Ferran Torres ရဲ့ အာဆင်နယ် အပြောင်းအရွှေ့။

Ferran Torres to Arsenal
September 28, 2022

ဇန်န၀ါရီလမှာ  Ferran Torres [ ဖာရန်တောရက်စ် ] အာဆင်နယ်ကို ရောက်လာနိုင်သလား။

Ferran Torres [ ဖာရန်တောရက်စ် ] ဟာ ဇန်န၀ါရီလ အပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ဒါဆို သူပြောင်းရွှေ့ဖို့ အလားအလာ ဘယ်လောက်ထိ ရှိနေမလဲ။

ဒီဆောင်းရာသီ အပြောင်းအရွှေ့ အတွက် အချက်တစ်ချက်ထက် ပိုပြီး စဥ်းစားစရာရှိပါတယ်။ တစ်ခုအနေနဲ့ ဖာရန် တောရက်စ်ဟာ ဘာစီလိုနာအသင်းမှာ သူ့ရဲ့ ပထမ ပွဲထွက်အသင်း နေရာအတွက် ပြိုင်ဆိုင်မှုတချို့ကို ငြိမ်သက်နေခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အင်္ဂလန်မှာ နှစ်နှစ်တာ ကစားခဲ့ဖူးတဲ့ Ferran Torres [ ဖာရန်တောရက်စ် ]။

မန်ချက်စတာ စီးတီး ကစားသမားဟောင်းဟာ ရှေ့တန်းမှာ ဗဟို တိုက်စစ်မှူး တစ်ဦးအဖြစ် အရင် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အခုနှစ် နွေရာသီမှာ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ အော်စမန် ဒမ်ဘီလီနဲ့ လိဒ်ယူနိုက်တက်အသင်းကနေ ယူရိုသန်း ၅၀ နဲ့ ပြောင်းရွှေ့လာတဲ့ ရာဖင်ညာတို့ ပုံစံမျိုး ကျယ်ကျယ်ပြန့်ပြန့် ကစားလိုနေပါတယ်။

အန်ဆု ဖာတီနဲ့ မမ်းဖစ်စ် ဒီပိုင်း တို့ကို တွဲသုံးပြီး ထိပ်တန်း တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးက ဗဟို တိုက်စစ်မှူး နေရာမှာ ပုံမှန် ကစားခွင့် ရရှိနေတာကြောင့် တောရက်စ်အတွက် ဘာစီလိုနာ တိုက်စစ်ပိုင်း နေရာက ပြည့်နေတာကို တွေ့ရပါတယ်။ 

ဒါ့ကြောင့်လည်း ဖာရန်ဟာ ဘာစီလိုနာရဲ့ ပြိုင်ပွဲအားလုံးမှာ ဖြစ်နိုင်ခြေ ကိုးပွဲထဲက နှစ်ပွဲသာ ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။

Ferran Torres at Man City

ဖာရန်တောရက်စ်ဟာ မန်စီးတီးမှာ နှစ်နှစ်တာ ကစားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ နောက်ဆုံး တတိယအဆင့်မှာ အားကောင်းလာစေဖို့ ကြိုးပမ်းနေကြောင်း သိရှိရပြီး ကျယ်ပြန့်တဲ့ တိုက်စစ်ပိုင်း ‌ဧရိယာတွေမှာ ဘူကာယို ဆာကာနဲ့ ဂါဘရီယယ် မာတီနယ်လီတို့ထက် သူတို့ရဲ့ ရွေးချယ်မှုတွေ ရှိလာပါတယ်။

အထူးသဖြင့် ပြင်သစ်ကလပ် နိုက်စ်အသင်းဆီ အငှားကနေ ပြန်ရောက်လာတဲ့ နီကိုလပ်စ် ပီပီနဲ့အတူ လန်ဒန်အသင်း အနေနဲ့ အားကောင်းလာခဲ့ပြီ ဖြစ်ပါတယ်။

[ ဖာရန်တောရက်စ် ] Ferran Torres ရဲ့ အပြောင်းအရွှေ့ အတွက် မလှုပ်ရှားသေးပါဘူး။

ဖာရန်ဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ ၂ နှစ်ကြာကစားရာမှာ အင်္ဂလိပ်စကား ပြောပြီး ၂၀၂၁ ဒီဇင်ဘာမှာ ပေးချေခဲ့တဲ့ ပြောင်းရွှေ့ကြေး ယူရို ၆၅ သန်းကို ဘာစီလိုနာက တောင်းဆိုဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် တစ်နှစ်အကြာမှာ အပြောင်းအရွှေ့ ဖြစ်ဖို့ဆိုတာကလည်း ရာခိုင်နှုန်းနည်းပါတယ်။

အပြောင်းအရွှေ့ဆိုင်ရာ အထူးကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမန်နိုက သူ့ရဲ့ ဆိုရှယ် မီဒီယာမှာ  “ဘာစီလိုနာနဲ့ ဖာရန်တောရက်စ်အတွက် တခြားကလပ်အသင်းတွေကြား ညှိနှိုင်းမှုကို ကျွန်တော် သတိမပြုမိပါဘူး။ “

Ferran Torres at Barcelona

ဂိုးသွင်းပြီး အောင်ပွဲခံနေတဲ့ ဖာရန်တောရက်စ်။

” နည်းပြ ဇာဗီက သူ့ကို ယုံကြည်တဲ့ အတွက်ကြောင့် အနည်းဆုံးတော့ ဇန်နဝါရီလအတွက် အစီအစဥ်တွေ အပြောင်းအလဲတော့ မတွေ့မိပါဘူး။ သူက ကြိုးကြိုးစားစားနဲ့ ဘာစီလိုနာမှာ ပြိုင်ဆိုင်မှုတွေ အများကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဖို့ အချိန်နည်းနည်း လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ” လို့ ရေးသား ဖော်ပြထားပါတယ်။

အာဆင်နယ်အသင်းဆီ Ferran Torres [ ဖာရန်တောရက်စ် ] ‌ပြောင်းရွှေ့ဖို့ မသေချာသေးပေမယ့် လန်ဒန်အသင်းနဲ့ ဘာစီလိုနာအသင်းကြား ဆက်ဆံရေးက ၂၀၀၃ ခုနှစ်မှာ ဂန်းနားတွေက  လာမာစီယာကနေ ဖာဘရီဂတ်စ်ကို ခေါ်ယူခဲ့ပြီးကတည်းက ချောမွေ့လာခဲ့တာ ဖြစ်ပါတယ်။

နောက်ခံလူ ဟက်တာ ဘယ်လာရင်ဟာ အခု နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းဆီ ပြန်လည်ရောက်ရှိဖို့ အာဆင်နယ်အသင်းမှ သဘောတူညီခဲ့ပြီးနောက် ကစားသမားနဲ့ စာချုပ် ဖျက်သိမ်းပေးလိုက်ခြင်းကို ကြည့်ခြင်းအားဖြင့် နှစ်သင်းကြား ဆက်ဆံရေး ကောင်းမွန်မှုကို တွေ့နိုင်ပါတယ်။

အရောင်းစာရင်းထဲ ရောက်လာတဲ့ ဘာစီလိုနာတောင်ပံ ကစားသမား ဒမ်ဘီလီ။

ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ဘာစီလိုနာရဲ့ တိုက်စစ် ကစားသမားတစ်ဦးဖြစ်တဲ့ ပြင်သစ်သား အော်စမန် ဒမ်ဘီလီကို ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ ကလပ်အသင်းတွေထဲမှာ ပါဝင်ခဲ့ပေမယ့် အကောင်အထည် မဖော်နိုင်ခဲ့ကြပါဘူး။

Ferran Torres at Spain National Team

စပိန်လက်ရွေးစင်ကစားသမား ‌ဖာရန်တောရက်စ်။

အသက် ၂၅ နှစ်အရွယ်ရှိ ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုခဲ့ပြီး ဒီရာသီမှာ အသင်းအတွက် ခြောက်ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် အသင်းနဲ့ စာချုပ်သစ်အရ ဘာစီလိုနာအသင်းရဲ့ အနာဂတ် ပြဿနာကို သိမ်းဆည်းထားတယ်လို့ သိရပါတယ်။ Blaugrana [ ဘာစီလိုနာအသင်း ] ဟာ ဇန်နဝါရီလမှာ အော်စမန် ဒမ်ဘီလီနဲ့ ပတ်သက်ပြီး ငွေကြေးတချို့ ရရှိဖို့ မျှော်လင့်နေပါတယ်။

အထူးသဖြင့် မာကို အဆန်စီယိုကို ရီးယဲလ် မက်ဒရစ်အသင်းဆီကနေ ခေါ်ယူနိုင်ခဲ့ရင်ပေါ့။ ဒါကြောင့်မို့ ပြင်သစ်သား တောင်ပံ ကစားသမားကတော့ တကယ်လို့ အသင်းက လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် အမြတ်ထွက်နိုင်မယ့် ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment