Mbappe ပီအက်စ်ဂျီကနေ ထွက်ခွာတော့မှာလား။

Mbappe want to leave PSG
October 12, 2022

PSG ကနေ ထွက်ခွာတော့မယ့် Mbappe [ အမ်ဘာပေ ] အတွက် ရွေးချယ်စရာ ကလပ် ၄ သင်း။

Mbappe [ ကီလီယန် အမ်ဘာပေ ] ရဲ့ အပြောင်းအရွှေ့ဟာ ပြီးခဲ့တဲ့နွေရာသီက ကုန်ဆုံးသွားခဲ့ပြီလို့ ယုံကြည်ခဲ့ပေမယ့် ငါးလအကြာမှာပဲ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ပဲရစ်စိန့်ဂျာမိန်းကနေ ထွက်ခွာဖို့ အကြောင်းဖန်လာခဲ့ပြီ ဖြစ်ပါတယ်။

ပြင်သစ်ကြယ်ပွင့်ဟာ ပြင်သစ်ကလပ်အသင်းနဲ့ သုံးနှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုထားပေမယ့် ကစားသမားနဲ့ လီဂူး ချန်ပီယံအသင်းတို့ကြား တင်းမာနေတဲ့ ဆက်ဆံရေးတွေကြောင့် ထွက်ခွာလိုကြောင်း ကောလဟာလ သတင်းတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဆိုတော့ Mbappe [ အမ်ဘာပေ ] အနေနဲ့ ဘယ်ကလပ်တွေကို ပြောင်းရွှေ့နိုင်မလဲ။

အားကစား မီဒီယာ Marca ရဲ့ ဖော်ပြချက်အရ Mbappe [ အမ်ဘာပေ ] နဲ့ မန်နေဂျာ ခရစ္စတိုဖီ ဂယ်လ်တိုက်ယာတို့ကြား သဘောထား ကွဲလွဲပြီးနောက် ရက်အနည်းငယ် အကြာမှာပဲ ကစားသမားရဲ့ အသင်းကနေ ထွက်ခွာလိုတဲ့ ဆန္ဒကို ပိုပြီး ပြင်းထန်လာစေခဲ့တာလို့ ဆိုပါတယ်။

၁။ တိုက်စစ်မှူး [ အမ်ဘာပေ ] Mbappe အပြောင်းအရွှေ့ မအောင်မြင်လိုက်တဲ့ ရီးယဲလ်မက်ဒရစ်။

သိသာထင်ရှားတဲ့ ရွေးချယ်မှု အဖြစ် – ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေရဲ့ ငယ်ဘဝ အိပ်မက်အသင်း ဖြစ်ပြီး နှစ်များအတွင်း သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားမှု အရှိဆုံး အသင်း ဖြစ်ခဲ့ပါတယ်။ – မက်ဒရစ်အသင်း အနေနဲ့ အပြောင်းအရွှေ့ အတွက် သေချာပေါက် ထပ်မံ ချိတ်ဆက်လာမှာ ဖြစ်ပါတယ်။

Mbappe vs Real Madrid

ရီးယဲလ်မက်ဒရစ်အသင်းဘကို ဂိုးသွင်းယူနေတဲ့ အမ်ဘာပေ။

Marca ရဲ့ ဖော်ပြချက်အရ PSG အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းက လွဲပြီး ဘယ်ကလပ်ကိုမဆို ရောင်းချဖို့ လမ်းဖွင့်ထားတာကြောင့် ဒီအပြောင်းအရွှေ့မှာ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် အရင်တုန်းက သူတို့ကို ငြင်းပယ်ခဲ့တဲ့ ကစားသမား တစ်ဦးအတွက် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့မယ် ဆိုရင် စိတ်ဝင်စားဖွယ် ရှိပေမယ့် ကလပ်အသင်း အားလုံးထဲမှာမှ မက်ဒရစ်အသင်းက အမ်ဘာပေ ပြောင်းရွှေ့ဖို့ စိတ်အား အထက်သန်ဆုံး ဖြစ်မယ့် အသင်းတစ်သင်း ဖြစ်ပါတယ်။

၂။ လီဗာပူးလ်အသင်း

အားကစားမီဒီယာ Marca ရဲ့ ဖော်ပြချက်အရ PSG အသင်းဟာ အရင်က Mbappe ကို စိတ်ဝင်စားခဲ့ဖူးတဲ့ လီဗာပူးလ်အသင်းကို ရောင်းချဖို့ လမ်းဖွင့်ထားပေမယ့် ငွေကြေးအရတော့ ဒီအပြောင်းအရွှေ့ကို ရပ်တန့်သွားနိုင်ပါတယ်။

ပြင်သစ်သား အမ်ဘာပေဟာ လီဗာပူးလ်ကို လာမယ့် အပြောင်းအရွှေ့ နှစ်ခုထဲက တစ်ခုထဲ ပြောင်းရွှေ့မယ်ဆိုရင် ကမ္ဘာ့ စံချိန်တင် ကြေးတောင် ပေးချေရနိုင်ပြီး ဒါက လီဗာပူး တတ်နိုင် မယ့် အရာပါ။

Mbappe signed with PSG til 2025

ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၅ အထိ စာချုပ်ချုပ်ဆိုထားတဲ့ အမ်ဘာပေ။

အန်ဖီးလ်အသင်းဟာ ဒီနွေရာသီမှာ ပြောင်းရွှေ့ကြေး များများစားစား အသုံးမချခဲ့ဘဲ ဒီလိုမျိုး အခွင့်အရေးတွေ အမှန်တကယ်ဖြစ်လာရင် သူတို့မှာ ကစားသမား ခေါ်ယူဖို့ အပိုငွေတွေ ကျန်နေနိုင်ပါသေးတယ်။

၃။ ချဲလ်ဆီးအသင်း။

ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့ ပိုင်ရှင်အသစ် လက်အောက်မှာ သုံးစွဲဖို့ လက်မတွန့် အခြေအနေ ရှိနေပြီး ရှေ့တန်း တိုက်စစ်မှူး ကြယ်ပွင့်တစ်ဦးကို ခေါ်ယူလိုနေတာကြောင့် လန်ဒန်အသင်း အနေနဲ့ လူငယ် ကစားသမားများကို အာရုံစိုက်နေတယ်လို့ သိရပါတယ်။

ကြယ်ပွင့်တွေ အားလုံးကတော့ ပြီးပြည့်စုံစွာကို အဆင်သင့် တန်းစီနေပြီး အဲ့ဒါက ချဲလ်ဆီးအသင်းကိုလည်း အထောက်အကူ ပြုနိုင်မှာ ဖြစ်ပြီး – ချယ်လ်ဆီးအသင်းဟာ Mbappe ရဲ့ အပြောင်းအရွှေ့ လက်မှတ်အတွက် ထိပ်တန်းပြိုင်ဘက်တွေထဲက တစ်ဦးဖြစ်နိုင်ပါတယ်။

အခွင့်အရေးတွေ ပေါ်လာပြီး ရီးယဲလ်မက်ဒရစ် အသင်းကသာ ဒီအပြောင်းအရွှေ့ ကိစ္စထဲမှာ ပါဝင် ပတ်သက်မှု ရှိမလာခဲ့ဘူးဆိုရင်တော့ အမ်ဘတ်ပီကို ခေါ်ယူဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။

Mbappe vs Man City

မန်စီးတီးအသင်းနဲ့ တွေ့ဆုံခဲ့စဥ်က အမ်ဘာပေ။

၄။ မန်စီးတီးကိုရော Mbappe [ အမ်ဘာပေ ] ပြောင်းရွှေ့နိုင်မလား။

မန်ချက်စတာစီးတီးအသင်းမှာ အယ်လိန်း ဟာလန်းလိုမျိုးကမ္ဘာ့ ကြယ်ပွင့်တစ်ဦးရှိထားပြီ ဖြစ်ပြီး ကလပ်အသင်း အနည်းငယ်ကသာ သူတို့ရဲ့ ဘဏ္ဍာရေးစွမ်းရည်နဲ့ ကိုက်ညီတာကြောင့် မန်းစီးတီးအသင်း အနေနဲ့ အမ်ဘာပေကို ခေါ်ယူဖို့ ဖြစ်နိုင်ခြေ ရှိပါတယ်။

ဟာလန်းနဲ့ အမ်ဘာပေတို့ကို တစ်သင်းတည်းမှာ ပေါင်းစည်းစေခြင်းဟာ ပြိုင်ဆိုင်မှုတွေကို နှစ်ပေါင်းများစွာ ပျက်ပြားသွားစေနိုင်ပြီး လာမယ့် မျိုးဆက်ရဲ့ အကောင်းဆုံး ကစားသမားနှစ်ဦးဟာ ပြိုင်ပွဲတွေမှာ အအောင်မြင်ဆုံး အနေအထားအဖြစ် ရှိနေကြမှာပါ။

ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး Mbappe [ ကီလီယန် အမ်ဘာပေ ] ဟာ PSG အသင်းမှာ ပြတ်သားတဲ့ ဘောလုံးဖွဲ့စည်းပုံတစ်ခုကို အမြဲလိုချင်နေပြီး သူသာ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် မန်ချက်စတာ  စီးတီးအသင်း အနေနဲ့လည်း ကောင်းမွန်တဲ့ ပုံစံတွေကို ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment