Richarlison စပါးအသင်းကို ပြောင်းမှာလာ?

Richarlison to Tottenham
June 24, 2022

Richarlison [ရစ်ချာလီဆန်]က ဟယ်ရီကိန်းရဲ့ အရန်ကစားသမား ဖြစ်လာနိုင်သလား?

Richarlison [ရစ်ချာလီဆင်] သာ စပါးအသင်းကို ပြောင်းသွားမယ်ဆိုရင် မူရင်း ပင်တိုင်တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ နေရာအတွက် အရန်ကစားသမားတစ်ဦး ဖြစ်သွားနိုင်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆင် ဟယ်ရီကိန်းနေရာအတွက် အရန်ကစားသမား ရှာဖွေရာမှာ သူတို့ရဲ့ အခက်အခဲတွေအတွက် အဖြေအဖြစ် သတ်မှတ်ဖော်ပြခဲ့ပါတယ်။ ဟယ်ရီကိန်းရဲ့  ဂိုးအရေအတွက်နဲ့ တခြားအလုံးစုံစွမ်းရည်တွေကြောင့် မြောက်လန်ဒန်ကလပ်ဟာ ကိန်းရဲ့ နေရာနဲ့ အံဝင်ခွင်ကျဖြစ်အောင် မှန်ကန်တဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့ ကစားသမားတစ်ဦးကို ဆွဲဆောင်ဖို့ အကြိမ်ကြိမ် ရုန်းကန်ခဲ့ရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

တိုက်စစ်ကစားသမား ရီချာလီဆန်ကို ခေါ်ယူချင်နေတဲ့ စပါးအသင်း

Fernando Llorente [ဖာနန်ဒို လော်ရန်တေ ]  နဲ့ Carlos Vinicius [ ကားလို့စ် ဗင်နီစီးယက်စ် ] တို့ဟာ မကြာသေးမီနှစ်တွေတွင်း အငှားလာရောက် ကစားခဲ့ကြပါတယ်။ လူငယ် အကယ်ဒမီကြယ်ပွင့် Dane Scarlett [ ဒိန်း စကားလတ် ] ကတော့  ပြီးခဲ့သည့်ရာသီအတွင်း ကိန်းနေရာအတွက် ဘက်ကတ် [အရန်] ကစားသမားဖြစ်ဖို့  အနီးစပ်ဆုံး ရှိနေခဲ့ပါတယ်။

သို့သော်လည်း အားကစား မီဒီယာ GOAL ရဲ့ ဖော်ပြချက်အရ အန်တိုနီယိုကွန်တီရဲ့ စပါးအသင်းဟာ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး ရစ်ချာလီဆန်ကို အဖွင့်လေလံခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဲ့အတွက် ကမ်းလှမ်းမှုတစ်ခု တင်သွင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း သိရပါတယ်။

Richarlison Brazil

ဘရာဇီးလ် လက်ရွေးစင်ကစားသမား ရီချာလီဆန်။

စပါးအသင်းဟာ ရီချာလီဆန်ရဲ့  အမြင့်ဆုံးအဆင့် အနေအထားမှာ ကိုယ့်ကိုယ်ကို စမ်းသပ်ချင်တယ်ဆိုတဲ့ စိတ်အားထက်သန်နေပုံကို ဖော်ပြခဲ့ပါတယ်။ ပြီးတော့ စပါးအသင်းဟာ ၂၀၂၁/ ၂၀၂၂ ရာသီတုန်းက ပြိုင်ဘက် အာဆင်နယ်အသင်းရဲ့ရှေ့ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီးနောက် လာမယ့် ချန်ပီယံစ်လိဂ် ပြိုင်ပွဲအတွက်ရှေ့ရှုပြီး ကစားသမားကို ခေါ်ယူချင်တာလို့ ဖော်ပြခဲ့ပါတယ်။

နောက်ထပ်အနေနဲ့ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတွေဟာ အရင်က စိတ်ဝင်စားမှုတွေ ရှိခဲ့ပေမယ့် ကစားသမားကို တရားဝင် ကမ်းလှမ်းမှုတွေ မတင်သွင်းသေးကြောင်း GOAL က ဖော်ပြခဲ့ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်း‌အနေနဲ့ ရီချာလီဆန်ကို ခေါ်ယူဖို့ ကိစ္စနဲ့ ပတ်သက်ပြီး သူ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

တိုက်စစ်မှူး Richarlison က စပါး ရဲ့ တိုက်စစ်ကို အထောက်အကူ ဖြစ်စေမှာလား?

ဘရာဇီးလ် လက်ရွေးစင် ကစားသမား ရီချာလီဆန်ဟာ Goodison Park [ အဲဗာတန်  ] အသင်းမှာ ကန်နေစဥ်အတွင်း ဘယ်တောင်ပံ တိုက်စစ်ကစားသမားအဖြစ်နဲ့ ဗဟိုတိုက်စစ်မှူးအဖြစ် ကစားခဲ့ပါတယ်။ မကြာသေးခင်က သူဟာ တိုက်စစ်မှူး Dominic Calvert-Lewin [ ဒိုမီနစ် ကားဗတ်-လီဝန်  ] နဲ့  ပါတနာအဖြစ် လက်တွဲ ကစားခဲ့တုန်းက ကွင်းလယ်တိုက်စစ်နေရာမှာပါ။ နိုင်ငံတကာ ပွဲစဥ်တွေမှာလည်း လက်ရွေးစင်အသင်းနဲ့အတူ အကောင်းဆုံး ခြေစွမ်းပြခဲ့တာတွေ တွေ့ရပါတယ်။

ဆိုလိုတာက စပါးအသင်းဟာ သူတို့ရဲ့ ကစားသမားနေရာချထားဖို့အတွက် ကစားသမားတစ်ဦးကို ခေါ်ယူမယ်လို့ အကြံပြုထားပေမယ့် အဓိကအားဖြင့်တော့ အလယ်တန်းနေရာ ဖြစ်ပါတယ်။ စတီဗင် ဘာဂွင်းက ကလပ်ကနေ ထွက်ခွာတော့မယ်ဆိုတဲ့ ကောလာဟလတွေအရတော့ တော့တင်ဟမ်ဟော့စပါးဟာ တိုက်စစ်မှုးနေရာမှာ နောက်ထပ်ကစားသမားတစ်ဦးနဲ့ ထပ်အစားထိုးဖို့ စိတ်အားထက်သန်နေပုံရပါတယ်။

အထူးသဖြင့် အဲ့ကစားသမားက တကယ်လို့ ကိန်းသာဒဏ်ရာထပ်ရခဲ့ရင် အစားထိုးနိုင်မယ့်သူမျိုး ဖြစ်ပါတယ်။

Harry Kane Tottenham Hotspur

စပါးတိုက်စစ်မှူး ဟယ်ရီကိန်း။

အခုနွေရာသီ အပြောင်းအရွှေ့မှာ လော်တာရို မာတီနက်ဇ်၊ ဂျန်လူကာ စကာမာကာနဲ့ ဂါဘရီယယ် ဂျေဇုတို့ဟာ  တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ သို့ပေမယ့် ရီချာလီဆင်ကိုတော့ ကိန်းနေရာအတွက် အရန်ကစားသမားကို ရှာဖွေရာမှာ ဦးစားပေးလုပ်ဆောင်နေပုံရပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ကွန်တီရဲ့ စပါးအသင်း အခြေအနေ

၂၀၂၂ ခုနှစ်နှောင်းပိုင်းမှာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဟာ လာမယ့် ပရီးမီးယားလိဂ်ရာသီအတွက် ပွဲစဥ်ဇယားတွေကို ပိုမိုကြပ်တည်းလာစေဖို့ သေချာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နည်းပြ ကွန်တီ အနေနဲ့ အရင်ပုံမှန်ထက် အသင်းလူစာရင်းကို ပိုမိုကျစ်လျစ်အောင် လုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ကစားသမားဖြစ်တဲ့ ရီချာလီဆန်ကို Lilywhites [ စပါးအသင်း  ] ရဲ့ စိတ်ဝင်စားမှုက ချန်ပီယံစ်လိဂ် အိမ်မက်အတွက် မျှော်လင့်ထားတာဖြစ်ပြီး ကိန်းရဲ့နေရာအတွက် ထည့်စဥ်းစားဖို့ အရေးကြီးတယ်လို့ ယုံကြည်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီတုန်းက ရီချာလီဆန်ဟာ အဲဗာတန်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပွဲစဥ် ၃၀ ပွဲမှာ ၁၀ ဂိုးသွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ ဒါအပြင် သူဟာ အသင်းကို တန်းဆင်းစုံကနေ လွတ်မြောက်အောင် ကူညီပေးခဲ့ရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေခဲ့ပါတယ်။

Richarlison Everton

အဲဗာတန်အသင်းကို တန်းမဆင်းရအောင် ကူညီပေးခဲ့တဲ့ ရီချာလီဆန်။

အဲဗာတန်အသင်းမှာ Richarlison [ရစ်ချာလီဆင်]ရဲ့ စွမ်းဆောင်ရည်များ

ဘရာဇီးလ်သားဟာ ၂၀၁၈ ခုနှစ် အခုလိုနွေရာသီ အပြောင်း‌အရွှေ့ကာလမှာ ဝက်ဖို့ဒ်အသင်းကနေ အဲဗာတန်အသင်းကို ပြောင်းရွှေ့ကြေး ယူရို ၃၉ သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ကစားသမားဟာ ၂၀၁၈ ကနေ အခုထိ လေးရာသီအတွင်း ပြိုင်ပွဲစုံ ၁၅၂ ပွဲမှာ ဂိုးပေါင်း ၅၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ကလပ်အသင်းနဲ့အတူ ဆုဖလားဆွတ်ခူးထားနိုင်ခြင်းတော့ မရှိသေးပါဘူး။ Goodison Park [ အဲဗာတန် အသင်း  ] မှာ ဘရာဇီးလ်သားရဲ့ စာချုပ်ဟာ ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိနေပါသေးတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment