Rashford ရဲ့ အဓိက အပြောင်းအရွှေ့ သတင်း။

Rashford has major transfer call to make
December 1, 2022

တိုက်စစ်မှူး Rashford [ ရက်ရှ်ဖို့ဒ် ] ရဲ့ အဓိက အပြောင်း‌အရွှေ့ အနေနဲ့ ဘယ်အသင်း ဖြစ်မလဲ။

Rashford [ မားကပ်စ် ရက်ရှ်ဖို့ဒ် ] ဟာ ရာသီကုန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး လက်ရှိ အချိန်က သူ့ရဲ့ ကစားသမားဘဝရဲ့ အဓိက လမ်းဆုံလမ်းခွကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ရီးယဲလ် မက်ဒရစ်အသင်းဟာ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး PSG ကလည်း မကြာသေးခင် ကာလကတည်းက တိုက်စစ်ကစားသမားကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

PSG အသင်း ရဲ့ Rashford [ မားကပ်စ် ရက်ရှ်ဖို့ဒ် ] ကို ခေါ် ယူဖို့ စိတ်ဝင်စားမှု။

အင်္ဂလန် တိုက်စစ်မှူးရဲ့  ဇန်န၀ါရီမှာ ပြောင်းရွှေ့ဖို့ မဖြစ်နိုင်ပေမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အလားအလာ ရှိနေပါတယ်။ ကလပ်သုံးသင်းစလုံးဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ၃ ဂိုး သွင်းထားတဲ့ ပုံစံကောင်း တိုက်စစ်မှူးအတွက် ခေါ်ယူဖို့ စိတ်လှုပ်ရှားလျက် ရှိနေကြပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းရှိ ‌နှစ်တွေအတွင်း အသက် ၂၅ နှစ် အရွယ်အတွက် အကောင်းဆုံး ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိရပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက သူ့ကို ကမ်းလှမ်းဖို့ တစ်ခုခုတော့ ရှိနေပါတယ်။

Rashford scored 3 goals at 2022 World Cup

ရက်ရှ်ဖို့ဒ်ဟာ ဒီကမ္ဘာ့ဖလားမှာ ၃ ဂိုးအထိ သွင်းယူထားပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ နွေရာသီ ရွေးချယ်မှု သုံးမျိုးထဲက ဖြစ်နိုင်ခြေ အနည်းဆုံးကတော့ PSG ပါ။ သူတို့က ပြီးခဲ့တဲ့ နွေရာသီတုန်းက အိုးထရက်ဖို့ဒ်နဲ့ တခြား နေရာတွေမှာ သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် သံသယတွေ ရှိနေခဲ့ချိန်မှာ သူ့ကို PSG အသင်းဘက်က ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပါတယ်။

ဒီယုံကြည်မှုဟာ သူတို့ရဲ့ မျက်နှာသာနဲ့ ကစားရမှာဖြစ်သလို လီယွန်နယ်မက်ဆီအနေနဲ့ သူ့ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အသင်းကနေ  ထွက်ခွာသွားမယ် ဆိုရင် တိုက်ရိုက် အပြောင်းအရွှေ့ဖြစ်နိုင်ချေ ရှိပါတယ်။

တကယ်လို့ မားကပ်စ် ရက်ရှ်ဖို့ဒ်သာ ပြင်သစ် ကလပ် PSG အသင်းကို ပြောင်းရွှေ့မယ်ဆိုရင် လီဂူး ၁ မှာ ကီလီယန် အမ် ပါပေ၊ နေမာတို့နဲ့ အတူတွဲ ကစားရမယ့် အလားအလာက ဆွဲဆောင်မှု တစ်ခုလို ပါပဲ။

ရီးယဲလ်မက်ဒရစ်အသင်း နဲ့ Rashford [ မားကပ်စ် ရက်ရှ်ဖို့ဒ် ] ရဲ့ အပြောင်းအရွှေ့။

မက်ဒရစ် ကလပ်အသင်းဟာ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ် ယူဖို့ စိတ်ဝင်စားနေတယ်လို့ အားကစား သတင်းဌာန Fichajes က ဖော်ပြခဲ့ပါတယ်။ စပိန်ကလပ်အသင်းဘက်ကလည်း တိုက်စစ်မှူး ကာရင် ဘန်ဇီမာအပြင် တိုက်စစ်ပိုင်းမှာ နောက်ထပ် ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု လိုအပ်နေမှာ သေချာပါတယ်။

Rashford scored against PSG

ပီအက်စ်ဂျီအသင်းဘက်ကို ဂိုးသွင်းယူခဲ့တဲ့ ရက်ရှ်ဖို့ဒ်။

ဘာနေဗျူး [ ရီးယဲလ် မက်ဒရစ် ] မှာ ချက်ချင်း လက်ငင်း ပွဲကစားချိန် မရှိတာရယ်၊ ခိုင်မာတဲ့ တိုက်စစ်ပိုင်းရဲ့ ဘယ်နေရာမှာ မဆို စ, တင်နိုင်မယ်လို့ အာမခံချက် မရှိတာကြောင့် အပြောင်းအရွှေ့က လွဲချော်မှု တစ်ခုအဖြစ် သက်သေပြနိုင်ပါတယ်။

တစ်ဖက်ကနေ စဥ်းစားမယ်ဆိုရင် မားကပ်စ် ရက်ရှ်ဖို့ဒ် ‌အနေနဲ့ အပြောင်း‌အရွှေ့သာ ဖြစ်ခဲ့ရင်တော့ ရီးယဲလ် မက်ဒရစ်အသင်းမှာ လာမယ့် နှစ်တွေအတွင်း ကလပ်ရဲ့ အထင်ကရ နံပါတ် ၉ ဖြစ်လာနိုင်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရပ်ရှ်ဖို့ရဲ့ စာချုပ်သစ်။

ယူနိုက်တက် အသင်းနဲ့ စာချုပ်သစ်က ရက်ရှ်ဖို့ဒ်အတွက် ဖြစ်နိုင်ခြေအရှိဆုံး အစီအစဥ်ပါ။ သရဲနီတွေဟာ သူ့ရဲ့စာချုပ်သက်တမ်းမှာ တစ်နှစ် ထပ်တိုးဖို့ ရွေးချယ်ခွင့် ရှိပြီး ဒီရာသီ ၁၉ ပွဲမှာ ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပြီးနောက်မှာ စာချုပ်သစ် ကိစ္စကို ပြန်လည်လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။

တစ်ချိန်တည်းမှာ သူဟာ နည်းပြ အဲရစ်တန်ဟက်ရဲ့ အုတ်မြစ် ဖြစ်ပုံရပြီး ယူနိုက်တက်အသင်းဟာ သူ့ရဲ့ လက်အောက်တွင် တိုးတက်မှု အရိပ်အယောင်တွေ ပြသနေပေမယ့် သူတို့ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၅ မှာသာ ရပ်တည်နေပါတယ်။

Rashford Manchester United is the likeliest scenario

ရက်ရှ်ဖို့ဒ် အတွက် ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတိုးဖို့က အဖြစ်နိုင်ဆုံးပါ။

အိုးထရက်ဖို့ဒ်မှာ ဆက်နေဖို့ ရက်ရှ်ဖို့ဒ် အနေနဲ့ ပုံသေရွေးချယ်မှုအဖြစ် မမြင်သင့်ပါဘူး။ မားကပ်စ်ရဲ့ ကစားသမားဘဝ အကူးအပြောင်းကာလအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပုံမှန် ပါဝင်သင့်တဲ့ ကစားသမားတစ်ဦး ဖြစ်နေပါတယ်။

မားကပ်စ်ဟာ မန်ယူအသင်းမှာ မျက်နှာသာလွှဲကာ စိတ်ပျက်ဖွယ်ကောင်းတဲ့ ပုံစံနဲ့ ကျဆင်းသွားခဲ့ပါတယ်။ အသင်းကနေ ထွက်ခွာခြင်းဟာ ရက်ရှ်ဖို့ဒ်အတွက် ကစားသမားဘဝ နောက်တစ်ဆင့် မြှင့်တင်ဖို့ လိုအပ်တဲ့ အရာတစ်ခုသာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment