De Gea အပါအဝင် ယူနိုက်တက်ရဲ့ ဂိုးသမားရွေးချယ်မှု။

Five Options of No1 GK including De Gea
September 29, 2022

လာမယ့် ရာသီအတွက် De Gea အပါအဝင် ယူနိုက်တက်အသင်း နံပါတ် ၁ ဂိုးသမား ရွေးချယ်မှု ( ၅ ) ခု။

De Gea [ ဒေးဗစ် ဒဟဲယား ] ဟာ ယူနိုက်တက်အသင်းမှာ နှစ်အတော်ကြာ သူလုပ်ဆောင်ခဲ့တဲ့ စွမ်းဆောင်ရည်တွေအတွက် ကြီးမားတဲ့ ဂုဏ်ပြုမှုတွေနဲ့ ထိုက်တန်နေပါပြီ။ စပိန်သားဟာ ၂၀၁၁ ခုနှစ်မှာ အက်သလက်တီကို မက်ဒရစ်ကနေ ယူရို ၂၁ သန်းနဲ့ ရောက်ရှိလာပြီးကတည်းက အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး PFA အသင်းမှာ ၅ ကြိမ်တိုင်တိုင် ရွေးချယ်ခံခဲ့ရပါတယ်။

ဒါပေမယ့် ဒေးဗစ် ဒဟဲယားရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အနာဂတ်ဟာ သိပ်ပြီး မသေချာတော့ပါဘူး။ လာမယ့် ရာသီမှာ သရဲနီတွေရဲ့ နံပါတ် ၁ ဂိုးသမား ဘယ်သူတွေ ဖြစ်မလဲ။ ဖြစ်နိုင်ခြေရှိတဲ့ သူတွေကို ဖော်ပြပေးလိုက်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

[ ဒဟဲယား ] De Gea အပါအဝင် ယူနိုက်တက်ရဲ့ နံပါတ် ၁ ဂိုးသမား ရွေးချယ်မှု (၅) ခု။

အဲရစ်ဆယ်ဟက်ဂ်လက်ထက် အိုးလ်ထရက်ဖို့ဒ်မှာ နောက်ရာသီဆိုရင် ဂိုးသမားနေရာလည်း ပြိုင်ဆိုင်မှုတွေ ရှိလာနိုင်ပါတယ်။ ဆိုတော့ နောက်ရာသီ နံပါတ် ၁ ဂိုးသမား ဘယ်သူတွေ ဖြစ်မလဲ။ အဲရစ်ဆယ်ဟက်ဂ်လက်ထက် အိုးလ်ထရက်ဖို့ဒ်မှာ ‌ဒဟဲယားအပါအဝင် နံပါတ် ၁ ဂိုးသမား ရွေးချယ်မှု (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။

၅။ ယန်း ဆွမ်မာ [ Yann Sommer ]

ယူနိုက်တက်အသင်းဟာ မကြာသေးခင်က သူတို့ရဲ့ ကင်းထောက်တွေကို ဖရန့်ခ်ဖက်ရဲ့ ဂိုးသမား ကယ်ဗင်ထရက်ပ်ရဲ့ အခြေအနေ စောင့်ကြည့်ဖို့ ဂျာမနီဆီ စေလွှတ်ခဲ့ပေမယ့် ကလပ်အသင်းဘက်က လူသိရှင်ကြား ငြင်းခဲ့ပြီး ဖြစ်ပါတယ်။

သို့ပေမယ့် ဆွမ်မာကတော့ မန်နူယယ်နော်ယာလို့ မခေါ်တဲ့ ဘွန်ဒက်စ်လီဂါရဲ့ အကောင်းဆုံး ကစားဂိုးသမားဖြစ်ပြီး အရင်နှစ်က ဂိုးပေါက်ကန်သွင်းမှု ၇၃ ရာခိုင်နှုန်းကို ကာကွယ်နိုင်ခဲ့ပါတယ်။ သူဟာ လာမယ့် နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

De Gea against Dean Henderson

နော်တင်ဖောရက်စ်ဂိုးသမား ဒင်းဟန်ဒါဆန်။

၄။ ဒင်း ဟန်ဒါဆန် [ Dean Henderson ]

ယူနိုက်တက်အသင်းမှာ မှတ်တမ်းကောင်းတွေရှိခဲ့ပေမယ့် နောက်ပိုင်း အသင်းမှာ နေရာမရတော့တာကြောင့် နော်တင်ဟမ်ဖောရက်စ်အသင်းကို အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ရတဲ့ ဂိုးသမားကတော့ ဒင်းဟန်ဒါဆန် ဖြစ်ပါတယ်။ သူဟာဩဂုတ်လတုန်းက ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ ပွဲမှာ ပင်နယ်တီးကာကွယ်မှု အပါအဝင် ဂိုးပေါက် ကာကွယ်မှု ၂၉ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

အိုလီဂန်နာဆိုးရှားလက်ထက်တုန်းက သူဟာ ယူနိုက်တက် နံပါတ် ၁ ဂိုးသမားဖြစ်ခဲ့ပေမယ့် ရန့်ဂနစ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် နေရာမရခဲ့ပါဘူး။ တန်ဟက်ကတော့ အသက် ၂၅ နှစ်အရွယ် ဂိုးသမား ပြန်လည် ရောက်ရှိလာခြင်းအတွက် မတူညီတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်မှာ ဖြစ်ပါတယ်။

၃။ [ ဒေးဗစ်ဒဟဲယား ] De Gea

သေချာတာကတော့ ဒဟဲယားရဲ့ ယူနိုက်တက် ကစားသမားဘဝက မပြီးသေးပါဘူး။ ခြေထောက်သုံး ကာကွယ်မှုတွေ ပြုလုပ်တတ်တဲ့ ဒဟဲယားဟာ ပရမီအရှိဆုံး ဂိုးသမားလို့ မဆိုနိုင်ပေမယ့် ခြောက်ပွဲကစားကာ ကာကွယ်မှု ၁၈ ကြိမ်အထိ ပြုလုပ်ထားပြီး ဗဟိုနောက်ခံလူ လီဆန်ဒရို မာတီနက်ဇက်နဲ့လည်း တော်တော်လေး နားလည်မှု ရှိထားပြီး ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဥ် ၂ အဖြစ် ဘရန့်ဖို့ဒ်အသင်းကို ရှုံးနိမ့်ခဲ့တုန်းက Sky sports နဲ့ အင်တာဗျူးမှာ ပွဲစဥ်ရှုုံးနိမ့်မှုအတွက် သူ့မှာ အပြည့်အဝ တာဝန်ရှိကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ ဒါပေမယ့် လေးပွဲဆက် အနိုင်ရရှိပြီးချိန်မှာတော့ ဒဟဲယား‌ အနေနဲ့ သူ့နေရာကို ဆက်ထိန်းထားဖို့ ဖြစ်နိုင်သေးတယ်လို့ ဆိုရပါမယ်။

De Gea against Pickford

အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်။

၂။ ဂျော်ဒန် ပစ်ဖို့ဒ် [ Jordan Pickford ]

အနီးကပ်ဆုံး ရွေးချယ်မှုတစ်ခုအဖြစ် အင်္ဂလန်နိုင်ငံသား ဂျော်ဒန် ပစ်ဖို့ဒ်ကတော့ အဲဗာတန်အသင်းမှာ နိုင်ငံအသင်းမှာပါ မှတ်တမ်းကောင်းတွေ ရှိနေတဲ့ ဂိုးသမားတစ်ဦး ဖြစ်ပါတယ်။

အန်ဒရေ အိုနားနားဟာ အေဂျက်ဇ်အသင်းမှာတုန်းက တန်ဟက်ရဲ့ နံပါတ် ၁ ဂိုးသမားတစ်ဦး ဖြစ်ခဲ့ပြီး သူ့လိုပဲ ပစ်ဖို့ဒ်ဟာလည်း သူ့ရဲ့ ကစားကွက်မှာ အံဝင်ဂွင်ကျ ဖြစ်နိုင်မယ့် ဂိုးသမားတစ်ဦး ဖြစ်ပါတယ်။ ပစ်ဖို့ဒ်ဟာ ပင်နယ်တီ ဧရိယာ အပြင်ဘက်မှာ  တစ်ပွဲကို  ပျမ်းမျှ ခံစစ်ပုံစံ တစ်ကြိမ်စီ ပြုလုပ်ထားနိုင်ပါတယ်။

De Gea against Oblak

အက်သလက်တီကို ဂိုးသမား အိုဘလက်။

၁။ ဂျန် အိုဘလက်ခ် [ Jan Oblak ]

ဂျန်အိုဘလက်ခ်ဟာ ယူနိုက်တက်အသင်းရဲ့ အဓိက ပစ်မှတ် ဂိုးသမားတစ်ဦးပဲ ဖြစ်ပါတယ်။ တကယ်တော့ တန်ဟက်ဟာ ဒီ စလိုဗေးနီးယား နဲ့ အက်သလက်တီကို မက်ဒရစ်အသင်း ဂိုးသမားရဲ့ ပရိတ်သတ်တစ်ဦးဖြစ်ပြီး သူ့ရဲ့ ပြောင်းရွှေ့ကြေးကတော့ ခန့်မှန်း‌ခြေ ယူရို ၄၂ သန်း ပတ်ဝန်းကျင်နဲ့ ရှိနိုင်ပါတယ်။

အိုဘလက်ခ်ဟာ အခုရာသီ လာလီဂါ ၅ ပွဲတွင် Clean Sheet နှစ်ကြိမ်ပြုလုပ်ထားပြီး ပရီးမီးယားလိဂ်ကို သဘောကျကြောင်း အရင်တုန်း ပြောဆိုခဲ့ဖူးပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment