Kenan Yildiz ကို မျက်စိကျနေတဲ့ EPL အသင်းများ။

Kenan Yildiz _is wanted by Arsenal and Liverpool WS
January 16, 2024

တူရကီ ကြယ်ပွင့် Kenan Yildiz [ ကီနန် ယယ်လ်ဒစ်ဇ် ] ကို မျက်စိကျနေတဲ့ ပရီးမီးယားလိဂ် အသင်းများ။

Kenan Yildiz [ ကီနန် ယယ်လ်ဒစ်ဇ် ] ဟာ လက်ရှိမှာ တူရကီ ဒယ်ပီယာရို လို့ တင်စားခံထားရပြီး သူ့ ကို ခေါ် ယူဖို့ အင်္ဂလန် ထိပ်တန်း အသင်းတွေ ဖြစ်ကြတဲ့ အာဆင်နယ် နဲ့ လီဗာပူးလ် တို့က မျက်စိကျနေပါတယ်။

ဆယ်ကျော်သက် အရွယ် Kenan Yildiz [ ကီနန် ယယ်လ်ဒစ်ဇ် ] ဟာ  အခုရာသီ စီးရီးအေ ရဲ့ ကြယ်ပွင့်များထဲမှ တစ်ဦးဖြစ်ပြီး ဂျူဗင်တပ်စ် ဂန္တဝင် အလက်ဆန်ဒရို ဒယ်လ်ပီယာရို နဲ့ နှိုင်းယှဥ်ပြိုင်မှုများ ရှိနေပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

တူရကီသား Kenan Yildiz [ ယယ်လ်ဒစ်ဇ် ] နဲ့ ဂျူဗင်တပ်စ် အခြေအနေ။

ယယ်လ်ဒစ်ဇ် ဟာ ကွင်းလယ်၊ တောင်ပံကစားသမား ဒါမှမဟုတ် တိုက်စစ် ကစားသမား ပုံစံ ကစားနိုင်ပြီး ဂျူဗင်တပ်စ် အတွက် အခုရာသီ မက်အယ်လီဂရီလက်ထက်တွင် တိုက်စစ်ကစားသမား နှစ်ဦးပုံစံမှာ ကစားနေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ဂျူဗင်တပ်အသင်းက အသက် ၁၆ နှစ်အရွယ်  ကစားသမားကို ၂၀၂၂ ခုနှစ် နွေရာသီမှာ ဘာစီလိုနာကို ကျော်ပြီး ခေါ် ယူနိုင်ခဲ့ပါတယ်။

Kenan Yildiz _at Bayern Munich

ဘိုင်ယန် လူငယ် ကစားသမားဟောင်း ယယ်လ်ဒစ်ဇ်။

သူဟာ ဂျူဗင်တပ်စ်ရဲ့ ယူ-၁၉ အသင်းနဲ့ စီးရီးစီမှာ ကစားခဲ့ဖူးပြီး မကြာခင်မှာပဲ သူက ဒီအဆင့်အတွက် အတော်ကိုကောင်းမွန်ကြောင်း သိသာ ထင်ရှားလာခဲ့ပါတယ်။

စီနီယာအသင်းကို ကြည့်ရှုခွင့်မရလို့ မပျော်မရွှင်ဖြစ်နေတာ‌ကြောင့် သူ့ ရဲ့ အဖော်များနဲ့ ဂျူဗင်တပ်အကြား သဘောထားကွဲလွဲမှုအချို့ ဖြစ်ပေါ်ခဲ့ ပါသေးတယ်။

ကီနန် ယယ်လ်ဒစ်ဇ် ရဲ့ စွမ်းဆောင်ရည်။

အမေရိကန်  ၂၀၂၃ နွေရာသီခရီးကိုသွားပြီးနောက် Kenan Yildiz [ ကီနန် ယယ်လ်ဒစ်ဇ် ] ဟာ ၂၀၂၃-၂၀၂၄ စီးရီးအေရာသီရဲ့ ပထမနေ့ အူဒီးနီစ် ကို ၃-၀ ဂိုး နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ လူစားထိုးအနေနဲ့ ပထမဆုံး ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းအတွက် မကစားခင် Tukey လက်ရွေးစင် အတွက် သူ့ရဲ့ပထမဆုံးပွဲဦးထွက်ကို ပွဲချိန်ပြည့် ကစားခွင့် ရရှိခဲ့ပြီး သူ့ ရဲ့ မွေးရပ်မြေ ဂျာမနီ အသင်းကို ၃-၂ ဂိုး နဲ့ အနိုင်ရရှိကာ အဲ့ဒီပွဲမှာ အံမခန်း ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Kenan Yildiz _at Juventus

ဂျူဗင်တပ်စ် ကြယ်ပွင့် ယယ်လ်ဒစ်ဇ်။

ဂျူဗင်တပ်စ်ရဲ့ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲကို စ,တင် ကစားခဲ့ပြီး ဒီပွဲစဥ်တွေ အတွင်း ၃ ဂိုး သွင်းယူခဲ့ကာ သွင်း‌ဂိုးတွေ အားလုံးကလည်း အံ့အားသင့်စရာ ကောင်းတဲ့ သွင်းဂိုးတွေပါ။

“ကီနန် ဟာ ကောင်းမွန်တဲ့ ကစားသမား ဖြစ်လာမှာပါ။ သူက ဘောလုံး ဦးနှောက် ကောင်းကောင်း ရှိပြီး နည်းစနစ် ပိုင်းအရ ပါရမီ ရှိသူပါ။ ကစားသမား တစ်ယောက် အနေနဲ့ ကတော့ သူ နဲ့ ပတ်သက် လို့ စိတ်မညစ်ပါဘူး ။ ” လို့ Allegri က ပြောကြားခဲ့ပါတယ်။

ဆယ်ကျော်သက် ကြယ်ပွင့် Kenan Yildiz [ ကီနန် ယယ်လ်ဒစ်ဇ် ]ကို ဘယ်ကလပ်တွေက စိတ်ဝင်စားလဲ။?

သူဟာ တူရကီအတွက် ၃ ပွဲကစားကာ ၁ ဂိုးသွင်းထားပြီး ယူရို ၂၀၂၄ မှာ ပါဝင်ဖို့ သေချာနေပါတယ်။ တူရကီနည်းပြ ဗင်းစင်ဇို မွန်တေလာက လည်း ယယ်လ်ဒစ်ဇ်ဟာ ကမ္ဘာ့အဆင့်ကစားသမားဖြစ်လာမယ်လို့ ပြောကြားထားပါတယ်။

ပရီးမီးယားလိဂ် ထိပ်တန်း အသင်းတွေ ဖြစ်ကြတဲ့ အာဆင်နယ် နဲ့ လီဗာပူး ၂ သင်းစလုံးဟာ Kenan Yildiz [ ကီနန် ယယ်လ်ဒစ်ဇ် ] ကို အထူး စိတ်ဝင်စားနေကြပြီး ဆယ်ကျော်သက်ကစားသမားကို ခေါ်ယူချင်နေကြပါတယ်။

Kenan Yildiz _at Turkey

တူရကီအသင်းနဲ့အတူ ယူရို ၂၀၂၄ မှာ ပါဝင်လာနိုင်တဲ့ ယယ်လ်ဒစ်ဇ်။

ပရီးမီးယားလိဂ် ထိပ်တန်း အသင်းတွေ ဖြစ်ကြတဲ့ အာဆင်နယ် နဲ့ လီဗာပူး ၂ သင်းစလုံးဟာ Kenan Yildiz [ ကီနန် ယယ်လ်ဒစ်ဇ် ] ကို အထူး စိတ်ဝင်စားနေကြပြီး ဆယ်ကျော်သက်ကစားသမားကို ခေါ်ယူချင်နေကြပါတယ်။

ဒါပေမယ့်လည်း ပထမအသင်းနဲ့ ပူးပေါင်းပြီးနောက် သူ့ ရဲ့ အနာဂတ်က ဂျူဗင်တပ်စ်အသင်းနှင့် အခိုင်အမာ ရှိနေပြီး အသင်းဘက်က သူ့ကို အရေးပါတဲ့ ကစားသမားမျိုးလို့ မှတ်ယူထားတာကြောင့် ကစားသမားကိုယ်တိုင်လည်း အသင်းမှာ ပျော်ရွှင်နေပါတယ်။

ဂျူဗင်တပ်စ်အသင်းနဲ့ ၂၀၀၅ ခုနှစ် ဖွား တူရကီ ကြယ်ပွင့် ယယ်လ်ဒစ်ဇ် ရဲ့ စာချုပ် သက်တမ်းဟာ ၂၀၂၇ ခုနှစ် ဇွန်လမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment