Haaland နဲ့ အမ်ပါပေ ဘယ်သူ ပိုကောင်းသလဲ

Haaland vs Mbappe
September 21, 2022

မန်စီးတီးရဲ့ Haaland [ ဟာလန်း  ] နဲ့ ပီအက်စ်ဂျီရဲ့ အမ်ပါပေတို့မှာ ဘယ်သူပိုကောင်းသလဲ။

Haaland [ အယ်လိန်း ဟာလန်း  ] ကတော့ ဘုတ်တင်စနစ်အရ ပြင်သစ်ကလပ် PSG [ ပီအက်စ်ဂျီ  ] အသင်းရဲ့ တိုက်စစ်မှူး ကီလီယန် အမ်ပါပေထက် ပိုကောင်းတယ်လို့ မဲပေးခဲ့ကြပါတယ်။

လီယွန်နယ် မက်ဆီ ဒါမှမဟုတ် ခရစ္စတီယာနို ရော်နယ်ဒိုတို့ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆုနဲ့ ထိုက်တန်မှု ရှိမရှိနဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာ အပြင်းအထန် ငြင်းခုံခဲ့ကြပြီးနောက် အခုအခါမှာ တိုက်ပွဲ အသစ်တစ်ခု ထွက်ပေါ် လာနေပြီ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ယှဥ်ပြိုင်မှုတွေ ပြင်းထန်နေတဲ့ ဟာလန်းနဲ့ အမ်ပါပေ။

Paris Saint-Germain  [ ပီအက်စ်ဂျီ  ] အသင်းနဲ့ Manchester United [ မန်ချက်စတာ ယူနိုက်တက်  ] အသင်းတို့ရဲ့ ကြယ်ပွင့် နှစ်ဦးဟာ ဆယ်စုနှစ် နှစ်ခုအတွင်း အကောင်းဆုံး အပိုင်းကို လွှမ်းမိုးထားခဲ့တဲ့ သူတို့ရဲ့ တောက်ပတဲ့ အသက်မွေး ဝမ်းကြောင်းအလုပ်တွေ ပြီးဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်ပါတယ်။

သူတို့ နှစ်ယောက်ကြားမှာ Ballon d’Or [ ‌ရွှေဘောလုံးဆု ] နှစ်ယောက်ပေါင်း ၁၂ ကြိမ်အထိ ရယူထားနိုင်ပြီး ကလပ်အသင်းနဲ့ နိုင်ငံတကာအဆင့်မှာ အံ့အားသင့်ဖွယ် အသင်းဆုဖလားများ အစုံအလင် ရရှိထားပြီး ဖြစ်ပါတယ်။

Haaland scored against Dortmund

ဒေါ့မွန်ဖက်ကို ဂိုးသွင်းယူနေတဲ ဟာလန်း။

ဒါကြောင့်မို့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ စွမ်းဆောင်ရည်တွေကို လိုက်မီဖို့ အခု တက်သစ်စ လူငယ်ကစားသမားတွေအတွက် အတော်လေးတော့ ခက်ခဲတဲ့ အရာတွေလို့ ဆိုရပါမယ်။

ဒါပေမယ့်လည်း အခုလက်ရှိမှာ ထိပ်တန်း ဝါရင့် ကစားသမားကြီး နှစ်ယောက်ရဲ့ ခြေရာကို ဆက်ခံမယ့် အလားအလာတွေ အနေနဲ့ ထင်ထင်ရှားရှား မြင်တွေ့နေရတာကတော့ အယ်လိန်း ဟာလန်းနဲ့ ကီလီယန် အမ်ပါပေတို့ပဲ ဖြစ်ပါတယ်။

လက်ရှိမှာ ခြေစွမ်းတောက်ပနေတဲ့ Haaland [ ဟာလန်း  ] နဲ့ Kylian Mbappe [ အမ်ပါပေ ]။

အသက် ၂၂ နှစ်အရွယ် Haaland [ အယ်လိန်း ဟာလန်း  ] နဲ့ အသက် ၂၃ နှစ်အရွယ် Kylian Mbappe [ ကီလီယန် အမ်ပါပေ ] တို့ဟာ သူတို့ရဲ့ အထင်ကြီးလောက်စရာ အရည်အချင်းတွေနဲ့ ဂိုးပေါက်ရှေ့ လုပ်ဆောင်မှုတွေကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့ အနာဂတ်ကို အနည်းနဲ့အများ ခန့်မှန်းလို့ ရနိုင်ပါတယ်။

လူငယ်တိုက်စစ်မှူး အယ်လိန်း ဟာလန်း ဟာ သူ့ရဲ့ အသင်းဟောင်းတွေဖြစ်တဲ့ ဆောဇ်ဘက်ဂ်နဲ့ ဘိုရူးရှား ဒေါ့မွန်အသင်းတို့မှာ စံချိန်တင် ဂိုးသွင်းပြီးနောက် အခုလက်ရှိ မန်ချက်စတာ စီးတီးအသင်းမှာလည်း စံချိန်တင် သွင်းဂိုးတွေ သွင်းယူထားနိုင်ပါတယ်။

Haaland vs Mbappe

ဟာလန်းနဲ့ အမ်ပါပေတို့ တွေ့ဆုံခဲ့စဥ်က။

အလားတူ ပီအက်စ်ဂျီ ကြယ်ပွင် ကီလီယန် အမ်ပါပေဟာလည်း သူ့ရဲ့ အသက် ၁၈ နှစ်အရွယ်မှာတင် ပြင်သစ် လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ ဖလားဆုကို အကောင်းဆုံး ခြေစွမ်းတွေနဲ့  ဆွတ်ခူးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အသင်းဟောင်း မိုနာကို အပါအဝင် လက်ရှိအသင်းအတွက် ကစားသမားဘဝ သွင်းဂိုးပေါင်း ၂၀၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။

ပြိုင်ဆိုင်မှု ပြင်းထန်ဖို့ အကောင်းဆုံး အတွဲတွေလို့ အမည်တပ်ခံထားရပေမယ့် သူတို့ကြားထဲမှာ အခုလက်ရှိ ဘယ်သူက ပိုပြီး ကောင်းနေသလဲ?။

နော်ဝေး တိုက်စစ်မှူး Haaland [ အယ်လိန်း ဟာလန်း  ] က ဦးဆောင်နေပါတယ်။

ဘောလုံး ဝါသနာရှင် တော်တော်များများကတော့ နော်ဝေးသား ဟာလန်းကို ရွေးချယ်ထားကြပါတယ်။ တွစ်တာမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ တိုက်စစ်မှူး ဟာလန်းဟာ ပီအက်စ်ဂျီ ကြယ်ပွင့်ထက် ၇၀ ရာခိုင်နှုန်း နီးပါး ကျေနပ်အားရစွာ အနိုင်ရရှိခဲ့ပါတယ်။

လူငယ် တိုက်စစ်မှူး ဟာလန်းဟာ ၂၀၂၂ – ၂၀၂၃ ရာသီမှာ ပိုမို တောက်ပလာခဲ့ပြီး သူ့ရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ်ပွဲ ၇ ပွဲမှာ ၁၁ ဂိုး သွင်းယူက ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းကို အမှတ်ပေး ဇယား ထိပ်ပိုင်းဆီ အလျင်အမြန် ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။

Haaland is top scorer aof EPL

ဟာလန်းဟာ မန်စီးတီးရဲ့ တစ်ဦး‌တည်းသော ထိပ်တန်း ဂိုးသွင်းရှင်ပါ။

ပြင်သစ် လူငယ် တိုက်စစ်မှူး Mbappe [ အမ်ပါပေ ] ဟာ အခု ရာသီမှာ ပီအက်စ်ဂျီအသင်းရဲ့ အဖွင့် ပွဲစဥ် နှစ်ပွဲမှာ အရန်ခုံမှာ ထိုင်နေခဲ့ရပေမယ့် အခုချိန်မှာ ပြန်လည် ပါဝင်လာပြီ ဖြစ်ပါတယ်။ သူ့ရဲ့ အသင်းကို ထိပ်သီးအသင်းဆီ တက်လှမ်းနိုင်ခဲ့တဲ့ နေမာနဲ့ စူပါစတား လီယွန်နယ် မက်ဆီတို့နဲ့အတူ ကောင်းမွန်တဲ့ လက်တွဲမှူတစ်ရပ်ကို ဖော်ဆောင်လျက် ရှိနေပြီ ဖြစ်ပါတယ်။

ရာသီ စ, တင်နေပြီ ဖြစ်တာကြောင့် လာမယ့် ရက်သတ္တပတ်တွေနဲ့ လတွေမှာ သူတို့နှစ်ယောက်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ထင်မြင်ယူဆချက်တွေကို ပြောင်းလဲဖို့ အချိန်များစွာ ကျန်နေပါသေးတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment