Nkunku18 ကို အမြန်ဆုံး ခေါ်ယူချင်နေတဲ့ ချဲလ်ဆီးအသင်း။

Nkunku to Chelsea
October 14, 2022

ကမ္ဘာ့ဖလားမတိုင်ခင် Nkunku18 [ အန်ကန်ကူ ] ကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ချဲလ်ဆီးအသင်း။

Nkunku18 [ ခရစ္စတိုဖာ အန်ကန်ကူ ] ဟာ လက်ရှိ RB Leipzig [ အာဘီ လိုက်ပ်ဇစ်] အသင်းမှာ ‌ပုံစံကောင်းတွေ ရရှိနေတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ချဲလ်ဆီးအသင်းက သူ့ကို ကမ္ဘာ့ဖလားမတိုင်ခင် ခေါ်ယူဖို့ အလောတကြီး ပြင်ဆင်နေတယ်လို့ သိရပါတယ်။

တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကန်ကူဟာ လက်ရှိ အပြောင်းအရွှေ့ ဈေးကွက်မျာ အတောက်ပဆုံး အရည်အချင်းရှိ ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ပြီးခဲ့တဲ့နှစ်က သွင်းဂိုး ၂၀ သွင်းယူခဲ့ပြီးနောက်  ဂျာမန် ဘွန်ဒက်စ်လီဂါရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အာဘီလိုက်ပ်ဇစ်အသင်းနဲ့ ၂၀၂၆ နှစ်အထိ စာချုပ်ချုပ်ထားတဲ့ Nkunku18 [ ခရစ္စတိုဖာ အန်ကန်ကူ ]။

ပြင်သစ်သား Nkunku18 [ ခရစ္စတိုဖာ အန်ကန်ကူ ] ဟာ ပဲရစ်ဆိန့် ဂျာမိန်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ စိတ်ဝင်စားမှုကို ပယ်ချခဲ့ပြီး အာဘီ လိုက်ပ်ဇစ်အသင်းနဲ့ စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၆၀ ပါဝင်တဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သစ် တစ်ရပ်ကို ချုပ်ဆိုလိုက်ပါတယ်။

အန်ကန်ကူဟာ လိုက်ပ်ဇစ်အသင်းမှာ သူ့ရဲ့ အနာဂတ်ကို ကတိပြုထားပေမယ့် ချဲလ်ဆီးအသင်းဟာ ကာတာ ကမ္ဘာ့ဖလားမတိုင်ခင် နိုဝင်ဘာလ အလယ်မှာ သူ့ကို အပြီးသတ် ခေါ် ယူတော့မှာ ဖြစ်ကြောင်း အားကစား မီဒီယာ Daily Mail က ရေးသား ဖော်ပြခဲ့ပါတယ်။

Nkunku was player of the season at Bundesliga last season

အန်ကန်ကူဟာ မနှစ်က ဘွန်ဒက်စ်လီဂါအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။

လန်ဒန် ကလပ်အသင်းဟာ သူတို့ရဲ့ ပြိုင်ဘက်အသင်းတွေကို တိုက်စစ်မှူး အန်ကန်ကူရဲ့ အပြောင်းအရွှေ့ လက်မှတ် သက်သေနဲ့ အနိုင်ယူသွားမယ် ဆိုရင်တော့ ပြင်သစ် လက်ရွေးစင် ကစားသမားဟာ နည်းပြ ဂရေဟမ် ပေါ် တာရဲ့ အသင်းမှာ ဘယ်လို့ ဝင်ရောက်လာနိုင်မလဲ ကြည့်ရဦးမှာပါ။

ချဲလ်ဆီးအသင်း ‌အနေနဲ့ Nkunku18 [ အန်ကန်ကူ ] ကို ကစားကွက် ဘယ်လိုချမလဲ။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းက ခေါ်ယူထားတဲ့ နောက်ခံလူ ကာလီဒို ကူလီဘာလီ၊ ဝယ်စ်လေ ဖိုဖားနားနဲ့ ဆီးဂဲလ် မာ့စ် ကွာကူရယ်လာ ပါဝင်လာတဲ့ ချဲလ်ဆီးအသင်းကို ဂရေဟမ် ပေါ်တာ ‌အနေနဲ့ သူ ဘရိုက်တန်အသင်းမှာ မကြာခဏ အသုံးပြုလေ့ရှိတဲ့ ၃-၄-၂-၁ ပုံစံကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။

ကွာကူရယ်လာလိုမျိုး ကစားသမားတွေကို ခေါ် ယူရခြင်းရဲ့ တစ်စိတ်တစ်ပိုင်းမျာ ကစားကွက်များစွာနဲ့ လိုက်လျောညီထွေရှိခြင်းကြောင့် ဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ ဘယ်သန် ဗဟို နောက်ခံလူ မရှိခြင်းကြောင့် စပိန်သားဟဟာ အခုအခါ ရေရှည် ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ ဘန် ချီးဝဲလ်နဲ့အတူ အဆိုပါ အခန်းကဏ္ဍမှာ ပါဝင်လာနိုင်မှာ ဖြစ်ပါတယ်။

Nkunku at France national team

ပြင်သစ်လက်ရွေးစင် ကစားသမား အန်ကန်ကူ။

အဆုံးစွန်အားဖြင့် နောက်တန်းခံစစ်အတွက်  ညာတောင်ပံ နောက်တန်းမှာ တစ်ခုတည်းသော သော့ချက် အစ်အမှန်ဖြစ်တဲ့ ရိစ်ဂျိမ်းစ်နဲ့ ခံစစ်မှူး သီယာဂို ဆေးလ်ဗား၊ စီဇာ အက်ဇပလီကွီတာတို့နဲ့အတူ အသစ်ရောက်ရှိလာတဲ့ ကစားသမားတွေကို အလှည့်ကျ အသုံးပြုသွားဖွယ် ရှိနေပါတယ်။

နည်းပြ ဂရေဟမ် ပေါ်တာဟာ ချဲလ်ဆီးအသင်းကို သူတာဝန် စ, ယူချိန်မှာ ဂျော်ဂျင်ညိုနဲ့ မတ်တီယို ကိုဗာ့ဆစ်တို့ ဗဟို ကွင်းလယ်အတွဲကို နှစ်သက် သဘောကျခဲ့ပြီး အန်ဂိုလို ကန်တေကတော့ ဒဏ်ရာ ပြဿနာတွေနဲ့ ဆက်လက် ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

ပြင်သစ်ကစားသမား Nkunku18 [ အန်ကန်ကူ ] ပါဝင်လာမယ့် ချဲလ်ဆီးရဲ့ တိုက်စစ်ပိုင်း။

ရာဟိမ် စတာလင် ဟာ ချဲလ်ဆီးအသင်းအတွက် သူ့ရဲ့ ပထမဦးဆုံး ရှစ်ပွဲမှာ လေဂိုး သွင်းယူပေးပြီးနောက် အသင်းရဲ့ တောင်ပံနေရာအတွက် ပထမ ပွဲထွက် လူစာရင်းမှာ ဆက်လက် ပါဝင်မှာ သေချာနေပြီ ဖြစ်ပါတယ်။

မေဆင် မောင့် ဟာ ဂျာမန်သားရဲ့ မယုံကြည်နိုင်လောက်တဲ့ စွမ်းဆောင်ရည်တွေကြောင့် တစ်ဖက်ခြမ်းမှာ ကိုင် ဟားဗတ်ဇ်ကို ပိုပြီး နှစ်သက် သဘောကျဖွယ် ရှိနေပါတယ်။

Nkunku scored for RB Leipzip

အသင်းအတွက် ဂိုးသွင်းပြီး အောင်ပွဲခံနေတဲ့ အန်ကန်ကူ။

ပြီးခဲ့တဲ့နှစ် ရာသီတုန်းက ချဲလ်ဆီးအသင်းဟာ ရှေ့တန်း တိုက်စစ်ပိုင်းကို ပိုပြီး အင်အားတောင့်တင်းစေဖို့ ပြီးခဲ့တဲ့ ရာသီတုန်းက အာဘီ လိုက်ပ်ဇစ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၅ ဂိုးသွင်းယူပေးခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး အန်ကန်ကူကို ခေါ် ယူဖို့ စိတ်အားထက်သန်နေပါတယ်။

နွေရာသီ အပြောင်းအရွှေ့တုန်းက ပီရဲ-အမ်းရစ် အော်ဘာမီယန်းကို ခေါ်ယူခဲ့ပေမယ့် အသက် ၃၄ နှစ်အရွယ် ကစားသမားကို ကြံ့ခိုင်မှုအရ အနည်းငယ် အခက်ကြုံလာနိုင်တာကြောင့် တကယ်လို့ Nkunku18 [ ခရစ္စတိုဖာ အန်ကန်ကူ ] သာ ရောက်ရှိလာခဲ့မယ်ဆိုရင် ဂါဘွန်  တိုက်စစ်မှူးကို ပွဲထွက် လူစာရင်းကနေ ချန်လှပ်ခံရဖွယ် ရှိနေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment