Dani Olmo – အော်လ်မို ဘာကာကို ပြန်လာချင်။

Dani Olmo wants to return to Barcelona
January 10, 2023

ဘာစီလိုနာအသင်းကို ပြန်လာချင်တယ်ဆိုတဲ့ အာဘီ လိုက်ပ်ဇစ် တိုက်စစ်မှူး Dani Olmo [ အော်လ်မို ]။

Dani Olmo [ ဒန်နီ အော်လ်မို ] ဟာ လက်ရှိ RB Leipzig [ အာဘီ လိုက်ပ်ဇစ် ] အသင်းမှာ ကစားနေပြီး တစ်နေ့မှာ သူ့ရဲ့ ငယ်ဘဝ အသင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းဆီ ပြန်လာဖို့ ဆန္ဒ ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။

ဒန်နီ အော်လ်မို ဟာ ဘာစီလိုနာ ကနေ ခရိုအေးရှား ကလပ် ဒိုင်နမို ဇာဂရက်ဆီ အလွတ်နဲ့ ထွက်ခွာခဲ့ပြီးနောက် ဘွန်ဒက်လီဂါရှိ RB Leipzig ကို မပြောင်းရွှေ့ခင်မှာ သမားရိုးကျမဟုတ်တဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

စပိန်သား Dani Olmo [ ဒန်နီ အော်လ်မို ] ဟာ ဘာစီလိုနာကို ပြန်လာဖို့ စောင့်ကြည့်နေပါတယ်။

သူဟာ မကြာသေးခင် အချိန်တွေတုန်းက နည်းပြ လူးဝစ် အင်းန်ရစ် တာဝန်ယူ ဖွဲ့စည်း တည်ဆောက်ခဲ့တဲ့ စပိန်လက်ရွေးစင် အသင်းမှာ တိုက်စစ်ပိုင်းအတွက် ရွေးချယ်ခံခဲ့ရပြီး လိုက်ပ်ဇစ်အသင်းကနေ ထွက်ခွာဖို့လည်း ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။

အခု အချိန်မှာ ဒန်နီ အော်လ်မို ဟာ သူ့ရဲ့ ငယ်ဘဝ ကလပ် ဘာစီလိုနာဆီ ပြန်လာလိုတဲ့ ဆန္ဒ နဲ့ ကာလအတန်ကြာ ဝေးကွာနေပေမယ်လည်း သူ့ရဲ့ မြို့နဲ့ နိုင်ငံကို ဘယ်လောက်ထိ ချစ်မြတ်နိုးကြောင်း ပြောဆိုခဲ့ပါတယ်။

Dani Olmo scored against Costa Rica at WC 2022

ဒန်နီ အော်လ်မိုဟာ ကော်စရီကာနဲ့ ကမ္ဘာ့ဖလား ပွဲမှာ ၁ ဂိုးသွင်း၊ ၁ ဂိုးဖန်းတီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ အနာဂတ် အစီအစဉ်တွေ နဲ့ ပတ်သက်ပြီး  ဂျာမန် သတင်းဌာန တစ်ခု ဖြစ်တဲ့  Bild နဲ့ စကားပြောဆိုရာမှာ ဒန်နီ အော်လ်မိုက “ကျွန်တော် ငယ်ငယ်တုန်းက ခြောက်နှစ် ကြာအောင် အဲဒီမှာ ကစားခဲ့တယ်။ ငါ့အတွက် အမြဲတမ်းအိမ်ဖြစ်လိမ့်မယ်။ ”

“ လက်ရွေးစင်အသင်းမှာ ကစားနေတဲ့ ကျွန်တော့်သူငယ်ချင်းတွေလည်း အများကြီးပါ။ အဲ့ဒီကို တစ်ချိန်ချိန်မှာ ပြန်သွားချင်တယ်။ အရမ်းကောင်းလိမ့်မယ်။ စပိန်က ငါ့နိုင်ငံ၊ ငါ့လိဂ်။ ကျွန်တော့် မိသားစုနဲ့ သူငယ်ချင်းတွေက အဲဒီမှာ နေထိုင်ကြတယ်။ ”

ဒါပေမယ့် ကျွန်တော် စပိန်နဲ့ ဆက်စပ်နေတာ မဟုတ်ပါဘူး။ ကျွန်တော့်အတွက် အရေးကြီးဆုံး အရာက ကျွန်တော် တကယ် ချစ်မြတ်နိုးပြီး အရေးကြီးတယ်လို့ ခံစားရတဲ့ ကလပ်တစ်ခုမှာ ကစားဖို့ပါပဲ။ ” လို့ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

ဘာစီလိုနာဟာ Dani Olmo [ ဒန်နီ အော်လ်မို ] ကို ခေါ်ယူဖို့ စဥ်းစားခဲ့ဖူးပါတယ်။

အော်လ်မိုဟာ အာဆင်နယ် နဲ့ ရှက်ခ်တာ ဒိုးနက်စ်တို့အကြား ညှိနှိုင်းမှုတွေ ပြုလုပ်ပြီးနောက် ရက်အနည်းငယ်အတွင်း အာဆင်နယ်ဆီ ပြောင်းလာမယ့် မီခါဟိလာ မူဒရစ်ရဲ့ အစားထိုး ရွေးချယ်မှုကို ရှာဖွေနေတာကြောင့် မကြာသေးခင်က ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ရှိနေခဲ့ပါတယ်။

Dani Olmo at RB Leipzig

အာဘီလိုက်ပ်ဇစ် တိုက်စစ်မှူး ဒန်နီ အော်လ်မို။

ဒါ့အပြင် အခြားသော ပရီးမီးယားလိဂ် ကလပ်တွေဟာလည်း ကစားသမားကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ထားပေမယ့် တိကျ သေချာမှု တစ်စုံတစ်ရာ မရှိသေးဘဲ လိုက်ပ်ဇစ်မှာ အနည်းဆုံး နွေရာသီအထိ ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။

ရော်နယ်ကိုမန်းက ခေါ်ယူဖို့ တောင်းဆိုခဲ့သလို Dani Olmo [ ဒန်နီ အော်လ်မို ] ကို ခေါ်ယူဖို့ ဘာစီလိုနာကလည်း အလေးအနက်ထား စဉ်းစားခဲ့ပါတယ်။ ဒါပေ မယ့်လည်း အဲဒီတုန်းက ကစားသမားကို အသင်းက မတတ်နိုင်ခဲ့ပါဘူး။

ငယ်ဘဝကလပ်ကို ပြောင်းလာချင်တယ်ဆိုတဲ့ အော်လ်မိုရဲ့ ဆန္ဒက အံ့ဩစရာတစ်ခုတော့ မဟုတ်ပါဘူး။

တိုက်စစ်မှူး အော်လ်မိုဟာ ၂၀၀၇ ခုနှစ် ကနေ ၂၀၁၄ ခုနှစ် အတွင်း ဘာစီလိုနာမှာ ရှိခဲ့ပြီး အဲ့ဒီ နှစ်တွေမှာ ဒိုင်နမို ဇာဂရက်အသင်းဆီ မပြောင်းရွှေ့ခင်ကတည်းက အသင်းမှာ အကောင်းဆုံးပုံစံနဲ့ သူကိုယ်တိုင် နာမည်တစ်ခု ရခဲ့ပါတယ်။

ခရိုအေးရှား ကလပ် ဒိုင်နမို ဇာဂရက်မှာလည်း နာမည်တစ်ခု ရခဲ့ပြီး ဘာစီလိုနာရဲ့ အကယ်ဒမီ La Masia ကနေ စ, တင်ခဲ့တဲ့ သူ့ရဲ့ လူငယ် ကစားသမားဘ၀ကို ပြီးခဲ့တဲ့ နှစ် အနည်းငယ်အတွင်း အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိခဲ့ပါတယ်။

Dani Olmo at La Masia

ဘာစီလိုနာ လူငယ် ကစားသမား အော်လ်မို။

အဲ့အချိန်ကနေ စ, လို့ လိုက်ပ်ဇစ်ကို ပြောင်းရွှေ့ခဲ့ပြီး သူ့ရဲ့ ခြေစွမ်း ပိုကောင်းလာကာ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ကာတာသို့ သွားရောက်ခဲ့တဲ့ လူးဝစ် အင်းန်ရစ် ရဲ့ လက်အောက် စပိန်အသင်း ရဲ့ တစ်စိတ်တစ်ပိုင်းပင် ဖြစ်ခဲ့ပါတယ်။

ဟိုအရင်တုန်းက Dani Olmo [ ဒန်နီ အော်လ်မို ] မွေးဖွား ကြီးပြင်းခဲ့တဲ့ ဘာစီလိုနာအတွက် သူ့ရဲ့ လေးစားမှုကို အမြဲပြောပြီး ငယ်ဘဝအသင်းဆီ ပြန်လည် ပြောင်းရွှေ့လာချင်တယ်ဆိုတဲ့ ကိစ္စက အံ့ဩစရာတစ်ခုတော့ မဟုတ်ပါဘူး။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment