Anthony ရဲ့ ပြောင်းရွှေ့ကြေးက ဘယ်လောက်ရှိမလဲ?

Anthony to Manchester United
June 23, 2022

မန်ယူအသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ Anthony [အန်တိုနီ ] နဲ့ တင်းဘားတို့အတွက် အေဂျက်စ်က ဘယ်လောက်တောင်းဆိုမလဲ?

Anthony [အန်တိုနီ] နဲ့ နောက်ခံလူ  ဂျူရီယန် တင်းဘားတို့ကို ခေါ်ယူချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ စိတ်ဝင်စားမှုကို အေဂျက်စ်အသင်းအနေနဲ့  ချေပဖို့ ရည်ရွယ်ထားပုံရပါတယ်။ အမ်စတာဒမ်အသင်း [ အေဂျက်စ်အသင်း  ] ဟာ အခုနွေရာသီမှာ သူတို့ရဲ့ နည်းပြဟောင်း အဲရစ်တန်ဟက်ကို မန်နေဂျာအဖြစ် ခန့်အပ်ခဲ့တဲ့ အိုထရတ်ဖို့ဒ်ကလပ်ဆီက ကစားသမားအပြောင်းအရွှေ့ စိတ်ဝင်စားမှုကို  ငြင်းဆိုထားတယ်လို့ သိရပါတယ်။

Eredivisie [ ဟော်လန်လိဂ်  ] ချန်ပီယံတွေဟာ ဘိုင်ယန်မြူးနစ်အသင်းဆီ Ryan Gravenberch [ ရိုင်ယန် ဂရာဗန်ဘာ့ချ် ]ကို အပြီးသတ်ရောင်းချပြီးနောက် အခုနွေရာသီမှာ ငွေကြေးအရ ကောင်းမွန်စွာရပ်တည်နေကြကြောင်း တွေ့ရှိရပါတယ်။ ဒီအတောအတွင်း တိုက်စစ်မှူး Sebastien Haller [ စဘာ့စ်ရှန်း ဟော်လာ ] ကလည်း ဒေါ့မွန်အသင်းကို ကြီးမားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ပြောင်းရွှေ့ဖို့  နီးစပ်နေပြီ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ယူနိုက်တက်အသင်းနဲ့ အန်တိုနီ [Anthony] ရဲ့ အပြောင်းအရွှေ့

သတင်းတွေအရတော့ အန်တိုနီဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ တမင်တကာ တွန်းအားပေးနေပေမယ့် Timber [ တင်းဘား ] ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သံသယတွေ ကြီးကြီးမားမား ရှိနေပါတယ်။ နယ်သာလန်နည်းပြ လူးဝစ်ဗန်ဂါးလ်က နောက်ခံလူရဲ့  အပြောင်းအရွှေ့ကိစ္စမှာ ငြင်းဆိုထားပါတယ်။

ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ပြီး ပုံမှန်ပွဲထွက်ခွင့် မရဘူးဆိုရင်တော့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရမှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်မှုတွေလည်း ရှိခဲ့ပါတယ်။ ကလပ်အသင်းရဲ့ ‌ကစားသမား ရောင်းချဖို့ ဖိအားအနည်းငယ်ဆိုတာကတော့ သူတို့ရဲ့ လက်ရှိကစားသမားတွေအတွက် ပရီမီယံပြောင်းရွှေ့ကြေးကို ကောက်ခံနိုင်တယ်လို့ ဆိုလိုတာပါ။

Anthony with trophy

ဟော်လန်အမှတ်ပေးဒိုင်းနဲ့အတူ အောင်ပွဲခံနေတဲ့ အန်တိုနီ။

တိုက်စစ်ကစားသမား Anthony [ အန်တိုနီ ] နဲ့ နောက်ခံလူ တင်းဘားတို့ရဲ့ ပြောင်းရွှေ့ကြေး

နယ်သာလန်နိုင်ငံရဲ့ အကြီးဆုံး သတင်းမီဒီယာတစ်ခုဖြစ်တဲ့ De Telegraaf ရဲ့ ဖော်ပြချက်အရ Ajax [ အေဂျက်စ်အသင်း ] ဟာ အန်တိုနီအတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၇၀ အထိ တောင်းဆိုထားပါတယ်။ နောက်ခံလူ တင်းဘားအတွက်လည်း ပြောင်းရွှေ့ကြေး အနည်းဆုံ ယူရိုသန်း ၅၀ သတ်မှတ်ထားပြီး သူတို့ရဲ့ ခိုင်မာတဲ့ ‌အနေအထားကို အခွင့်ကောင်းယူဖို့ ကြိုးစားသွားမယ်လို့ ဖော်ပြထားပါတယ်။

အလားတူ အေဂျက်စ်အသင်းဟာ အိုးလ်ထရက်ဖို့ဒ်အသင်းသာမက ပရီးမီးယားလိဂ်ပြိုင်ဘက်အာဆင်နယ်နဲ့လည်း ပိုမိုသတိထားပြီး ချိတ်ဆက်နေတဲ့ Lisandro Martinez [ လီဆန်ဒရို မာတီနက်ဇ် ] အတွက်လည်း ယူရိုသန်း ၅၀ တောင်းခံသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

Timber to Manchester United

အေဂျက်စ်နောက်ခံလူ တင်းဘား။

အန်တိုနီ အပါအဝင် အေဂျက်စ်ကစားသမား သုံးယောက်က ဘယ်လောက်တန်ကြေးရှိလဲ?

ခန့်မှန်းခြေအရဆိုရင် ဘရာဇီးလ်သား အန်တိုနီရဲ့ ပြောင်းရွှေ့ကြေးက ယူရို ၃၃ သန်း ပတ်တန်းကျင်ရှိမယ်လို့ ယူဆရပါတယ်။ သူ့ရဲ့ ပြောင်းရွှေ့ကြေးက ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့သွားတဲ့ ရိုင်ယန် ဂရာဗန်ဘာ့ချ်ရဲ့ အောက်မှာ ရှိနေပါတယ်။ နောက်ထံ နောက်ခံလူတွေဖြစ်တဲ့ တင်းဘားနဲ့ လီဆန်ဒရို မာတီနက်ဇ်တို့ရဲ့ ပြောင်းရွှေ့ကြေးတွေကတော့ ယူရို ၃၈ သန်းနဲ့ ယူရို ၃၅ သန်း ပတ်ဝန်းကျင် အသီးသီးရှိမယ်လို့ ခန့်မှန်းရပါတယ်။

ဒီတန်ကြေးတွေကို ကစားပွဲရလဒ် ဒေတာ အချက်အလက်တွေအပြင် စာချုပ်သက်တမ်း၊ အသက်အရွယ်၊ တခြားပြင်ပ အချက်အလက်တွေကို ခြုံငုံသုံးသပ်ပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ အဆိုပါကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူလိုပါက ဒီပြောင်းရွှေ့ကြေးတွေထက် မြင့်မားနေမှာတော့ သေချာပါတယ်။

ယူနိုက်တက်အသင်းရဲ့ နောက်ထပ်ပစ်မှတ် - ဘရန်နန် ဂျွန်ဆင်

ဘရန်နန် ဂျွန်ဆင်ဟာ သူ့ရဲ့ ပထမဆုံးရာသီမှာ နော်တင်ဟမ် ဖောရက်စ် ပွဲထွက်ပထမအသင်းနဲ့အတူ ပရီးမီးယားလိဂ်ကို play-offs ကတစ်ဆင့် တန်းတက်ခွင့်ရခဲ့ပါတယ်။ ဒီလို အသင်းရဲ့ အောင်မြင်မှုမှာ ဂျွန်ဆင်ဟာ အဓိကနေရာက ပါဝင်ပတ်သက်နေခဲ့ပါတယ်။ ကစားသမားဟာ နော်တင်ဟမ် ဖောရက်စ်အသင်းအတွက် ပြိုင်ပွဲစုံ ၅၃ ပွဲမှာ ၁၉ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ချီးကျူးမှုတွေ ခံနေရပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Brennan Johnson Nottingham Forest

ယူနိုက်တက်တို့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘရန်နန် ဂျွန်ဆင်။

အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ အသင်းနဲ့ စာချုပ်က ၂၀၂၃ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး မကြာခင် စာချုပ်သစ်ချုပ်ဆိုဖို့ ဖောရက်စ်အသင်းက ရည်မှန်းထားပါတယ်။ မကြာသေးခင် ရက်တွေအတွင်းက ဂျွန်ဆင်ဟာ မန်ယူနိုက်တက်အသင်းအတွက် အံ့အားသင့်ဖွယ် အပြောင်းအရွှေ့ ပစ်မှတ်အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ ကစားသမားဟာ အရင်က လိဒ်စ်ယူနိုက်တက်အသင်း၊ နယူးကာဆယ် ယူနိုက်တက်အသင်းတို့နဲ့ ချိတ်ဆက်ခဲ့ဖူးပါတယ်။

အထူးသဖြင့် အဲရစ်တန်ဟက်ဟာ ယူနိုက်တက် မန်နေဂျာသစ်ဖြစ်လာမယ်လို့ ထုတ်ဖော်ပြောဆိုပြီးနောက်မှာတော့ ဂျွန်ဆင်ကို အိုးထရက်ဖို့ဒ်ဆီ ပြောင်းရွှေ့ဖို့ ကာလကြာရှည်ချိတ်ဆက်နေခဲ့တဲ့ အေဂျက်တောင်ပံကစားသမား အန်တိုနီအတွက် အလားအလာရှိတဲ့ ဒုတိယ ပလန်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment