Rafael Leao ကို ခေါ်ယူဖို့ ကမ်းလှမ်းလိုက်တဲ့ ချဲလ်ဆီး။

Rafael Leao in exchange to Chelsea
September 30, 2022

ချဲလ်ဆီးအသင်းက Rafael Leao [ ရာဖေးလ် လီယို ] ကို အလဲအလှယ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းလိုက်ပါတယ်။

Rafael Leao [ ရာဖေးလ် လီယို ] ကို မကြာသေးခင်က ပြီးဆုံးသွားတဲ့ အပြောင်း‌အရွှေ့ ကာလမှာ ‌ချဲလ်ဆီးအသင်း အနေနဲ့ ခေါ်ယူဖို့ ‌ပျက်ကွက်ခဲ့တာကြောင့် လာမယ့် နွေရာသီမှာ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးကို အလဲအလှယ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။

ချဲလ်ဆီးအသင်းဟာ အေစီမီလန် တိုက်စစ်မှူး ရာဖေးလ် လီယိုကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ မီလန်အသင်းဘက်က ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၁၅၀ အထိ သတ်မှတ်ပြီး ကမ်းလှမ်းမှုကို ပယ်ချခံခဲ့ရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

လီယိုရဲ့ ပြောင်းရွှေ့ကြေးကို မတန်တဆ မြှင့်ထားတဲ့ အေစီမီလန်။

အေစီ မီလန် တိုက်စစ်မှူး Rafael Leao [ လီယို ] ဟာ အရည်အချင်းရှိ ကစားသမားတစ်ဦး ဖြစ်ပေမယ့် နည်းပြ ဂရေဟမ် ပေါ်တာ အနေနဲ့ အီတလီကလပ်အသင်းရဲ့ ပြောင်းရွှေ့ကြား တောင်းဆိုမှုကို မဖြစ်နိုင်ကြောင်း နားလည်ထားပြီး ဖြစ်ပါတယ်။

ဒါကြောင့်မို့ ချဲလ်ဆီးအသင်း အနေနဲ့ ပြောင်းရွှေ့ကြေး ငွေကို လျှော့ချဖို့ နည်းလမ်းတစ်ခုက ကစားသမားတွေနဲ့ အလဲအလှယ် ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။ အားကစား မီဒီယာ La Gazzetta Dello Sport ရဲ့ အဆိုအရ မီလန်အသင်းဟာ ဟာကင်း ဇီးယက်ချ်နဲ့ ခရစ္စတီယန် ပူလီဆစ်တို့ရဲ့ စွမ်းဆောင်ရည်တွေကို စိတ်ဝင်စားနေမှာ သေချာပါတယ်။

Rafael Leao in exchange with Ziyech and Pulisic

တူချယ်လက်ထက် နေရာသိပ်မရခဲ့တဲ့ ပူလီဆစ်နဲ့ ဇီးယက်ချ်။

ကစားသမား နှစ်ဦးစလုံးဟာ နည်းပြဟောင်း သောမတ်စ် တူချယ် လက်ထက်တုန်းက ပွဲထွက်ခွင့်တွေ များများစားစား မရရှိခဲ့ကြဘဲ စတန်းဖို့ဒ် ဘရစ်ချ်ကနေ ထွက်ခွာတော့မယ်လို့ ကောလဟာလတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။

နည်းပြသစ် ဂရေဟမ် ပေါ်တာ ရောက်ရှိလာခြင်းဟာ သူတို့အား ဆန်းသစ်တဲ့ အစပြုမှုတွေကို ပေးစွမ်းနိုင်ပေမယ့် သူတို့ထဲက နှစ်ဦးစလုံးဟာ အင်္ဂလိပ် သူ‌ဌေးတွေရဲ့ အနာဂတ် အစီအစဥ်တွေမှာ မပါဝင်ခဲ့ရင် ဒါက အံ့ဩစရာဖြစ်မှာ မဟုတ်ပါဘူး။

တိုက် စစ်မှူး Rafael Leao [ ရာဖေးလ် လီယို ] ရဲ့ စာချုပ် အခြေအနေ။

အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ အေစီမီလန်အသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပါတယ်။ အဲ့မတိုင်ခင်မှာ စာချုပ်သစ် မချုပ်ဘူးဆိုရင်တော့ မီလန်အသင်း အနေနဲ့ ကစားသမားကို ရောင်းချဖို့ ဖိအားပေး ခံရဖွယ် ရှိနေပါတယ်။

Rossoneri [ အေစီမီလန် ] အသင်းဟာ ဂျန်လူဝီဂျီ ဒွန်နာရမ်မာနဲ့ ဖရန့်ခ် ကယ်စီတို့ကို မကြာသေးခင် နှစ်တွေအတွင်း အလွတ် ပြောင်းရွှေ့ကြေးနဲ့ ကလပ်အသင်းကနေ လက်လွှတ်လိုက်ရတဲ့ ဖိအားတွေကို တွေ့ကြုံ ခဲ့ရပါတယ်။

Rafael Leao scored 17 goals last season

ပြီးခဲ့တဲ့ ရာသီတုန်းက လီယိုဟာ ၁၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

လက်ရှိ အီတလီ ကလပ်အသင်း ရင်ဆိုင်နေရတဲ့ စိန်ခေါ် မှု ဖိအားတွေထဲက တစ်ခုကတော့ တိုက်စစ်မှူး ရာဖေးလ် လီယိုကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့ ယှဥ်ပြိုင်နိုင်တဲ့ လစာ ပေးချေမှုပါပဲ။ 

အီတလီအားကစား မီဒီယာ Tuttosport ရဲ့ ဖော်ပြချက်အရ အေစီမီလန်အသင်းဟာ သူ့အား တစ်ရာသီကို ယူရို ၆ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားပြီး ဘောနပ်စ်တွေ ပါလာရင်တော့ နောက်ဆုံးမှာ ယူရို ၇ သန်းအထိ မြင့်တက်လာနိုင်ကြောင်း သိရပါတယ်။

ဒီလိုမျိုး ပမာဏကတော့ ပရီးမီးယားလိဂ် အသင်းတစ်သင်းအတွက် မြင့်မားတဲ့ နှုန်းထားရှိ ကစားသမားတစ်ဦးကို ခေါ်ယူဖို့ ကြိုးပမ်းခြင်းကနေ ဟန့်တားနိုင်ဖွယ် မရှိပါဘူး။

ပေါ် တူဂီးသား Rafael Leao [ လီယို ] ရဲ့ လုပ်ခ လစာ။

ပေါ်တူဂီ တိုက်စစ်မှူးဟာ ၂၀၂၁/ ၂၀၂၂ ရာသီအစကတည်းက ၁၇ ဂိုးသွင်းယူကာ ၁၇ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးထားပြီး အသက်အရွယ်အားဖြင့် ၂၃ နှစ်သာ  ရှိသေးတာကြောင့် ကလပ်အသင်းတွေက သူ့ဆီကနေ နောက်ထပ် ပိုကောင်း‌တဲ့ ခြေစွမ်းတွေ ရရှိလာဖို့ ယုံကြည်နေကြမှာပါ။

လန်ဒန်အသင်းအတွက် တစ်နှစ်လုပ် ယူရို ၇ သန်းဆိုတာ ပျမ်းမျှ ကစားသမားတွေနဲ့ ကိုက်ညီပါတယ်။ ဥပမာ ကွင်းလယ်တောင်ပံ ကစားသမား ကယ်လမ် ဟတ်ဆန်-အိုဒွိုက်ကတော့ အဲ့ပမာအထက် အနည်းငယ်သာ ဝင်ငွေပိုရှိတာ ဖြစ်ပါတယ်။

Rafael Leao Salary Euro 7M

လုပ်ခ လစာ တစ်နှစ်ကို ယူရို ၇ သန်းနဲ့ ကမ်းလှမ်းခံထားရတဲ့ ရာဖေးလ် လီယို။

ဒီဟာက ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ ငွေကြေး သုံးစွဲမှု စွမ်းအားတွေကို မီးမောင်းထိုးပြဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒါက ချဲလ်ဆီးအသင်း အပါအဝင် မန်ချက်စတာ စီးတီးအသင်းက Rafael Leao [ ရာဖေးလ် လီယို ] ကို ခေါ်ယူနိုင်ဖို့ ဘာကြောင့် မျှော်လင့်ချက် ကြီးကြီးမားမား ထားနေသလဲဆိုတာကို ပြနေပါတယ်။

ကစားသမားနဲ့ အပြောင်းအရွှေ့ကတော့ လာမယ့် ဇန်နဝါရီ အပြောင်း‌အရွှေ့ကာလ ဒါမှမဟုတ် ၂၀၂၃ နွေရာသီမှာ ဖြစ်ဖို့ များပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment