Joshua Zirkzee ကို ရောင်းချဖို့ ငြင်းပယ်လိုက်တဲ့ ဘိုလော့ဂ်နာ။

Joshua Zirkzee is wanted by Arsenal and Man United WS
January 12, 2024

ဘိုလော့ဂ်နာ က Joshua Zirkzee [ ဂျော်ရွှာ ဇာခ်ဇီ ] ကို ရောင်းချဖို့ တွန့်ဆုတ်နေ။

Joshua Zirkzee [ ဂျော်ရွှာ ဇာခ်ဇီ ] ကို ခေါ် ယူဖို့ မန်ချက်စတာ ယူနိုက်တက် နဲ့ အာဆင်နယ် အသင်းတို့က စိတ်ဝင်စားနေကြောင်း ဖော်ပြထားပေ မယ့် ဘိုလော့ဂ်နာ အသင်းဘက်က ကစားသမားကို ရောင်းချဖို့ တွန့်ဆုတ်နေပါတယ်။

ဂန်းနား အသင်းဟာ Sports Invest UK ရဲ့ စူပါအေးဂျင့် Kia Joorabchian နဲ့ ကောင်းမွန်သော ဆက်ဆံရေးကို ပိုင်ဆိုင်ထားပြီး ကစားသမား အပြောင်းအရွှေ့ များစွာကိုလည်း ‌လက်တွဲ ဆောင်ရွက်ခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အာဆင်နယ်တို့ ရဲ့ စူပါအေးဂျင့် Kia Joorabchian။

အထူးသဖြင့် ဆီဒရစ်၊ ဝီလီယျံ၊ အိုမာရီ၊ မွန်လိုအစ်၊ ဒေဗစ် လူးဝစ်ဇ် နဲ့ မာရီ တို့လို ကစားသမားတွေ ရဲ့ အပြောင်းအရွှေ့ ကို အဆင်ပြေ ချောမွေ့အောင် ပြီးမြောက်အောင် ကိုင်တွယ်ခဲ့သူပါ။

အဆိုပါ အေးဂျင့်ဟာ ဒီ နှစ်တွေအတွင်း မြောက်လန်ဒန် ကလပ်အသင်း နဲ့ ဆက်စပ်နေတဲ့ ကစားသမား အများအပြား ရဲ့ အပြောင်းအရွှေ့ မှာ အဓိက အခန်း ကဏ္ဍ ကနေ ပါဝင်ခဲ့ပါတယ်။

Joshua Zirkzee Agent Kia Joorabchian

ဇာခ်ဇီကို ခေါ် နိုင်ဖို့ တစ်ဦးတည်းသော အေးဂျင့် ဂျော်ရာဘ်ချီယန်။

ဒါ့အပြင်၊ Joorabchian က အာဆင်နယ် အသင်း ရဲ့ ကွင်းလယ် အတွက် အဓိကပစ်မှတ် အဖြစ် ကျန်ရှိနေတဲ့ အက်စတွန် ဗီလာ မှ ‌ဒေါက်ဂလက်စ် လူးဝစ်စ် အပြောင်းအရွှေ့ အတွက် ကိုယ်စားပြုနေပါတယ်။

တိုက်စစ်မှူး Joshua Zirkzee [ ဇာခ်ဇီ ] ကို များပြားတဲ့ ပြောင်းရွှေ့ကြေး နဲ့ ‌ခေါ် ယူသွားမည်။

ခိုင်မာတဲ့ ဆက်ဆံရေး ရှိတယ် ဆိုပေမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် မှာ Bologna ကနေ Joshua Zirkzee [ ဂျော်ရွှာ ဇာခ်ဇီ ] ကို ခေါ် ယူ ဖို့က သိသိသာသာ စိန်ခေါ် မှု တစ်ခု ဖြစ်နေပါတယ်။

သတင်းရင်းမြစ်တွေ အရတော့ အီတလီ ကလပ်ဟာ Joshua Zirkzee [ ဇာခ်ဇီ ] ကို များပြားတဲ့ အခကြေးငွေ နဲ့ ခေါ်ယူဖို့ လိုအပ်နေပြီး ဂန်းနားတွေ ဟာ နွေရာသီမှာ ခေါ် ယူဖို့ ပိုပြီး ကြိုးစားသွားမယ်လို့ သိရပါတယ်။

Joshua Zirkzee at Bayern Munich

ဘိုင်ယန် ကစားသမားဟောင်း ဇာခ်ဇီ။

အရင် ပြီးခဲ့တဲ့ သတင်းတွေမှာတော့ အာဆင်နယ် အသင်း အနေနဲ့ သူတို့ ရဲ့ ရည်မှန်းချက်က လာမယ့် ရာသီ မတိုင်ခင် ထိပ်တန်း တိုက်စစ်မှူး တစ်ဦးကို ခေါ် ယူဖို့ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းက Joshua Zirkzee [ ဂျော်ရွှာ ဇာခ်ဇီ ] ကို ခေါ်ယူနိုင်မလား?။

တစ်စုံတစ်ယောက်က သူ့ ကို ခေါ် ယူဖို့ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ စေ့စပ်ညှိနှိုင်းရေး စွမ်းရည်တွေ ပိုင်ဆိုင်ထားတယ်ဆိုရင် အဲ့ဒါက Joorabchian ပဲ ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့်လည်း ဆောင်းရာသီ အပြောင်းအရွှေ့ ကာလမှာ အကောင်အထည် ပေါ်လာဖို့ ဆိုတာက အခွင့်အလမ်း နည်းပါးနေသေးကြောင်း အတွင်းသိများက အကြံပြုထားပါတယ်။

အမှန်တကယ်တော့ Joshua Zirkzee [ ဇာခ်ဇီ ] ဟာ ဘိုင်ယန်မြူးနစ် အသင်းမှာ သူ့ အတွက် ပွဲကစားချိန် တွေ ထင်ထားတာထက် နည်းပါးလာတာ ကြောင့် ၂၀၂၂ ခုနှစ်မှာ အီတလီ ကလပ် ‌ဘိုလော့ဂ်နာ ဆီ ပြောင်းရွှေ့ ခဲ့ တာ ဖြစ်ပါတယ်။

Joshua Zirkzee scored 8 goals for Bologna

ဘိုလော့ဂ်နာအတွက် ဒီရာသီ ၈ ဂိုး သွင်းယူပေးထားတဲ့ ဇာခ်ဇီ။

အသက် ၂၂ နှစ် အရွယ် တိုက်စစ်မှူး ဟာ ဒီရာသီ စီးရီးအေ ကလပ်အတွက် ပြိုင်ပွဲစုံ ၁၆ ပွဲ ကစားထားပြီး ၈ ဂိုး သွင်းယူပေးထားပေမယ့် ဒါက သူ့ ရဲ့ ကစားသမား ဘဝ တလျှောက် အကောင်းဆုံး အချိန် မဟုတ်ပါဘူး။

သူ့ ရဲ့ ကစားသမား ဘဝ အကောင်းဆုံး အချိန်ကတော့ ၂၀၂၁ – ၂၂ ရာသီ ဘယ်လ်ဂျီယံ ကလပ် အန်ဒါလက်ချ် မှာ အငှား သွားရောက် ကစားခဲ့တဲ့ အချိန်ပါ ပဲ။ အဲ့ဒီမှာတုန်းက သူဟာ ၄၇ ပွဲ ကစားပြီး ၁၈ ဂိုး သွင်းယူပေးခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment