Hincapie ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လန်ဒန်အသင်းများ။

Hincapie transfer news
October 3, 2022

လန်ဒန်အသင်းတွေ ခေါ်ယူဖို့ စိတ်ဝင်စားနေကြတဲ့ Hincapie [ ဟင်ကာပီ ]။

Hincapie [ ဟင်ကာပီ ] ကို လေဗာကူဆင် အသင်းဆီကနေ ခေါ် ယူနိုင်ဖို့ လန်ဒန်အသင်းတွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ တော့တင်ဟမ် ဟော့စပါးအသင်းတို့ဟာ အပြိုင်အဆိုင် ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်အသင်းရဲ့ အီကွေဒေါ လူငယ်နောက်ခံလူ ပီရို ဟင်ကာပီကို အနာဂတ်မှာ သူ့ ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး စောင့်ကြည့်လျက် ရှိနေတယ်လို့ သိရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

နိုင်ပွဲရရှိဖို့ ရုန်းကန်နေရတဲ့ လေဗာကူဆင်အသင်း။

လေဗာကူဆင်အသင်းဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ နိုင်ပွဲရရှိဖို့ အတော်လေးကို ရုန်းကန်နေရတဲ့ အသင်းတစ်သင်း ဖြစ်ပြီး လိဂ်ပွဲ ၈ ပွဲမှာ ၁ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၅ ပွဲအထိ ရှုံးနိမ့်ထားကာ ရမှတ် ၅ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ တန်းဆင်းဇုံမှာ ရပ်‌တည်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အသင်းရဲ့ ‌လူငယ် နောက်ခံလူ Hincapie [ ပီရို ဟင်ကာပီ ] ကတော့ အခုရာသီမှာ လေဗာကူဆင်အသင်းအတွက် အထင်ကြီးလောက်စရာ ကောင်းနေပြီး သူ့ရဲ့ အရည်အသွေးတွေကို ပြသနေပါတယ်။

Hincapie at CL

ချန်ပီယံလိဂ်မှာ ဟင်ကာပီရဲ့ ခြေစွမ်းက အထင်ကြီးစရာကောင်းခဲ့ပါတယ်။

အသက် ၂၀ အရွယ် လူငယ် ဗဟိုခံစစ် ကစားသမားဟာ ဥရောပကို ပထမဆုံး ပြောင်းရွှေ့ လာပြီးကတည်းက ပြိုင်ပွဲတွေမှာ အလျင်အမြန် ခြေစွမ်း တိုးတက်လာခဲ့ပြီး သူဟာ ဘယ်နောက်ခံလူ နေရာမှာလည်း ကစားနိုင်သူ တစ်ဦး ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ သူ့ကို ခေါ် ယူဖို့ စိတ်ဝင်စားနေတဲ့ တစ်ခုတည်းသော ကလပ်အသင်း မဟုတ်သလို သူ့ကို လက်မှတ်ထိုး ခေါ်ယူနိုင်ဖို့ ဥရောပတလွှား တခြားထိပ်တန်း ကလပ်အသင်းတွေနဲ့ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာမှာ ဖြစ်ပါတယ်။

ဒီ ပြင်းထန်မှုနဲ့ ပတ်သက်ပြီး ဇန်နဝါရီလ အပြောင်းအရွှေ့မှာ သူ့အတွက် ခက်ခဲတဲ့ တိုက်ပွဲတစ်ခု ဖြစ်နိုင်တယ် ဆိုတာ သက်သေပြနိုင်မှပါ။

အီကွေဒေါသား Hincapie [ ပီရို ဟင်ကာပီ ] ကို စိတ်ဝင်စားမှု မြင့်မားနေပါတယ်။

ပီရို ဟင်ကာပီဟာ အခု ရာသီမှာ လေဗာကူဆင်အသင်းအတွက် ပွဲစဥ် ၂ ပွဲကလွဲပြီး ကျန်တဲ့ ပြိုင်ပွဲစုံ အကုန်လုံးကို ပွဲထွက် လူစာရင်းမှာ ပါဝင်ကစားခွင့် ရရှိထားသူ ဖြစ်ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ချန်ပီယံလိဂ်  ပွဲစဥ်တွေမှာလည်း အထင်ကြီးလောက်စရာ ခြေစွမ်းတွေကြောင့် ဥရောပ ထိပ်တန်းအသင်းတွေက မျက်စိကျနေကြတာ ဖြစ်ပါတယ်။

အီကွေဒေါ အသင်းဟာ ၂၀၀၆ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အိမ်ရှင်အသင်းနဲ့ တစ်အုပ်စုထဲမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အုပ်စု (က ) မှာ အိမ်ရှင် ကာတာ၊ အီကွေဒေါ၊ စီနီဂေါနဲ့ နယ်သာလန်အသင်းတို့ ပါဝင်ပါတယ်။

Hincapie at Ecuador

လာမယ့်ကမ္ဘာ့ဖလားမှာ ဟင်ကာပီရဲ့ ခြေစွမ်းကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်တုန်းကတော့ အုပ်စု ( က ) မှာ အိမ်ရှင် ဂျာမနီ၊ အီကွေဒေါ၊ ပိုလန်နဲ့ ကော်စတာရီကာအသင်းတို့ ပါဝင်ခဲ့ပါတယ်။ ခံစစ်မှူး ပီရို ဟင်ကာပီကတော့ အီကွေဒေါ လက်ရွေးစင် အသင်းရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်လာဖွယ် ရှိနေပါတယ်။

လာမယ့် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည်တွေ အရည်အသွေးတွေကို ပိုပြနိုင်မှာ ဖြစ်သလို့ ကလပ်အသင်းတွေကလည်း အဲ့ဒီအပေါ်မှာ မူတည်ပြီး သူတို့ရဲ့ အစီအစဥ်တွေကို ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

လူငယ် ခံစစ်မှူး Hincapie [ ပီရို ဟင်ကာပီ ]ရဲ့ ပြောင်းရွှေ့ကြေး။

အီတလီ အားကစား သတင်းဌာန Calciomercato ရဲ့ အဆိုအရ အာဆင်နယ်အသင်းဟာ မြောက်လန်ဒန် ပြိုင်ဘက် တော့တင်ဟမ် ဟော့စပါးအပြင် နောက်ထပ် အီတလီ စီးရီးအေက မီလန်နဲ့ နာပိုလီအသင်းတို့ကလည်း အသင်းရဲ့ ခံစစ်ကို မြှင့်တင်လိုတာကြောင့် ဟင်ကာပီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

တော့တင်ဟမ် ဟော့စပါးအသင်းက Hincapie [ ပီရို ဟင်ကာပီ ] ဟာ သူတို့ရဲ့ နောက်တန်းမှာ အဲရစ် ဒိုင်ယာ၊ ခရစ္စတီယန် ရိုမီယိုတို့နဲ့ အတူ သူတို့ရဲ့ အသင်းအတွက် ကောင်းမွန်တဲ့ အားဖြည့် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နေပြီး နောက်ခံလူအတွက် ပြောင်းရွှေ့ကြေး ကြီးကြီးမားမား အသုံးပြုဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

Hincapie to Leverkusen

ဟင်ကာပီဟာ လေဗာကူဆင်ကို ပြောင်းရွေ့ကြေး ပေါင် ၅ သန်းနဲ့ ရောက်ရှိလာခဲ့ပါတယ်။

ဘိုင်ယာလေဗာကူဆင်အသင်းက သူတို့ရဲ့ လူငယ် နောက်ခံလူအတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၂ သန်းထက်မနည်း လိုချင်နေပြီး ဂျာမန်ကလပ်က သူ့မှာ အမြင့်ဆုံး အဆင့်မှာ အောင်မြင်ဖို့အတွက် ခြေစွမ်း၊ အရည်အသွေးတွေ ရှိတယ်လို့ ယုံကြည်နေပါတယ်။

ဟင်ကာပီဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လတုန်းက အာဂျင်တီးနားကလပ် တားလားစ်အသင်းကနေ လေဗာကူဆင်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၅ သန်းနဲ့ ရောက်ရှိလာခဲ့ပြီး ဒါဟာ သူ့ရဲ့ ဥရောပ ဘောလုံးလောကထဲကို ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment