Fernandez – ဘင်ဖီကာမှာ ကစားရတာကို နှစ်သက်။

January 11, 2023

ဘင်ဖီကာမှာ ကစားရတာကို Enzo Fernandez [ အန်ဇို ဖာနန်ဒက်ဇ် ] နှစ်သက်နေ။

Fernandez [ အန်ဇို ဖာနန်ဒက်ဇ် ] ဟာ လက်ရှိ ဘင်ဖီကာ အသင်းမှာ ကစားရတာ နှစ်သက်နေပြီး ကလပ်အသင်း နည်းပြကလည်း ဖာနန်ဒက်ဇ်ကို အသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

အင်ဇို ဖာနန်ဒက်ဇ်ရဲ့ ဘင်ဖီကာ နည်းပြ ရော်ဂျာရှမစ်က ချယ်လ်ဆီး အသင်းဆီက စိတ်ဝင်စားမှု ရှိနေပေမယ့် အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ် ကစားသမားဟာ ဇန်နဝါရီလ အပြောင်းအရွှေ့ ကာလထက် ကျော်လွန်ပြီး အသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်နေပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အာဂျင်တီးနား ကွင်းလယ်လူ Fernandez [ ဖာနန်ဒက်ဇ် ] ကို အသင်းမှာ ဆက်ထိန်းထားချင်တဲ့ ဘင်ဖီကာ နည်းပြ ရှမစ်။

ချယ်လ်ဆီးအသင်းဟာ ကမ္ဘာ့ဖလား ချန်ပီယံအတွက် ဘမ်ဘာ အပြောင်းအရွှေ့ကို ပြီးမြောက်ဖို့ နီးစပ်နေပေမယ့် မကြာသေးမီ ရက်တွေအတွင်း ဘင်ဖီကာက ကစားသမားထံ ချဉ်းကပ်မှုအပေါ်  “လေးစားမှု မရှိ ” ဆိုတဲ့ တံဆိပ်ကပ်ကာ ဆွေးနွေးမှုတွေ ပျက်ပြားသွားခဲ့ပါတယ်။

မည်သို့ပင် ဆိုစေကာမူ ချဲလ်ဆီး အသင်းဟာ အပြောင်းအရွှေ့ ကာလ မကုန်ဆုံးမီ Fernandez [ အန်ဇို ဖာနန်ဒက်ဇ် ] ကိစ္စကို ပြန်လည် စောင့်ကြည့်ဖို့ ခိုင်မာတဲ့ ဖြစ်နိုင်ခြေ ရှိနေဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဘင်ဖီကာ နည်းပြ ရှမစ်က အသက် ၂၁ နှစ် အရွယ် အာဂျင်တီးနား လူငယ် ကွင်းလယ် ကစားသမား အသင်းကနေ ထွက်ခွာသွားဖို့ ကိစ္စကို လတ်တလော မတွေးသေးဘူးလို့ ထင်ရပါတယ်။

အသင်းကို ချစ်မြတ်နိုးကြောင်း ဖော်ပြခဲ့တဲ့ ကွင်းလယ်လူ အင်ဇို ဖာနန်ဒက်ဇ်။

Varzim ကို ၂-၀ ဂိုနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ အန်ဇို ဖာနန်ဒက်ဇ်ဟာ ဒုတိယမြောက် အနိုင်ဂိုးကို ပွဲမပြီးခင် ၁၂ မိနစ် အလိုမှာ သွင်းယူပေးခဲ့ပြီး အသင်းကို ချစ်မြတ်နိုးတဲ့ အရိပ်အယောင်နဲ့ အောင်ပွဲခံခဲ့ပါတယ်။

ပွဲပြီးတဲ့နောက် နည်းပြက “ သူ့ရဲ့ စိတ်နေသဘောထားနဲ့ ကိုယ်ရည်ကိုယ်သွေးအပေါ် သံသယ မ၀င်ခဲ့ပါဘူး။ သူက အရမ်းကောင်းတဲ့ သူတစ်ယောက်ပါ၊ သူ့ အနေနဲ့ ဘင်ဖီကာမှာနေပြီး အသင်းအတွက် ကစားရတာကို နှစ်သက်ပါတယ်။ “

“ သူ့ကို အသင်းမှာ ဆက်ထိန်းထားဖို့ မျှော်လင့်ထားလား ဆိုရင်။ ဟုတ်ပါတယ်။ ကျွန်တော်လည်း အဲ့လိုပဲ မျှော်လင့်မိပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

ဘင်ဖီကာအသင်းကို အန်ဇို ဖာနန်ဒက်ဇ် က အရိပ်အမြွက် ပြောသွားခဲ့ပါတယ်။

ဒီအတော အတွင်းမှာ အန်ဇိုရဲ့ စိတ်ထားဟာ ဘင်ဖီကာအသင်းမှာ အခိုင်အမာ ရှိနေပုံ ရပြီး ဒါဟာ ကလပ်အတွက် ဆက်လက် တိုက်ပွဲဝင်ဖို့ ရည်ရွယ်ထားကြောင်း သူ့ရဲ့ အောင်ပွဲခံမှုမှာ အခိုင်အမာ အရိပ်အမြွက် ဖော်ပြခဲ့ပါတယ်။

ဖာနန်ဒက်ဇ်ဟာ ဂိုးသွင်း အပြီး အောင်ပွဲ ခံချိန်မှာ ‌မြက်ခင်းပြင် ပေါ်သို့ ညွှန်ပြခြင်း မပြုမီ  သူ့ရဲ့ ရင်ဘတ်က ဘင်ဖီကာ အသင်း လိုဂို အမှတ်တံဆိပ်ကို ရိုက်ပုတ်ခဲ့ပြီး ကလပ်အသင်းမှာ ဆက်လက် ရှိနေဦးမယ်ဆိုတဲ့ အကြောင်း ညွှန်ပြနေပုံရပါတယ်။

အင် ဇိုဖာနန်ဒက်ဇ်ဟာ နွေရာသီတုန်းက River Plate အသင်း ကနေ ဘင်ဖီကာဆီ ပြောင်းရွှေ့ကြေး ယူရို ၁၂ သန်းနဲ့သာ ခေါ်ယူခဲ့ပေမယ့် ချဲလ်ဆီး အသင်းကတော့ သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေး အဖြစ် ယူရို သန်း ၁၂၀ အထိ သတ်မှတ်ထားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘင်ဖီကာ အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ မတိုင်ခင် အင်ဇို ဖာနန်ဒက်ဇ် ရဲ့ လက်ရှိ တန်ကြေး ကျဆင်းမသွားဘူးလို့ ခံစားရတာကြောင့် ကွင်းလယ် ကစားသမားကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားဖို့ စိတ်အားထက်သန်လျက် ရှိနေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment