Kvaratskhelia ရဲ့ နာပိုလီအသင်းမှာ ခြေစွမ်း။

Kvaratskhelia at Napoli 2022
October 13, 2022

တိုက်စစ်မှူး Kvaratskhelia [ ကဗာရာ့စ်ခီလီယာ ] ရဲ့ ခြေစွမ်းနဲ့ နာပိုလီအသင်းရဲ့ စီးပွားရေးလုပ်နည်း။

Kvaratskhelia [ ကဗာရာ့စ်ခီလီယာ ] ဟာ လက်ရှိ နာပိုလီအသင်းမှာ အကောင်းဆုံး ပုံစံနဲ့ ခြေစွမ်းပြနေတာ တွေ့ရပြီး ဒီအသင်းဟာ ဥရောပရှိ အသင်းကြီးတွေနဲ့ အသေးစား အပြောင်းအရွှေ့ ကိစ္စရပ်တွေအတွက် အတုယူသင့်တဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။

ရာသီကြိုမှာတုန်းက နာပိုလီအသင်းဟာ ဒီရာသီပြိုင်ပွဲကို အခြေအနေ ကောင်းမှာ မဟုတ်ဘူးလို့ စီးရီးအေ ကျွမ်းကျင်သူ အတော်များများက ခန့်မှန်းခဲ့ကြပါတယ်။ အထူးသဖြင့် ဒီအသင်းဟာ စီးရီးအေ အမှတ်ပေးဇယားရဲ့ ထိပ်တန်း ၄ သင်းမှာတောင် ပါဝင်မှာ မဟုတ်ဘူးလို့ ခန့်မှန်းခဲ့ကြတာပါ။

အကြောင်းအရင်းကတော့ နာပိုလီအသင်းဟာ သူတို့ရဲ့ အတွေ့အကြုံ အရှိဆုံး ခေါင်းဆောင် တွေ အပါအဝင် သူတို့ရဲ့ ပထမ အသင်း တစ်ဝက် ကို ရောင်းထုတ် ခဲ့ ရလို့ ပါ။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အရေးပါတဲ့ ကစားသမားတချို့ လက်လွှတ်လိုက်ရတဲ့ နာပိုလီအသင်း။

နောက်ခံလူ ကာလီဒူ ကူလီဘာလီကို ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀၊ အလယ်အလတ် ကွင်းလယ်ကစားသမား ဖေဘီယံ ရူဇ်ကို PSG အသင်းဆီ ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းနဲ့ ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။

ဂန္တဝင်အသင်းခေါင်းဆောင် လော်ရန်ဇို အင်ဇိုင်းနဲ့ ထာဝရဂိုးသွင်းဘုရင် ဒရစ်စ်မာတင်တို့ကို တိုရွန်တိုနဲ့ ဂါလာတာစာရေးအသင်းတွေဆီ အသီးသီး ပြောင်းရွှေ့သွားခဲ့ပြီး ဖြစ်ပါတယ်။ ပထမဦးစားပေး ဂိုးသမား ဒေးဗစ် အိုစပီနာကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။

Kvaratskhelia and Napoli are in fine form

ဒီရာသီ အောင်ပွဲတွေ ရနေတဲ့ နာပိုလီအသင်း။

လက်ရှိ နာပိုလီအသင်းဟာ ကွင်းထဲမှာ သာမက အ၀တ်လဲခန်းမှာလည်း အဓိကကျတဲ့ ပုဂ္ဂိုလ်အများအပြားကို ဆုံးရှုံးခြင်းမှ ပြန်လည်ကောင်းမွန်လာနိုင်မည် မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါတွေက တကယ်ကို အရေးပါတဲ့ ဇာတ်ကောင်ကြီးတွေပါ။

Khvicha Kvaratskhelia [ ကဗာရာ့စ်ခီလီယာ ] အပါအဝင် ခြေစွမ်းတိုးတက်လာတဲ့ ကစားသမားများ။

ကွက်လပ်ဖြစ်သွားခဲ့တဲ့ သူတို့ရဲ့ နေရာတွေမှာ အများစုဟာ ဖော်မပြဘဲ ခြေစွမ်း တိုးတက်လာတဲ့ ကစားသမားတွေပါ။ ခဗီချာ ကဗာရာ့စ်ခီလီယာ၊ ကင်မင်-ဂျေ၊ ဂီယာကိုမို ရာစ်ပါဒိုရီ၊ မတ်သီယက်စ် အိုလီဗီရာ၊ လီယို အိုစတီဂတ်၊ ဂျိုဗင်နီ ဆီမြွန်နီ၊ အန်ဒွန်ဘီလီနဲ့ ဆာလ်ဗာတိုးရ် ဆီရီဂူးတို့ ပဲ ဖြစ်ပါတယ်။

အီတလီကလပ် နာပိုလီအသင်းဟာ သူတို့ရဲ့ အပြောင်း‌အရွှေ့ ကိစ္စတွေမှာ အသားတင် အမြတ်ငွေတွေ ( အချို့သော အငှားချ ငွေကြေးတွေဟာ အမြဲတမ်း အပြောင်းအရွှေ့ တွေ အဖြစ်ကို ပြောင်းလဲမယ့် ငွေကြေး ဖြစ်ပေမယ့် ) အမှန်တကယ် ရရှိခဲ့ပါတယ်။ သူတို့ရဲ့ လုပ်ခ လစာတွေကိုလည်း လျှော့ချပစ်ခဲ့ပါတယ်။

Kvaratskhelia scored against Ajax

အေဂျက်အသင်းဖက်ကို ပင်နယ်တီကနေတဆင့် ဂိုးသွင်းယူနေတဲ့ ကဗာရာစ်ခီလီယာ။

ဒါတွေ အားလုံးက နာပိုလီဟာ ဒီရာသီ ဥရောပရဲ့ အကောင်းဆုံးအသင်းလို့ ဆိုရမှာက တကယ့်ကို မှတ်သားစရာပါပဲ။ သေချာပေါက် စောင့်ကြည့်ဖို့ အကောင်းဆုံးအသင်းပါ။

ဗုဒ္ဓဟူးနေ့ ညနေက နေပယ်မြို့ အိမ်ကွင်းပွဲစဥ်မှာ အေဂျက်စ်အသင်းကို ၄ – ၂ ဂိုးနဲ့ အနိုင် ရရှိခဲ့ခြင်းကြောင့် လေးပွဲ အနိုင်ရရှိ ခဲ့ပြီးနောက် ချန်ပီယံလိဂ် နောက်ဆုံး ၁၆ သင်းအဆင့်ကို တက်ရောက်ခွင့် ရရှိခဲ့ပြီ ဖြစ်ပါတယ်။

ဂျော်ဂျီယာသား Kvaratskhelia ဟာ အနာဂတ် Ballon d'Or ပြိုင်ပွဲဝင်တစ်ဦးအဖြစ် ရပ်တည်နေပြီ ဖြစ်ပါတယ်။

သူတို့ဟာ ပြိုင်ပွဲမှာ အခြား‌သူတွေ အထက် ၁၇ ဂိုး သွင်းယူထားပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ရာသီက အင်္ဂလန်ကလပ် လီဗာပူးလ်အသင်းကို ၄ – ၁ ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ ပြိုင်ပွဲ အရပ်ရပ်ရှိ ပွဲစဥ်တွေ အားလုံး ၁၃ ပွဲမှာ ၃၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး တစ်ပွဲကို ပျမ်းမျှ သုံးဂိုး ရရှိထားပါတယ်။

ဆိုလိုတာကတော့ သူတို့အသင်းဟာ စီးရီးအေရဲ့ ထိပ်တန်းအဆင့်မှာ ရှိပြီး အသင်း ပရိတ်သတ်တွေဟာ ၁၉၉၀ ခုနှစ် ဒီယေဂို မာရာဒိုနာရဲ့ အကောင်းဆုံးအချိန် နောက်ပိုင်း ပထမဆုံး ချန်ပီယံဆုဖလားကို အိပ်မက် မက်နေကြပြီ ဖြစ်ပါတယ်။

Kvaratskhelia is in fine form at Napoli

ကဗာရာစ်ခီလီယာဟာ နာပိုအသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူးတစ်ဦးပါ။

အသက် ၂၁ နှစ်အရွယ် Kvaratskhelia [ ကဗာရာ့စ်ခီလီယာ ] ဟာ ဒိုင်နမို ဘတ်တူမီအသင်းကနေ ယူရို ၁၀ သန်းနဲ့ ခေါ် ယူထားတဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး အခုနှစ်ရာသီ နာပိုလီအသင်းမှာ ဥရောပ ဘောလုံးလောကရဲ့ ကြယ်ပွင့်တွေ ရှိနေပါတယ်။

တိုက်စစ်မှူးဟာ အနာဂတ် Ballon d’Or ပြိုင်ပွဲဝင်တစ်ဦးအဖြစ် လမ်းကြောင်းပေါ် ရောက်လာနေပြီ ဖြစ်ပါတယ်။ သူဟာ အသင်းသစ်အတွက် ၁၃ ပွဲ ကစားရာမှာ ၇ ဂိုးသွင်းကာ ၅ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးထားပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment