Vinicius Jr ကို ယူနိုက်တက်တို့ ခေါ် ယူနိုင်မယ့် အမ်ဘတ်ပေ အပြောင်းအရွှေ့။

Vinicius Jr is wanted by Manchester United WS
January 17, 2024

ယူနိုက်တက်တို့ Vinicius Jr [ ဗင်နီရှက်စ် ] ကို ခေါ် ယူနိုင်မယ့် အမ်ဘတ်ပေ အပြောင်းအရွှေ့။

Vinicius Jr [ ဗင်နီရှက်စ် ] ကို မန်ချက်စတာ ယူနိုက်တက်တို့က ခေါ် ယူချင်နေပြီး သူ့ကို ခေါ် ယူနိုင်ဖို့ဆို ရီးယဲလ် မက်ဒရစ် နဲ့ အမ်ဘတ်ပေ အပြောင်းအရွှေ့ ကိစ္စ အောင်မြင်ဖို့ လိုမှာပါ။

တကယ်လို့ ကီလီယန် အမ်ဘတ်ပေ သာ အခု နွေရာသီမှာ ရီးယဲလ် မက်ဒရစ် နဲ့ အပြောင်းအရွှေ့ ပြီးမြောက်ခဲ့ပါက Vinicius Jr [ ဗင်နီရှက်စ် ] ကို မန်ချက်စတာ ယူနိုက်တက် ရောက်လာဖို့ အကျိုးသက်‌ရောက်မှု ရှိနိုင်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဗင်နီရှပ်စ် ဂျူနီယာနဲ့ ကစားတဲ့ နေရာ တူနေတဲ့ အမ်ဘတ်ပေ။

ဒါဟာ Defensa Central မှ စိတ်လှုပ်ရှားဖွယ် အစီရင်ခံစာ တစ်ခုအရ အမ်ဘတ်ပီ မက်ဒရစ်သို့ ပြောင်းရွှေ့ပါက ဆန်တီယာဂို ဘာနေဗျူးမှာ ဘရာဇီးလ် ကြယ်ပွင့်Vinicius Jr [ ဗင်နီရှက်စ် ] ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး သံသယတွေ ထွက်ပေါ် လာနိုင်တယ်လို့ သိရပါတယ်။

Mbappe ဟာ တိုက်စစ်ရဲ့ ဘယ်ဘက်ခြမ်းရှိ Vinicius Jr [ ဗင်နီရှက်စ် ] နဲ့ တူညီတဲ့ အနေအထားမှာ ကစားနေပြီး ပြင်သစ်သားက အလယ် ဒါမှမဟုတ် ညာဘက်ကို ပြောင်းရွှေ့နိုင်ပေမယ့် သူ့ အကြိုက်ဆုံး နေရာကတော့ ဘယ်ဘက်ခြမ်းမှာပါ။

Vinicius Jr vs Mbappe at CL

ဗင်နီရှက်စ်နဲ့ ကစားတဲ့နေရာတူတဲ့ အမ်ဘတ်ပေ။

ဒါကြောင့် မက်ဒရစ်ဘက်က အတိုက်အခံ ပရိသတ်များရဲ့ စဉ်ဆက်မပြတ် လူမျိုးရေး ခွဲခြားမှုကြောင့် စပိန်မှ အပြောင်းအရွှေ့ကို ငြင်းဆန်မှု မရှိနိုင်တဲ့ ဗင်နီရှက်စ် ဂျူနီယာ ရဲ့ အပြောင်းအရွှေ့ ကနေ ငွေးကြေး ကြီးကြီးမားမား ရှာနိုင်မှာ ဖြစ်ပါတယ်။

ရီးယဲလ် ကြယ်ပွင့် Vinicius Jr [ ဗင်နီရှက်စ် ဂျူနီယာ ] အတွက် ပြောင်း‌ရွှေ့ ကြေး။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရီးယဲလ် မက်ဒရစ် အသင်း ရဲ့ ဘရာဇီးလ် ကြယ်ပွင့် Vinicius Jr [ ဗင်နီရှက်စ် ] အတွက် ပြောင်း‌ရွှေ့ကြေး ယူရိုသန်း ၁၅၀ ပေးချေဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါတယ်။

အမ်ဘာပေက PSG အသင်းကို ယူရိုသန်း ၁၈၀ နဲ့ ပြောင်းရွှေ့လာပြီးနောက် နေမာကို ကလပ်အသင်းသမိုင်းတစ်လျှောက် ဈေးအကြီးဆုံးနဲ့ ယူရို ၂၂၂ သန်း ရှိခဲ့ပြီး ဗင်နီရှက်စ် ကတော့  တတိယမြောက်ဈေးအကြီးဆုံး အပြောင်းအရွှေ့ဖြစ်လာမှာပါ။

Vinicius Jr won CL 2022 with Real Madrid

ရီးယဲလ်နဲ့အတူ ချန်ပီယံလိဂ် ရယူနိုင်ိခဲ့တဲ့ ဗင်နီရှက်စ်။

ယူနိုက်တက် အသင်းဟာ 2023-24 ရာသီ ဂိုးမိုးခေါင်နေတာကြောင့် အခု နွေရာသီမှာ သွင်းဂိုးတွေ သေချာစေမယ့် ထိပ်တန်း တိုက်စစ်မှူးတစ်ဦးကို ဝယ်ယူဖို့ စီစဥ်နေတာ ဖြစ်ပါတယ်။

ဘရာဇီး ကြယ်ပွင့် Vinicius Jr [ ဗင်နီရှက်စ် ဂျူနီယာရဲ့ ] စွမ်းဆောင်ရည်များ။

ဗင်နီရှပ်စ် ဂျူနီယာဟာ Old Trafford နဲ့ အပြောင်းအရွှေ့ ကိစ္စ က အကြီးအကဲ Sir Jim Ratcliffe တို့ရဲ့ အထက်အောက် အဆင့်မှာ အတော်လေးကို တန်ဖိုးထားခံနေရပါတယ်။

ဒါပေမယ့်လည်း တိုက်စစ် ကစားသမားက မားကပ်စ် ရက်ရှ်ဖို့ဒ် လိုမျိုး တူညီတဲ့ နေရာမှာ ကစားတာကြောင့် အင်္ဂလန်သား ရဲ့ အနာဂတ် နဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ဘရာဇီးလ်သားဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး တိုက်စစ်ကစား‌သမားတွေထဲ့က တစ်ဦးအဖြစ် ရပ်တည်ခဲ့ ပါတယ်။

Vinicius Jr will be at Real Madrid until 2027

ရီးယဲလ်မက်ဒရစ်နဲ့ ၂၀၂၇ အထိ စာချုပ်သက်တမ်းရှိနေတဲ့ ဗင်နီရှက်စ် ဂျူနီယာ။

မက်ဒရစ်အသင်းနဲ့အတူ ၂၀၂၂ ခုနှစ် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့ရမှာ အဓိက နေရာကနေ ပါဝင်ခဲ့ပြီး ဗိုလ်လုပွဲမှာ ရီးရဲမက်ဒရစ်က လီဗာပူးလ်ကို သူ့ ရဲ့ သွင်းဂိုးနဲ့ အနိုင်ရရှိစေခဲ့ပါတယ်။

အသက် ၂၃ နှစ် အရွယ် ကစားသမားဟာ ၂၀၁၈ ခုနှစ်မှာ Flamengo ကနေ မှ ဆယ်ကျော်သက် အရွယ် နဲ့ ကလပ်ကို ရောက်ရှိပြီးနောက် အခုချိန် ဟာ Vinicius Jr ရဲ့ မက်ဒရစ်အသင်းနဲ့ ၆ ကြိမ်မြောက် ရာသီဖြစ်ပါတယ်။

သူဟာ အသင်းအတွက် ၂၄၁ ပွဲကစားပြီး ၆၈ ဂိုး သွင်းယူထားပါတယ်။ ဒီရာသီမှာ ပြိုင်ပွဲစုံ ၁၆ ပွဲကစားပြီး ၉ ဂိုး သွင်းယူထားပြီး ဘရာဇီးလ် လက်ရွေးစင် အသင်းအတွက် ၂၆ ပွဲ ကစားထားပြီး ၃ ဂိုး သွင်းယူပေးထားပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment