Wout Weghorst ကို ခေါ်ယူတော့မယ့် ယူနိုက်တက်။

Wout Weghorst is wanted on loan by Man U
January 9, 2023

တိုက်စစ်မှူး Wout Weghorst [ ဝေါက်ထ် ဝက်ဂေါ့စ် ] ကို ခေါ်ယူဖို့ ဘန်လေနဲ့ ဆွေးနွေးခဲ့ကြောင်း ပြောလာတဲ့ ယူနိုက်တက်။

Wout Weghorst [ ဝေါက်ထ် ဝက်ဂေါ့စ် ] ဟာ ဘန်လေ အသင်းကနေ  ဘတ်ရှိတတ်စ် အသင်းဆီ အငှားချထားတဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်ပြီး သူ့ကို ခေါ် ယူဖို့ အလားအလာရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး ယူနိုက်တက်က ဘန်လေနဲ့ ဆွေးနွေးနေတယ်လို့  Sky Sports က ဖော်ပြခဲ့ပါတယ်။

နိုဝင်ဘာလတုန်းက နှစ်ဖက် သဘောတူ စာချုပ်နဲ့ အသင်းနဲ့ စာချုပ် ဖျက်သိမ်းလိုက်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို နေရာကို အစားထိုးဖို့ ယူနိုက်တက် အသင်းက ဘတ်ဂျက် ရွေးချယ်မှု တစ်ရပ်ကို ရှာဖွေနေပြီး အသက် ၃၀ အရွယ် နယ်သာလန် လက်ရွေးစင်ကို ပစ်မှတ် အဖြစ် ပြောင်း‌သွားခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဝေါက်ထ်ဝက်ဂေါ့စ်အတွက် လျော်ကြေး လိုချင်နေတဲ့ ဘတ်ရှိတတ်စ် အသင်း။

ဝက်ဂေါ့စ် ဟာ နယ်သာလန် – အာဂျင်တီးနား ကမ္ဘာ့ဖလား ကွာတား ဖိုင်နယ် ပွဲစဥ်မှာ သိသိသာသာ ခြေစွမ်းကောင်းခဲ့ပြီး နောက်ကျ ချေပဂိုး သွင်းယူနိုင်ခဲ့ပေမယ့် နွေရာသီတုန်းက တူရကီ အသင်းဆီ အငှားချခဲ့တဲ့ ဘန်လေ အသင်း နဲ့အတူ ပရီးမီးယားလိဂ်မှာ အရင်က ရုန်းကန်ခဲ့ရပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ Turf Moor  [ ဘန်လေ ] ကလပ် အသင်းနဲ့ ဖြစ်နိုင်ချေရှိတဲ့ အပြောင်းအရွှေ့ ကိစ္စ ဆွေးနွေးနေပြီး အဓိက ရှုပ်ထွေးတဲ့ အချက်ကတော့ ကစားသမားနဲ့ Besiktas ရဲ့ အပြောင်းအရွှေ့ကို ရပ်စဲဖို့ ဖြစ်နိုင်ချေ ရှိမရှိဆိုတဲ့ အချက်ပါပဲ။

Wout Weghorst is loan at beşiktaş

ဘက်ရှိတတ်စ် တိုက်စစ်မှူး ဝက်ဂေါ့စ်။

ဘတ်ရှိတတ်စ် အသင်းဟာ အခုနှစ် ရာသီ တူရကီ စူပါလီဂါ ပွဲစဉ် ၁၆ ပွဲမှာ ၈ ဂိုး သွင်းယူပေးထားတဲ့ တိုက်စစ်မှူး ဝက်ဂေါ့စ်ကို ဆုံးရှုံးခဲ့ပါက လျော်ကြေး ရရှိဖို့ကို ထူးထူးခြားခြား စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

နည်းပြ အဲရစ် တန်ဟက်က သူ့ရဲ့ ပစ်မှတ် ကစားသမား တစ်ဦးကို အလိုရှိနေပါတယ်။

ယူနိုက်တက် မန်နေဂျာ အဲရစ် တန်ဟက်ဂ် ဟာ ကျန်ရှိတဲ့ ဒုတိယ ရာသီဝက်မှာ အးသင်းကို အကောင်းဆုံး ပုံစံနဲ့ ဆက်လက် ဦးဆောင်ဖို့ ပိုမို ကြံ့ခိုင်တဲ့ ကစားသမား တစ်ဦးကို အလိုရှိနေကြောင်း ထင်မြင် ယူဆနေပါတယ်။

ယူနိုက်တက်အသင်းဟာ ဝုဗ်ရဲ့ ဆာဆာ ကာလိုက်ဇစ်၊ အာဘီ ဆောဇ်ဘက်ဂ်ရဲ့ ဘန်ဂျမင် ဆက်စ်ကို နဲ့ ဘိုလော့ဂ်နာရဲ့ အနာတိုဗစ် အစရှိတဲ့ တိုက်စစ်မှူး အသီးသီးကို နွေရာသီတုန်းက ခေါ်  ယူဖို့ ကြိုးစားခဲ့ပြီး ဖြစ်ပါတယ်။

Wout Weghorst scored against Argentina

ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားဘက်ကို ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဝက်ဂေါ့စ်။

ဇန်နဝါရီလ အပြောင်းအရွှေ့ ဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက် ရဲ့ ရွေးချယ်မှုတွေဟာ နွေရာသီတုန်းက ကစားသမားသစ် ခေါ်ယူဖို့ အသုံးပြုခဲ့တဲ့ ငွေကြေး အရမ်းများခဲ့တာကြောင့် အခုအချိန်မှာ သူတို့ရဲ့ ဘတ်ဂျက်ငွေကို လျှော့ချတဲ့ အနေနဲ့ အငှားနဲ့ပဲ ခေါ်ယူဖို့ ကန့်သတ်ထားပုံပေါ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် အဲရစ် တန်ဟက်ဂ် ဟာ ယခုနှစ် ရာသီမှာ မန်ယူအသင်း ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေ ရှိနေလို့ စျေးကွက်မှာ သြဇာလွှမ်းမိုးနိုင်ခဲ့ပြီး အချို့က ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်ဖို့တောင် ယုံကြည်ခဲ့ကြပါတယ်။

နယ်သာလန်သား Wout Weghorst [ ဝက်ဂေါ့စ် ] ကို အငှားနဲ့ ခေါ်ယူမယ့် ယူနိုက်တက်။

ဝက်ဂေါ့စ်ကို မန်ချက်စတာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုဟာ အံ့အားသင့်စရာ ဖြစ်လာပေမယ့် အဲရစ် တန်ဟက်ဂ်ဟာ ကစားသမားရဲ့ အဓိက ပုဂ္ဂိုလ်ဖြစ်ပြီး သူ့ရဲ့ အသင်းမှာ ထည့်သွင်းရန် စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။

နယ်သာလန်တိုက်စစ်မှူးဟာ လက်ရှိတွင် ဘန်လေအသင်းကနေ ဘတ်ရှိတတ်စ်မှာ အငှားသွားရောက်ကစားနေပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းက သူ့ကို အိုးထရက်ဖို့ဒ်ဆီ ခြောက်လစာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

Wout Weghorst against Man U

ယူနိုက်တက်အသင်းနဲ့ တွေ့ဆုံခဲ့စဥ်က ဝက်ဂေါ့စ်။

ဝေါက်ထ်ဝက်ဂေါ့စ်ရဲ့ နေရာက ရှင်းပါတယ်။ သူ့အနေနဲ့ ယူနိုက်အသင်းမှာ ပါဝင် ကစားလိုသူ ဖြစ်ပြီး အဲရစ် တန်ဟက်ဂ်က သူ့ကို ခေါ် ယူလိုကြောင်းကိုလည်း သူသိထားတာကြောင့် ပြောင်းရွှေ့ဖို့ ၁၀၀% အောင်မြင်ဖို့ သေချာနေပါတယ်။

ယူနိုက်တက်ဘက်က ဘတ်ရှိတတ်စ်/ ဘန်လေ အသင်းတို့နဲ့ ဆက်လက် စကားပြော ဆွေးနွေးရဦးမှာ ဖြစ်တာကြောင့် Wout Weghorst [ ဝေါက်ထ် ဝက်ဂေါ့စ် ] ရဲ့ အပြောင်းအရွှေ့ ကိစ္စ ရလဒ် အပြီးသတ် မထွက်ပေါ်သေးပါဘူး။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment