပြ နောက်တန်း သုံးဦးကို တွေ့ရှိထားပုံ ရပါတယ်။

Timber against Belgium

ဘယ်လ်ဂျီယံအသင်းနဲ့ တွေ့ဆုံခဲ့စဥ်က ဂျူရီယန်တင်းဘား။

ဂျူရီယန်တင်းဘားက မန်ချက်စတာ ယူနိုက်တက်အသင်းကို ငြင်းပယ်ပြီး အေဂျက်ဇ်အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ချက်ချခဲ့တာရယ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရရေးရယ်နဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေ အများအပြား ရှိခဲ့ပေမယ့် အဲ့ဒီခေါ်ဆိုမှုက အခုအချိန်မှာ သင့်လျော်မှုတစ်ခုအဖြစ် သက်သေပြနေပါတယ်။

အေဂျက်ဇ်အသင်းမှာ ဆက်ရှိနေတာ Timber [ ဂျူရီယန် တင်းဘား ] အတွက် မှန်ကန်ပါတယ်။

နွေရာသီ အစောပိုင်းတုန်းက တင်းဘားဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့ပြီး အဲရစ်တန်ဟက်ဂ်ဟာ သရဲနီအသင်းရဲ့ ခံစစ်ပိုင်းကို ပြန်လည်တည်ဆောက်ဖို့အတွက် အေဂျက်ဇ်နောက်ခံလူကို အိုးထရပ်ဖို့ဒ်ဆီ ခေါ်ဆောင်ဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။

နည်းပြ လူးဝစ်ဗန်ဟားလ်က အကြံပေးခဲ့တဲ့အတိုင်း သူဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ချက်ချင်း အကျိုးသက်ရောက်မှု မရှိပါက နယ်သာလန် လက်ရွေးစင်အသင်းမှာ နေရာရရှိဖို့ မသေချာနိုင်တာကြောင့် အေဂျက်ဇ်အသင်းမှာပဲ ဆက်လက်ရှိနေခဲ့ပါတယ်။

Timber at Ajax

အေဂျက်မှာရော နိုင်ငံအသင်းမျာပါ ခြေစွမ်းပြနေတဲ့ နောက်ခံလူတင်းဘား။

အဆိုပါ ဆုံးဖြတ်ချက်ဟာ အားနည်းတဲ့ စိတ်ဓာတ်ကို ပြသနေတယ်လို့ ယုံကြည်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှ သစ္စာရှိသူအချို့က မေးခွန်းထုတ်ခဲ့ပေမယ့် သူ့ရဲ့ လုပ်ရပ်တွေဟာ ကမ္ဘာ့ဖလားမတိုင်ခင် စ,တင် နေရာရနေတာကြောင့် အခုအချိန်မှာ တရားမျှတမှု ရှိနေပြီ ဖြစ်ပါတယ်။

ကောင်းမွန်တဲ့ အနာဂတ်တွေ ရှိနေပြီဖြစ်တဲ့ Timber [ ဂျူရီယန် တင်းဘား ]။

နယ်သာလန်အသင်းနည်းပြ ဗန်ဂါးလ်ဟာ သူ့ရဲ့ အသင်းခံစစ်ကို အရင်က စမ်းသပ်ခဲ့ပြီး တင်းဘား၊ အကီ၊ ဒီလစ်၊ စတီဖန် ဒီဗရီ၊ ဒါလေဘလင်းနဲ့ ဘရူနို မာတင်စ် အင်ဒီတို့ဟာ နောက်တန်းမှာ ဗန်ဒိုက်နဲ့အတူ လိုက်ပါသင့်တယ်လို့ ရွေးချယ်စရာ ဖြစ်ခဲ့ပါတယ်။

အခုအခါ နယ်သာလန်အသင်းဟာ ဆီနီဂေါနဲ့ပွဲ မစ,တင်ခင် နှစ်လ မတိုင်မီ အသင်းရဲ့ နောက်တန်း ၃ ယောက် အနေနဲ့ အခြေချဖို့ ရှိနေပြီး တင်းဘားအတွက်ကတော့ လအနည်းငယ်သာ ရှိနေပါသေးတယ်။

အသက် ၂၁ နှစ်အရွယ် တင်းဘားဟာ နယ်သာလန် လက်ရွေးစင်အသင်းမှာ နေရာတစ်နေရာ ရနေပြီး အေဂျက်ဇ်အသင်းမှာလည်း ပုံမှန်ကစားခွင့် ရနေတဲ့အပြင် အရေးကြီးဆုံးကတော့ ချန်ပီယံလိဂ် ကလပ်တစ်ခုမှာ တောက်ပတဲ့ အနာဂတ်ရှိနေပြီ ဖြစ်ပါတယ်။

Timber against Poland

ပိုလန်နဲ့ တွေ့ဆုံခဲ့စဥ်က တင်းဘား။

နည်းပြဗန်ဂါးလ်ဟာ ဇွန်လတုန်းက ဒီအပြောင်းအရွှေ့ကို အပြီးမသတ်လိုက်ဘဲ ပိုပြီး သင့်တော်တဲ့ ရွေးချယ်မှုကိုသာ အားပေးခဲ့ပြီး ကစားသမားရဲ့ အရည်အချင်းတွေနဲ့ အကဲဖြတ်မယ်ဆိုရင် သူ့ကို စိတ်ဝင်စားမှု ရှိနေမှာ ဖြစ်ပါတယ်။

တင်းဘားရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ချီးကျူးသံများ

ဗန်ဒိုက်က “ကျွန်တော် သူ့အသက်အရွယ်တုန်းက သူ့လောက်မကောင်းခဲ့ပါဘူး။ အခုသူ့အသက်က ၂၁ နှစ်ပဲ ရှိပါသေးတယ်။ ကျွန်တော်ကတော့ ချီးပဲကျူးနိုင်ပါတယ်။ သူ့ရဲ့ အလားအလာက အရမ်းမြင့်မားနေတာ သေချာပါတယ်။ ” လို့ ပြောထားပါတယ်။

ပီရဲ ဗန် ဟိုအီဒွန့်တို့လို တခြား‌သူတွေကလည်း “ဂျူရီယန် တင်းဘားက တကယ်ကောင်းပါတယ်။ အီဒင် ဟာဇက်ဆို ပွဲတစ်ပွဲလုံးနီးပါး မမြင်လိုက်ရဘူး။ ပိုလန်နဲ့ ကစားခဲ့တဲ့ ပွဲတုန်းကဆိုလည်း လီဝန်ဒေါစကီးကို သေချာတောင် မမြင်လိုက်ရသလိုပဲ။ ” လို့ ပြောထားပါတယ်။

တင်းဘားရဲ့ ပါတနာဟောင်း လီဆန်ဒရို မာတီနက်ဇက်က သူ့အစား မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့ခြင်းဟာ ထိုက်တန်ပါတယ်။ သူက တင်းဘားရဲ့ တိုးတက်ပြောင်းလဲမှုမှာ အရေးပါခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment