Kalvin Phillips ရဲ့ မန်စီးတီးနဲ့ အပြောင်းအရွှေ့

Kalvin Phillips to Man City
June 25, 2022

[ကယ်လ်ဗင် ဖီးလစ်စ်] Kalvin Phillips ရဲ့ မန်စီးတီးအသင်းနဲ့ အပြောင်းအရွှေ့ရလဒ်များ

Kalvin Phillips [ကယ်လ်ဗင် ဖီးလစ်စ်] ကို ခေါ်ယူဖို့ နီးစပ်နေတာကြောင့်  မန်ချက်စတာ စီးတီးအသင်းဟာ သူတို့ရဲ့ နောက်ထပ် အပြောင်းအရွှေ့ ကိစ္စရပ်တွေကို အပြီးသတ်ဖို့ စီစဉ်နေပါတယ်။

လိဒ်စ် ယူနိုက်တက် ကွင်းလယ်လူ ဖီးလစ်ဟာ အခုရာသီမှာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းများစွာရဲ့  အလိုရှိနေတဲ့ ကစားသမားတစ်ဦးဖြစ်နေပါတယ်။ ဒါပေမယ့် သူ့ကို ပြောင်းရွှေ့ကြေး  ပေါင် ၄၅ သန်းဝန်းကျင်တန် စာချုပ်မှာ လက်မှတ်ရေးထိုးစေနိုင်မယ့် အသင်းတစ်သင်းကတော့ မန်စီးတီးအသင်းပဲ ဖြစ်ပါတယ်။

ဒီအပြောင်းအရွှေ့ဟာ  သာမန် ကစားသမား ခေါ်ယူ လွှဲပြောင်းမှုတစ်ခုဖြစ်ပေမယ့် ဘယ်သူတွေက အကျိုးအမြတ် ရရှိပြီး တခြား ဘယ်သူတွေက လွဲချော်မလဲဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ကွင်းလယ်ကစားသမား Kalvin Phillips [ဖီးလစ်စ်]ရဲ့ မန်စီးတီးအသင်းနဲ့ အပြောင်းအရွှေ့ ကောင်းကျိုးများ

မန်ချက်စတာ စီးတီးအသင်းဟာ ကစားသမားကို ခေါ်ယူနိုင်ဖို့ ဒီသဘောတူညီချက်မှာ သိသိသာသာ အခြေအနေ ကောင်းလာတာကို တွေ့ရပါတယ်။ လက်ရှိ အားကစား ရာသီမှာ အင်္ဂလန်လက်ရွေးစင်ကစားသမားတစ်ယောက်ကို ပေါင်သန်း ၅၀ အောက် နဲ့ ခေါ်ယူဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မန်စီးတီးကတော့ ကံကောင်းပါတယ်။ ကစားသမားနဲ့ သူ့တို့ရဲ့ သဘောတူညီချက်က လုံးဝနောက်ဆုံးအဆင့်ကို ရောက်လုနီးပါး ဖြစ်နေပါပြီ။

အင်္ဂလန် လက်ရွေးစင် ကစားသမားဟာ လိဒ် ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း နှစ်နှစ်ကျန်သေးပါတယ်။ ဒီလို ကစားသမားမျိုးကို မန်စီးတီးအနေနဲ့ ပြောင်းရွှေ့ကြေး နည်းနည်းနဲ့ ရမယ်ဆိုတာက သူတို့ရဲ့ စီးပွားရေး ဘတ်ဂျက် အခြေအနေကို ကောင်းမွန်‌စေပါတယ်။

ဖီးလစ်စ်ရဲ့  မန်စီးတီးအသင်းမှာ ကစားခွင့် မိနစ်အရေအတွက်

အလားတူပဲ အင်္ဂလန်အသင်းဟာ အနည်းဆုံး ရေတိုကာလမှာ ဒီသဘောတူညီချက်ကနေ အကျိုးအမြတ် ရနိုင်ခြေရှိပါတယ်။ ဘာလဲဆိုတော့ ကမ္ဘာ့ဖလားမတိုင်မီအထိ ကွင်းလယ်ကစားသမား ဖီးလစ်ဟာ မန်းစီးတီးအသင်းမှာ ရှိနေမှာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းမှာ ရှိနေစဥ်အတွင်း ကစားသမားဟာ ပွဲကစားခွင့် မိနစ်အရေအတွက်ကို လိဒ်လောက် ပမာဏ ရရှိဖို့ ဆိုတာတော့ မဖြစ်နိုင်ပါဘူး။

Kalvin Phillips against Man City

မန်စီးတီးအသင်းနဲ့ တွေ့ဆုံခဲ့စဥ်က ဖီးလစ်စ်။

အဲ့ဒါက ကစားသမားကို ကလပ်အသင်းမှ ကာတာ ကမ္ဘာ့ဖလား ၂၀၂၂ မတိုင်ခင်အထိ သူ့ရဲ့  ခြေစွမ်းအဆင့်အတန်းကို မြင့်သထက် တိုးမြှင့်ပေးမှာ ဖြစ်ပါတယ်။ ပြီးတော့ သူ့ကို ဒဏ်ရာရရှိနိုင်ခြေကိုလည်း လျော့နည်းစေမှာ ဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မန်ချက်စတာ စီးတီးအသင်းအနေနဲ့ အာဆင်နယ်အသင်းကိုလည်း ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ စီးတီးအသင်းဟာ ဖီးလစ်စ်ကို ခေါ်ယူဖို့ သုံးစွဲမယ့် ပြောင်းရွှေ့ကြေးနဲ့ လုံးဝနီးပါး တူညီတဲ့ ဈေးနှုန်းတစ်ခုနဲ့ ဂါဘရီရယ်ဂျီးဆပ်ကို အမ်းမရိတ်စ်ကလပ်ဆီ ရောင်းချမှာ ဖြစ်ပါတယ်။

အဲ့ဒီကနေ စာချုပ်အတွက် ပြောင်းရွှေ့ကြေး တစ်ရပ်ကို ရရှိမှာ ဖြစ်နေလို့ပါ။ အယ်လိန်း ဟာလန်း ရောက်ရှိလာခြင်းက  ဘရာဇီးလ်ကြယ်ပွင့်အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်စေပြီး အသင်းကနေ ထွက်ခွာဖို့ တွန်းအားတစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် ဒီပြောင်းရွှေ့ မှုကနေ ဘရာဇီးလ်သားကို ပိုပြီး အောင်မြင်မှုဆီကို ရောက်ရှိဖို့ အလုံးစုံ ခိုင်မာတဲ့ ‌အပြောင်းအရွှေ့တစ်ခု ပေါ်လာမှာ ဖြစ်ပါတယ်။

ကွင်းလယ်လူ Kalvin Phillips [ဖီးလစ်စ်]ရဲ့ မန်စီးတီးအသင်းနဲ့ အပြောင်းအရွှေ့ ဆိုးကျိုးများ

ဖီးလစ်စ်ဟာ မန်စီးတီးအသင်းကို ပြောင်းရွှေ့မှုမှာ ကလပ်အသင်းများစွာရဲ့ ပရိသတ်များကို စိတ်မချမ်းသာ ဖြစ်စေခဲ့ပါတယ်။ လိဒ် ယူနိုက်တက် ပရိသတ်တွေဟာလည်း သူတို့ရဲ့  ကြယ်ပွင့်ကစားသမား၊ အကယ်ဒမီ ငယ်မွေးခြံပေါက်တစ်ဦးကို ပုံမှန်စျေးကွက်တန်ဖိုးအောက် ပြောင်းရွှေ့ကြေး တစ်ခုနဲ့ လက်လွှတ်ဆုံးရှုံးရတော့မှာကို စိတ်မနှစ်မြို့ ဖြစ်နေကြပါတယ်။

Kalvin Phillips England

အင်္ဂလန် လက်ရွေးစင်ကစားသမား ကယ်ဗင် ဖီးလစ်စ်။

တစ်ချိန်တည်းမှာပဲ မန်ချက်စတာ ယူနိုက်တက် ပရိတ်သတ်တွေကလည်း သူတို့ရဲ့ အသင်းဟာ မန်စီးတီးအသင်းကနေ အသက် ၂၆ နှစ်အရွယ် ကစားသမားကို ခေါ်ယူခွင့် ပြုလိုက်ခြင်း ဖြစ်တယ်လို့ ရှုမြင်နေကြပါတယ်။ အသက် ၂၆ နှစ်အရွယ် ကစားသမား ဖီးလစ်စ်ဟာ လိဒ်အသင်းနဲ့ ချိတ်ဆက်မှု၊ ကလပ်အသင်းတွေကြား သမိုင်းဝင် ပြိုင်ဆိုင်မှုတွေကြောင့် မန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ မဖြစ်နိုင်ပါဘူး။ 

ဒါ့အပြင် မန်စီးတီးအသင်းနဲ့ နှိုင်းယှဥ်ပါက ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ တိုးတက်မှု အနည်းငယ်မျှသာ ပြုလုပ်ထားခြင်းကြောင့် ကလပ်အသင်းရဲ့ ကစားသမား ခေါ်ယူမှုက ပရိတ်သတ်တွေကို အားမလိုအားမရ ဖြစ်စေပါတယ်။

အင်္ဂလန် လက်ရွေးစင် ကစားသမားရဲ့ အပြောင်းအရွှေ့က တခြားအသင်းကို အကျိုးသက်ရောက်မှု ရှိစေသလား?

ဒီအပြောင်းအရွှေ့က တခြား ဆုံးရှုံးမှုကြီးတွေကတော့ တော့တင်ဟမ်ပါ။ သူတို့က တောင်ပံတိုက်စစ် ကစားသမား ရာဖင်ညာကို ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ကြပါတယ်။ ဒါပေမယ့်  လိဒ်ယူနိုက်အသင်းအနေနဲ့ အဓိက ကွင်းလယ်ကစားသမားတစ်ဦး ရောင်းချပြီးချိန်မှာ နောက်ထပ် အဓိက တောင်ပံကစားသမားတစ်ဦးကို ရောင်းချဖို့ ဆိုတာတော့ မဖြစ်နိုင်ပါဘူး။

Gabriel Jesus to Arsenal

အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ဂါဘရီယယ် ဂျီးဆပ်။

တကယ်လို့ ရောင်းချခဲ့မယ်ဆိုရင်တောင် စပါးအသင်းအနေနဲ့ တောင်ပံကစားသမားကို တော်ရုံ ပြောင်းရွှေ့ကြေးနဲ့ ရမှာတော့ မဟုတ်ပါဘူး။ အာဆင်နယ်အသင်းကလည်း ဒီအမျိုးအစားထဲကို ရောက်သွားပေမယ့် အနည်းဆုံး ဖီးလစ်စ်နဲ့ မန်စီးတီးတို့ရဲ့  သဘောတူညီချက်က ဂန်းနားတို့ရဲ့ အနာဂတ် တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ် အပြောင်းအရွှေ့ကို အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment