Pedro Neto ကို ပစ်မှတ်ထားနေတဲ့ မန်စီးတီး။

Pedro Neto is wanted by Man City WS
January 15, 2024

ပေါ် တူဂီ တောင်ပံ ကစားသမား Pedro Neto  [ ပက်ဒရို နက်တို ] ကို ပစ်မှတ်ထားနေတဲ့ မန်စီးတီး။

Pedro Neto  [ ပက်ဒရို နက်တို ] ကို မန်ချက်စတာ စီးတီး အသင်းက သူတို့ရဲ့ အဓိက အပြောင်းအရွှေ့ ပစ်မှတ် အဖြစ် သိမြင်ထားပြီး သူ့ ကို ခေါ် ယူဖို့ တစ်ဖက်မှာ အာဆင်နယ် အသင်း နဲ့ ယှဥ်ပြိုင် ရမှာ ဖြစ်ပါတယ်။

မန်စီးတီး တို့ဟာ ဂန်းနားတို့ အချိန် အတော်ကြာ စောင့်ကြည့်နေခဲ့တဲ့ ဝုဖ် တောင်ပံ ကစားသမား Pedro Neto  [ ပက်ဒရို နက်တို ] ကို ခေါ် ယူဖို့ အသင်းရဲ့ ပထမအသင်းမှာ ပွဲထွက်ခွင့် ရရှိစေဖို့ ကတိပေးထားပြီး ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပေါ် တူဂီသားတွေက ပက်ဒရို နက်တိုကို မန်စီးတီးဆီ လာဖို့ အကြံပြုထားပါတယ်။

မန် စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား နဲ့ ရူဘင် ဒီယက်စ် တို့က သူတို့ ရဲ့ ပေါ် တူဂီသား Pedro Neto  [ ပက်ဒရို နက်တို ] နဲ့ စကားပြောဆိုခဲ့ ကြပြီး မန်ချက်စတာကို လာခဲ့ဖို့ အကြံပြုထားကြပါတယ်။

ဒီလိုမျိုး နည်းဗျူဟာကို ပက် ဂွာဒီယိုလာ ရဲ့ အပြောင်းအရွှေ့ ကစားနည်းပုံစံအဖြစ် ကောင်းမွန်စွာ တည်ဆောက်ထားပြီး မကြာသေးခင်က ခေါ် ယူထား တဲ့ ဂျယ်ရမီ ဒေါကူ ကိုလည်း Rennes အသင်းကနေ ထွက်ခွာဖို့ ဒီနည်းလမ်း နဲ့ ဆွဲဆောင်ခဲ့တာပါ။

Pedro Neto Bernardo Silva vs Ruben Dias

နက်တိုရဲ့ ‌ပေါ်တူဂီသားတွေဖြစ်တဲ့ ဘာနာဒို ဆေးလ်ဗား နဲ့ ရူဘင် ဒီယက်စ်။

မန်စီးတီး ဘက်က လာမယ့် ရာသီမှာ သူတို့ ရဲ့ ပထမ အသင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ခွင့် ရရှိမှာ ဖြစ်ကြောင်း Pedro Neto ကို ရှင်းလင်း ပြောကြားဖို့ စိတ်အားထက်သန် လျက် ရှိနေပါတယ်။

ပွဲထွက်ခွင့် များများစားစား ရမယ့် အသင်းကို ပြောင်း‌ရွှေ့ မယ့် Pedro Neto  [ ပက်ဒရို နက်တို ]။

ပေါ်တူဂီသား Pedro Neto  [ ပက်ဒရို နက်တို ] က တကယ်လို့ သူ ဝုဖ်အသင်းကနေ ထွက်ခွာမယ်ဆိုရင် နောက်အသင်းက ပွဲချိန် အများကြီး ရနိုင်မယ့် ကလပ်အသင်းတစ်သင်း ဖြစ်မယ်လို့ သတ်မှတ်ထားပါတယ်။

လက်ရှိ မန်ချက်စတာ စီးတီး နည်းပြ ဂွာဒီယိုလာက အင်္ဂလန် ကြယ်ပွင့် ဖီးလ် ဖိုဒန်ကို ဗဟို ကွင်းလယ် ရာထူးနေရာကို ပြောင်းရွှေ့ခြင်းဖြင့် ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါတယ်။

Pedro Neto at Wolves

ဝုဖ် တောင်ပံ ကစားသမား ပက်ဒရို နက်တို။

စပိန်သား နည်းပြ ဂွာဒီယိုလာက ဖီးလ် ဖိုဒန် ရဲ့ နေရာကို အစားထိုးဖို့ အတွက် နောက်ထပ် သမားရိုးကျ တောင်ပံ ကစားသမား တစ်ဦးကို ရှာဖွေနေတာ ဖြစ်ပါတယ်။

အာဆင်နယ်ဘက်က Pedro Neto  [ ပက်ဒရို နက်တို ] ရဲ့ ပထမအသင်း ကမ်းလှမ်းနိုင်ခြင်း မရှိပါ။

မီကယ် အာတီတာက တောင်ပံ ကစားသမားကို ပထမအသင်း အာမခံချက် ပေးစွမ်းနိုင်ဖွယ် မရှိတာကြောင့် Pedro Neto  [  နက်တို ] ကို စောင့်ကြည့်ရမှာ  အာဆင်နယ် အတွက် သတင်းဆိုး တစ်ခု ဖြစ်လာခဲ့ပါတယ်။

တောင်ပံ ကစားသမားဟာ ဂန်းနား အသင်းမှာ ဘက်ကာယို ဆာကာ နေရာ အစားထိုးဖို့ အတော်ကို မဖြစ်နိုင်ပါ။ အင်္ဂလန် ကြယ်ပွင့် နေရာ အစားထိုး မယ်ဆိုရင်တောင် ဂါဘရီယယ် မာတီနယ်လီ နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ထွက်ပေါ် လာဦးမှာပါ။

ပက်ဒရို နက်တိုဟာ ဝုဖ်အသင်း အတွက် ထူးထူးခြားခြား ရာသီတစ်ခုကို ဖြတ်သန်းခဲ့ပြီး တံကောက်ကြော ဒဏ်ရာကြောင့် နိုဝင်ဘာ၊ ဒီဇင်ဘာလတွေ အနားမယူရသေးခင် ပရီးမီးယားလိဂ် ၈ ပွဲဆက်တိုက် သွင်းဂိုး၊ ဂိုးဖန်တီးမှုတွေ နဲ့ ပုံစံကောင်းတွေ ရှိခဲ့ပါတယ်။

Pedro Neto vs Man City

ပက်ဒရို နက်တို ကို မန်စီးတီးတို့က ပစ်မှတ်ထားနေပါတယ်။

အခုအချိန်မှာတော့ သူ ပြန်သက်သာလာပါပြီ။ ဝုဖ် ကြယ်ပွင့် ပက်ဒရို နက်တို ဟာ သူ့ ရဲ့ အရင်က အကောင်းဆုံး အဆင့်ကို ပြန်လည် ရောက်ရှိဖို့ ရည်မှန်းထားပါတယ်။

သူ့ အနေနဲ့ နောက်ရာသီမှာ မန်စီးတီးတို့ မျှော်မှန်းထားတဲ့ ကစားသမား နေရာနဲ့ ထိုက်တန်ကြောင်း မန်စီးတီးအသင်းကို အပြည့်အဝ ယုံကြည်လာ အောင် ကြိုးပမ်းသွားမယ် လို့ သိရပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment