Mudryk [ မာဒရိခ် ] ရဲ့ အာဆင်နယ် အပြောင်းအရွှေ့။

Mudryk to Arsenal
September 20, 2022

အာဆင်နယ်အသင်းဟာ ရှက်တာဒိုးနက်စ် တောင်ပံတိုက်စစ် Mudryk [ မာဒရိခ် ] ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Mudryk [ မိုက်ခါအိလာ မာဒရိခ် ] ဟာ သူ့ရဲ့ ခြေစွမ်းကြောင့် ယူကရိန်း နေမာလို့တောင် နာမည် ကြီးနေပြီး သူ့ကို ခေါ် ယူဖို့အတွက် အာဆင်နယ်အသင်း အနေနဲ့ လီ‌ဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ဟာ ယူကရိန်း တောင်ပံတိုက်စစ် ကစားသမားကို ခေါ် ယူဖို့ စိတ်အားထက်သန်နေတဲ့ တခြားသော ပရီးမီးယားလိဂ် ကလပ်အသင်း များစွာနဲ့ ‌နည်းတူ သူတို့ကလည်း မိုက်ခါအိလာ မာဒရိခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

စိတ်ဝင်စားမှု အများတကာ့ အများကြီး ရရှိထားတဲ့ Mudryk [ မာဒရိခ် ]။

အခုရာသီမှာ တောင်ပံ တိုက်စစ် ကစားသမား မာဒရိခ်ဟာ တကယ်ကို အထင်ကြီးလောက်စရာ ကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ အထူးသဖြင့် ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲလို့ အဆင့်မျိုးမှာ သူ့ရဲ့ ကမ္ဘာ့အဆင့် ခြေစွမ်းတွေကို ပြသလျက် ရှိနေပါတယ်။

အဲ့ဒါကြောင့်မို့ လတ်တလောမှာ ဥရောပ ထိပ်တန်း ကလပ်အသင်း တချို့ရဲ့ စိတ်ဝင်စားမှုကို အချိန်တိုလေး အတွင်းမှာ ရရှိခဲ့ပါတယ်။ အသက် ၂၁ နှစ် အရွယ် ကစားသမားကို ယူကရိန်း ကလပ်အသင်းက ပေါင်း သန်း ၃၀ ပတ်ဝန်းကျင် တန်ကြေး သတ်မှတ်ထားပါတယ်။

Mudryk scored against Celtic

ဆဲလ်တစ်အသင်းဘက်ကို ဂိုးသွင်းယူနေတဲ့ မာဒရိခ်။

ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှု ရရှိထားပြီး အဲ့အထဲကမှ နယူးကာဆယ် ယူနိုက်တက်၊ အဲဗာတန်နဲ့ ဘရန့်ဒ်ဖို့တို့ကတော့ ကစားသမားရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

လန်ဒန် ကလပ် အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ မှာ Mudryk [ မာဒရိခ် ] ကို ခေါ် ယူဖို့ အဆင်သင့် ဖြစ်ခဲ့ပေမယ့် ခေါ်ယူဖို့ ကိစ္စ ဆက်လက်ဆောင်ရွက်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ဂန်းနားတို့ဟာ လာမယ့် အနာဂတ်မှာ တောင်ပံ တိုက်စစ် ကစားသမားကို ခေါ် ယူဖို့အတွက် သူ့ရဲ့ ခြေစွမ်း တိုးတက်မှု အခြေအနေကို စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။

လန်ဒန်မြောက်ပိုင်းကလပ်ကို ပြောင်းရွှေ့ဖို့ နဲ့ ပတ်သက်ပြီး Mudryk [ မာဒရိခ် ] က ဖွင့်ဟဖူးပါတယ်။

ယူကရိန်း လက်ရွေးစင် ကစားသမား Mudryk [ မာဒရိခ် ] ဟာ ဂန်းနားအသင်းရဲ့ ပရိတ်သတ်တစ်ဦး ဖြစ်ပြီး လန်ဒန် ကလပ်အသင်းရဲ့ ကစားပုံတွေကို နှစ်သက်ကြောင်းနဲ့ အရင်ကလည်း အာတီတာရဲ့ အသင်းဆီ ပြောင်းရွှေ့ဖို့ အလားအလာ ရှိခဲ့တဲ့အကြောင်း ပြောဆိုခဲ့ဖူး ပါတယ်။

ယူ ကရိန်း တောင်ပံတိုက်စစ် မိုက်ခါအိလာ မာဒရိခ်က ” ဟုတ်ပါတယ်။ လူတိုင်းက ပရီးမီးယားလိဂ်မှာ ကစားဖို့ အိပ်မက်မက်နေကြတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြောဖို့တော့ ခက်ပေမယ့် အာဆင်နယ်အသင်းက အရမ်းကောင်းတဲ့ အသင်းတစ်သင်းပါ။ “

Mudryk at Ukraine Natinal Team

ယူကရိန်းလက်ရွေးစင် ကစားသမား မိုက်ခါအိလာ မာဒရိခ်။

” ကလပ်အသင်းရဲ့ နည်းပြ အာတီတာကလည်း တကယ်ကို ကောင်းမွန်တဲ့ နည်းပြ တစ်ဦးပါ။ သူတို့ ကစားတဲ့ ပုံစံကို ကျွန်တော် တကယ် သဘောကျပါတယ်။ ” လို့ မာဒရိခ်က ဆက်ပြောခဲ့ပါတယ်။

တိုက်စစ်ပိုင်း လိုအပ်ချက်တွေ ရှိနေတဲ့ လီဗာပူးလ်အသင်း။

လီဗာပူးလ်အသင်းဟာ အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား ဖြစ်တဲ့ ဆာဒီယို မာနေးကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလတုန်းက ဂျာမန်ထိပ်တန်းကလပ် ဘိုင်ယန် မြူးနစ်အသင်းဆီ ရောင်းချခဲ့ပါတယ်။

အခုလို အရည်အချင်းရှိ ကစားသမားတစ်ဦးကို ဆုံးရှုံးလိုက်ရတာကို ကာမိအောင် လီဗာပူးလ် အသင်းအနနေနဲ့ နောက်ထပ် ကစားသမား တစ်ဦးကို ခေါ် ယူဖို့ စိတ်အားထက်သန်နေဖွယ် ရှိနေပါတယ်။

လီဗာပူးလ်အသင်းမှာ မိုဟာမက် ဆာလာ၊ လူးဝစ် ဒီယက်ဇ်နဲ့ ဒီယိုဂဂို ဂျိုတာတို့လို အရည်အချင်းရှိ ကစားသမားတွေ ရှိနေပေမယ့် မဝေးတော့တဲ့ အနာဂတ်မှာ မာဒရိခ်လိုပုံစံမျိုး နောက်ထပ် ကစားသမား တစ်ဦးကို အသင်းမှာ ထပ်ပေါင်းဖို့ အလားအလာ ရှိနိုင်ပါတယ်။

Mudryk is a highly rated player

မာဒရိခ်ဟာ ရှက်တာဒိုးနက်စ်အသင်းမှာ ခြေစွမ်းပြနေပါတယ်။

ဘရန့်ဖို့ဒ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလတုန်းက ရှက်တာ ဒိုးနက်စ် တောင်ပံကစားသမား Mudryk [ မာဒရိခ် ] ကို ခေါ် ယူဖို့ ကလပ်အသင်းရဲ့ အပြောင်းအရွှေ့ စံချိန်ကို ချိုးဖျက်ရလောက်တဲ့အထိ ‌ဆန္ဒရှိခဲ့ပေမယ့် တခြား အသင်းတွေလို ပြောင်းရွှေ့ခြင်းမျိုး မလုပ်ခဲ့ပါဘူး။

သူတို့ကလွဲရင် ယူကရိန်းသား မာဒရိခ်ရဲ့ အထင်ကြီးလောက်စရာ ချန်ပီယံလိဂ် ခြေစွမ်းတွေကြောင့် ဆီဗီးလားအပါအဝင် လာလီဂါ အသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment