Pedri ကို အရောင်းစာရင်းတင်လိုက်တဲ့ ဘာစီလိုနာ။

Pedri Barcelona put him up for sale WS
January 18, 2024

စပိန်ကြယ်ပွင့် Pedri [ ပက်ဒရီ ] ကို အရောင်းစာရင်းတင်လိုက်တဲ့ ဘာစီလိုနာ။

Pedri [ ပက်ဒရီ ] ဟာ လက်ရှိမှာ အသင်းအတွက် အားကိုးရတဲ့ ကြယ်ပွင့် ကစားသမား တစ်ဦး ဖြစ်ပေမယ့် တခြားအသင်းတွေနဲ့ ကောလဟာလ သတင်းတွေ ထွက်နေပြီး အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် သူ့ကို အရောင်းစာရင်းတင်လိုက်ပါပြီ။

ဘာစီလိုနာအသင်းဟာ ကွင်းလယ်ကစားသမား Pedri [ ပက်ဒရီ ] ကို အပြောင်းအရွှေ့ ဈေးကွက်မှာ ထည့်သွင်းထားပြီး အာဆင်နယ် နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ နှစ်သင်းစလုံးက စပိန် ကြယ်ပွင့်ကို ချိတ်ဆက်မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဘာစီလိုနာ ရဲ့ Pedri [ ပက်ဒရီ ] အတွက် မျှော်မှန်း ပြောင်းရွှေ့ ကြေး။

အသက် ၂၁ နှစ်အရွယ် ကစားသမားကို ရောင်းချဖို့ စာရင်းတင်သွင်းထားပေမယ့် El Nacional ရဲ့ ဖော်ပြချက်အရ ဘာကာ အသင်းဟာ ကစားသမားအတွက် အထူး ပရီမီယံစျေးနှုန်း သတ်မှတ်ပေးထားပါတယ်။

တကယ်လို့ Pedri [ ပက်ဒရီ ] နဲ့ လမ်းခွဲမယ်ဆိုရင် နူးကမ့် အသင်းဘက်က အနည်းဆုံး ယူရို သန်း ၁၀၀ ပြန်လိုချင်နေပြီး လက်ရှိမှာတော့ ဒီ ပမာဏကို ဘယ်အသင်းကမှ ပေးဆောင်ဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။

Pedri at Spain national team

စပိန်ကြယ်ပွင့် ပက်ဒရီ။

လက်ရှိမှာတော့ ကွင်းလယ်လူ ပယ်ဒရီ ကို ခေါ် ယူဖို့ အာဆင်နယ် အသင်း နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့က ချိတ်ဆက်မှုတွေ ရှိပေမယ့် စပိန်ကလပ် အသင်း ရဲ့ မျှော်မှန်း ပြောင်း‌ရွှေ့ ကြေးကို ပေးမပေးကတော့ မသေချာသေးပါ။

ဘာစီလိုနာက Pedri [ ပက်ဒရီ ] အပေါ် ယုံကြည်မှု နည်းလာပါပြီ။

အသင်းဘက်က ပက်ဒရီကို အကြောင်းအမျိုးမျိုးကြောင့် ရောင်းချဖို့ ဆန္ဒရှိနေပြီး ပထမဦးကတော့ ကလပ်ရဲ့ စီးပွားရေး အခြေအနေ နဲ့ ဘဏ္ဍာရေး အခြေအနေ တိုးတက် ချောမွေ့စေဖို့ ရည်ရွယ်နေပါတယ်။

Las Palmas အသင်း လူငယ် ကစားသမားဟောင်းဟာ ဘာစီလိုနာ အတွက် အကောင်းဆုံး အမြတ်အစွန်း ရနိုင်တဲ့ ကစားသမားတွေထဲက တစ်ဦး ဖြစ်နေပါတယ်။

Pedri had injured against Man United

ဒဏ်ရာပြဿနာတွေ ကြုံတွေခဲ့ရတဲ့ ပက်ဒရီ။

ငွေရေးကြေးရေးဘက်ခြမ်းမှာ ဘာစီလိုနာက အားကစား ရှုထောင့်ကနေကြည့်ရင် ပတ်ဒရီကို မယုံကြည်တော့ပါ။ ဒါဟာ သူ့ရဲ့ နည်းစနစ်ပိုင်း စွမ်းဆောင်ရည် အပေါ် သံသယ ဆိုတာထက် မကြာသေးမီက ရာသီတွေမှာ အဆက်မပြတ်  ရခဲ့တဲ့ ဒဏ်ရာ‌ ပြဿနာတွေကြောင့်ပါ။

ကွင်းလယ်လူ ပယ်ဒရီနဲ့ ဘာစီလိုနာ အသင်းရဲ့ စာချုပ်သက်တမ်း။

“ဘာကာမှာ ယုံကြည်စိတ်ချရတဲ့ အမာခံ တစ်ခု လိုအပ်နေပြီး၊ လက်ရှိ အချိန်အထိ ဒီရာသီမှာ ဒဏ်ရာ မရရှိခဲ့တဲ့  ကွင်းလယ် ကစားသမားတွေ ကတော့ ဂန်ဒိုဂန်၊ လိုပက်ဇ် နဲ့ ရိုမယ်ယူ တို့ပါ။ “

“ဘာစီလိုနာက သူတို့ အခွင့်အလမ်းကို အားကိုးလို့ မရဘူးလို့ ယုံကြည်နေပြီး ပတ်ဒရီ အပေါ် မူတည်နေပါတယ်။ ဒီကိစ္စ က အကြွေစေ့ တစ်ခုနဲ့ ခေါင်း/ ပန်း လှန် ကစားနေသလိုပဲ။ ပန်းဆိုရင်တော့ ဒဏ်ရာ ပြဿနာပေါ့။ ”  လို့ El Nacional က ထောက်ပြပါတယ်။

တကယ်တော့ ကွင်းလယ် ကစားသမားဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၁၃ ပွဲသာ ကစားထားပြီး ကြွက်သားဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ၈၅၈ မိနစ်သာ ပါဝင် ကစားထားပါတယ်။

Pedri will be at Barcelona until 2026

ဘာစီလိုနာနဲ့ ပက်ဒရီရဲ့ စာချုပ်သက်တမ်းက ၂၀၂၆ မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

သို့သော်လည်း ဗိုလ်လုပွဲတွင် ရီးယဲလ်မက်ဒရစ်ကို ၄-၁ ဂိုးနဲ့ အပြတ်အသတ် ရှုံးပွဲ မတိုင်ခင် ဘာစီလိုနာက အိုဆာဆူနာကို အနိုင်ယူခဲ့တဲ့  စူပါဖလား ပြိုင်ပွဲမှာ ပါဝင်ခွင့် ရခဲ့ပါတယ်။

သူ့ ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာများရှိပေမယ့် Pedri ဟာ ဧပြီလတုန်းက အမြင့်ဆုံး ပြောင်းရွှေ့ ကြေး ယူရို ၇၆.၅ သန်း ကနေ ကျဆင်းသွားတဲ့ ခန့်မှန်း ပြောင်းရွှေ့ ကြေး တန်ဖိုး (ETV) ယူရို ၆၅ သန်းကို ဆက်လက် ထိန်းသိမ်းထားပါတယ်။

၂၀၂၆ ခုနှစ် ဇွန်လမှာ သက်တမ်းကုန်ဆုံးမယ့် စာချုပ်မှာ ဘာစီလိုနာ အသင်း အနေနဲ့ ဒီနွေရာသီကို ကျော်ပြီး ဆက်လက် ထိန်းထားရင် အထူးသဖြင့် ကျန်တဲ့ ၁၈ လအတွင်း သူ့ကို ဒုက္ခပေးခဲ့တဲ့ ဒဏ်ရာ ပြဿနာတွေ ဆက်ရှိခဲ့ရင် ကစားသမားရဲ့ တန်ဖိုးဟာ ကျဆင်းသွားနိုင်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment