Martinelli ရဲ့ အသင်းနဲ့ စာချုပ်သစ်ကိစ္စ အတည်ပြု။

Martinelli with Arsenal to new contract
October 11, 2022

တိုက်စစ်မှူး Martinelli [ ဂါဘရီယယ် မာတီနယ်လီ ] ရဲ့ အာဆင်နယ် အသင်းနဲ့ စာချုပ်သစ်ကိစ္စ။

Martinelli [ ဂါဘရီယယ် မာတီနယ်လီ ] ဟာ လက်ရှိ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းနဲ့ အနာဂတ် စာချုပ်သစ်ကိစ္စ ပြောဆိုဖို့ အတည်ပြုလိုက်ပြီလို့ သိရပါတယ်။

တနင်္ဂနွေနေ့က ကန်ခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဥ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်  ဂါဘရီရယ်မာတီနယ်လီက အာဆင်နယ်အသင်းနဲ့ အနာဂတ် စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဒီရာသီ ခြေစွမ်းပိုကောင်းလာတဲ့ မာတီနယ်လီ။

အဲ့ဒီပွဲမှာ မာတီနယ်လီက ပွဲကစားချိန် တစ်မိနစ်အတွင်းမှာပဲ အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး  သူတို့ရဲ့ ပြိုင်ဘက်အသင်းဘက်ကို အိမ်ကွင်းမှာ ၃-၂ ဂိုးနဲ့ အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂန်းနားတွေကို ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ကို တဖန် ပြန်လည် ပို့ပေးနိုင်ခဲ့ပါတယ်။

ဘရာဇီးလ်သားရဲ့ လက်ရှိ စာချုပ်ဟာ ၂၀၂၄ ခုနှစ်မှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ချဲလ်ဆီးအသင်းနဲ့ ဘာစီလိုနာ အသင်းတို့ကို ထိပ်တန်း ကလပ်အသင်းတွေက အခြေအနေကို စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Martinelli at Brazil

ဘရာဇီးလ်အသင်းအတွက် သုံးပွဲ ကစားပေးထားတဲ့ မာတီနယ်လီ။

ဒါပေမယ့်လည်း တိုက်စစ်မှူး Gabriel Martinelli [ ဂါဘရီယယ် မာတီနယ်လီ ] ကတော့ သူ့ အနေနဲ့ အမ်းမရိတ်စ်မှာပဲ ဆက်နေဖို့ စိတ်အားထက်သန်နေတယ်လို့ ဆိုပါတယ်။

စာချုပ်သစ်ကိစ္စနဲ့ ပတ်သက်ပြီး Martinelli [ ဂါဘရီယယ် မာတီနယ်လီ ] က

“ ကျွန်တော်တို့ စာချုပ်တစ်ခုအကြောင်း ပြောနေတာဆိုတော့ ဘာဖြစ်မလဲဆိုတာ ကြည့်ရအောင်။ ဒါပေမယ့် နေချင်တာပေါ့။ အာဆင်နယ်မှာ ဒီရာသီက ကျွန်တော့်ရဲ့ အကောင်းဆုံးရာသီလို့ ကျွန်တော်ထင်တယ်။ ဒီမှာ ဖြတ်သန်းရတဲ့ အချိန်တွေအတွက် အရမ်းပျော်တယ်။ ”

“အာဆင်နယ်အသင်းလို ကစားသမားကောင်းတွေ အများကြီးရှိတဲ့ ကလပ်အသင်းကြီးမှာ ရှိနေရတာ အံ့သြစရာကောင်းတဲ့ အခွင့်အရေးပါပဲ။ ကျွန်တော်တို့ အတူတူ တစ်ယောက်ချင်းစီအပေါ် ရှိကြတဲ့ နားလည်မှုတွေကို ခင်ဗျားတို့ မြင်နိုင်မှာပါ။ ပြီးတော့ ကျွန်တော်တို့မှာ ခြေစွမ်းတွေ တိုးတက်ဖို့ အချိန်အများကြီးရှိပါတယ်။ ”

“ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ အရည်အသွေးရှိပြီး ဒီထက်ပိုပြီး လုပ်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆန္ဒ ပြင်းပြမှုနဲ့ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်တွေကို လူတိုင်း မြင်နိုင်ပါတယ်။ ကျွန်တော်တို့က ပွဲတိုင်းကို အနိုင်ရချင်ပါတယ်။ ”

Martinelli to Arsenal with Euro 7M

ပြောင်းရွှေ့ကြေး ယူရို ၇ သန်းနဲ့ ရောက်ရှိလာတဲ့ မာတီနယ်လီ။

“ဟုတ်ပါတယ်။ ကျွန်တော်တို့အသင်း ပရိတ်သတ်တွေနဲ့ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ချန်ပီယံဆုကို ဆွတ်ခူးဖို့ လမ်းကြောင်းပေါ် ရောက်နေပြီ ဖြစ်ပါတယ်။ နောက်ပွဲတွေအတွက်လည်း ပြင်ဆင်ပြီး အနိုင် ရရှိဖို့ ကြိုးစားနေကြပါတယ်။ ” လို့ ပြောထားပါတယ်။

မာတီနယ်လီရဲ့ စာချုပ်သစ်အတွက် အလားအလာနဲ့ ပတ်သက်ပြီး အာဆင်နယ် နည်းပြ မီကယ် အာတီတာက

“သူ ထိုက်တန်တဲ့အရာက ရှင်းပါတယ်။ သူ့ရဲ့ ဆာလောင်မှု၊ သူ့ရဲ့ စိတ်ပိုင်းဖြတ်မှု၊ အားကစားပွဲကို  ချစ်တဲ့စိတ်တွေရယ်ပေါ့။ သူဘယ်အဆင့်ထိ ရောက်မလဲဆိုတာ မသိနိုင်ပါဘူး။ သူ့အနေနဲ့ အသင်းအတွက် နောက်ထပ် ဘာလုပ်ပေးရမလဲဆိုပြီး တောင်းဆိုနေတဲ့ သူတစ်ယောက်ပါ။ ” လို့ မှတ်ချက် ပေးထားပါတယ်။

အာဆင်နယ်အသင်း အနေနဲ့ Martinelli [ မာတီနယ်လီ ] အပါအဝင် လူငယ်သုံးဦးကို ဆက်ထိန်းဖို့ ကြိုးစားနေပါတယ်။

၂၀၁၉ ခုနှစ်တုန်းက မာတီနယ်လီဟာ ဘရာဇီးလ်ကလပ် Ituano ကလပ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၆ သန်းနဲ့ ရောက်ရှိလာပြီး ကတည်းက အာဆင်နယ်အသင်းမှာ ပုံမှန် ပွဲထွက် ကစားသမားတစ်ဦးအဖြစ် ရပ်တည်ခဲ့ပြီး အခုနှစ် အစောပိုင်းမှာလည်း သူ့ရဲ့ နိုင်ငံ လက်ရွေးစင်အသင်းအတွက် ၃ ပွဲ ပါဝင် ကစားခွင့် ရရှိခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ပရီးမီးယားလိဂ်မှာ ၆ ဂိုး သွင်းယူနိုင်ခဲ့ပြီး အခု ရာသီမှာလည်း အသင်းအတွက် ၄ ဂိုး သွင်းယူပေးထားပါတယ်။ သူက အာဆင်နယ်အသင်းအပေါ် အကျိုးသက်ရောက်မှု များစွာအတွက် သူ့ရဲ့ နိုင်ငံနဲ့ ကလပ်အသင်းဖော် ဂါဘရီရယ် ဂျီးဆပ်ကို ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။

Martinelli at Ituano

အီတူဝါနို ကစားသမားဟောင်း မာတီနယ်လီ။

မာ တီနယ်လီက “ ဂျီးဆပ်နဲ့ ဘူကာယိုကို ဆာကာတို့လို ကစားသမားတွေနဲ့ အတူ တွဲကစားရတာ အရမ်းပျော်ပါတယ်။ ဂါဘီဟာ ကွင်းထဲမှာတင် မကဘဲ ကွင်းပြင်မှာပါ တကယ်ကို ကောင်းမွန်တဲ့ လူတစ်ယောက်ပါ။ ”

“ ကျွန်တော့်ကို သူက ကူညီဖို့ အမြဲ ကြိုးစားနေတဲ့သူပါ။ အသက်အားဖြင့် ၂၅ နှစ်သာ ရှိသေးပေမယ့် သူ့မှာ အတွေ့အကြုံ အများကြီး ရှိပြီး လူတိုင်းက သူ့ကို  ချစ်ကြပါတယ်။ ” လို့ အသင်းဖော်ကို ချီးမွှမ်းခန်းတွေ ထုတ်ထားပါတယ်။

လန်ဒန်အသင်းဟာ မာတီနယ်နဲ့အတူ ဆာကာနဲ့ ဝီလီယံ ဆာလီဘာတို့ရဲ့ ရေရှည် အနာဂတ်ကို အာမခံနိုင်စေဖို့ မျှော်လင့်နေပြီး သူတို့ အားလုံးဟာ လက်ရှိ စာချုပ်သက်တမ်း နောက်ဆုံးနှစ်နှစ်ဆီ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကလပ်အသင်းမှာ ကစားသမား သုံးဦးစလုံးအတွက် စာချုပ်သစ်ကိုယ်စီကို မျှော်လင့်နေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment