Kudus ခေါ်ယူဖို့‌ ပြောလာတဲ့ လာလီဂါအသင်းများ။

Kudus to Real Madrid or Barcelona
December 2, 2022

လီဗာပူးလ် ပစ်မှတ် Kudus [ မိုဟာမက် ကူဒက်စ် ] အပြောင်းအရွှေ့ကို အနိုင်ယူမယ့် လာလီဂါ ထိပ်သီးများ။

Kudus [ မိုဟာမက် ကူဒက်စ် ] ကို လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ လီဗာပူးလ်နဲ့ စပါးအသင်းတို့က ခေါ်‌ယူဖို့ စိတ်ဝင်စားနေပေမယ့် အဲ့အပြောင်း‌‌အရွှေ့ကို ဘာစီလိုနာ ဒါမှမဟုတ်  ရီးယဲလ် မက်ဒရစ်အသင်းတို့က အနိုင်ယူမှာ ဖြစ်ကြောင်း သတင်းပေးခဲ့တယ်လို့ သိရပါတယ်။

ဂါနာလက်ရွေးစင် အသင်းဖော် အင်နာကီ ဝီလီယံစ်က Mohammed Kudus [ မိုဟာမက် ကူဒက်စ် ] အနေနဲ့ အသင်းသစ် အဖြစ် ဘာစီလိုနာ ဒါမှမဟုတ် ရီးယဲလ် မက်ဒရစ်အသင်း တစ်သင်းသင်းကို ပြောင်းရွှေ့မှာ ဖြစ်တယ်လို့ သတင်းပေးခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဂါနာကြယ်ပွင့် Kudus [ မို ကူဒက်စ် ] ကို ခေါ် ယူဖို့ ဥရောပ အသင်း တော်တော်များများက စိတ်ဝင်စားနေကြတယ်။

၂၀၂၂ ခုနှစ် အတွင်း ဂါနာ ကွင်းလယ်လူ မိုဟာမက် ကူဒက်စ် ဟာ နယ်သာလန် ကလပ် အေဂျက်စ်အသင်း နဲ့ အတူ ချန်ပီယံလိဂ်မှာ ခြေစွမ်းပြခဲ့သလို အခုလက်ရှိ ကာတာ ကမ္ဘာ့ဖလားမှာလည်း ဂါနာအသင်းနဲ့အတူ အကောင်းဆုံး စွမ်းဆောင်ထားနိုင်ပြီး အထင်ကြီးလောက် စရာ ဖြစ်နေပါတယ်။

M Kudus is a super star at Ghana

ဂါနာအသင်းရဲ့ စူပါစတား မို ကူဒက်စ်။

ဒီပုံစံက သူ့ကို စိတ်ဝင်စားဖို့ ဥရောပရဲ့ အကြီးကျယ်ဆုံး ကလပ် တော်တော်များများကို ဆွဲဆောင်ခဲ့ပြီး ပရီးမီးယားလိဂ် ဘက်က လီဗာပူးနဲ့ တော့တင်ဟမ် ဟော့စပါးတို့ဟာ ဦးဆောင်နေ ကူဒက်စ်ကို ခေါ်‌ ယူဖို့ ဦးဆောင်နေပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ဘိုရုရှားဒေါ့မွန်က ဂျာမနီမှာ သူ့ကို ခေါ် ယူနိုင်ဖို့  ရေပန်းစားတယ်လို့ ယူဆထားကြပြီး ဘာစီလိုနာ အသင်းကလည်း အဆိုပါ ကွင်းလယ် ကစားသမားကို စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အဲဗာတန်၊ ဆောက်သမ်တန်နဲ့ လိုင်ယွန်တို့လို တခြား ကလပ် အသင်းတွေကလည်း လက်ဦးမှု ရယူထားတဲ့ ‌ဥရောပ ထိပ်တန်း အသင်းကြီးတွေကို ကျော်ဖြတ်နိုင်ခဲ့ရင် Kudus [ မိုဟာမက် ကူဒက်စ် ] ကို ခေါ်ယူဖို့ စောင့်မျှော်နေကြဆဲပါ။

ဂါနာလက်ရွေးစင် အသင်းဖော် ဝီလီယံစ်ရဲ့ Kudus [ ကူဒက်စ် ] နဲ့ ပတ်သက်ပြီး မှတ်ချက်ပြု ပြောစကား။

အသင်းဖော် ဝီလီယံစ်က ဒီလို ဖြစ်လိမ်လို့ မယုံကြည်ခဲ့သလို မိုဟာမက် ကူဒက်စ်ဟာ သူ့ရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းကြောင့် ကမ္ဘာ့ အကြီးဆုံး ကလပ်အသင်း တစ်သင်းမှာ ကစားခွင့် ရဖို့ အလားအလာ ရှိတယ်လို့ တောင် ပြောဆိုခဲ့ပါသေးတယ်။

ကူဒက်စ်နဲ့ သူ့ရဲ့အသင်းဖော် ဝီလီယံစ်။

“ဟုတ်ပါတယ်။ သူက ဘာစီလိုနာ ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်အတွက် ကစားနိုင်ပါတယ်။ သူ့ကို အရမ်းကောင်းတဲ့ ကလပ်တစ်ခုမှာ ကစားနေတာကို ကျွန်တော် မြင်နေမိပါတယ်။ “သူ့ အနေနဲ့ သူ့အသက်အရွယ်အရ ဖွံ့ဖြိုးတိုးတက်ဖို့ နေရာကျန်သေးပေမယ့် ပြီးပြည့်စုံနေပါပြီ။ ”

“သူ့မှာ အလားအလာတွေ အများကြီးရှိပြီး တိုးတက်မှုအတွက် ကောင်းမွန်တဲ့ အနားသတ်တွေ ရှိပါတယ်။ ပေါ်ထွန်းလာနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ” လို့ ဝီလီယံစ် က အားကစား မီဒီယာ Radio Marca ကို ပြောကြားခဲ့ပါတယ်။

အေဂျက်စ်က ကူဒက်စ်မအတွက် သင့်တော်တဲ့ ထိပ်တန်းအဆင့် အသင်းမဟုတ်ပါဘူး။

အေဂျက်စ် လူငယ် ကွင်းလယ်လူ မိုဟာမက် ကူဒက်စ် ဟာ အခု ရာသီ အထိ အေဂျက်စ် အသင်းရဲ့ စ, တင် ၁၁ ဦးစာရင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရရှိထားပြီး  ဝီလီယံစ်က သူ့ရဲ့ လက်ရှိ အသင်းထက် ပိုမို တိုးတက်နေပြီလို့ ယုံကြည်နေပါတယ်။

“ အေဂျက်စ်အသင်းဟာ သူ့အတွက် အလွန် အဆင့်နိမ့်လာတယ်။  သူ့အ နေနဲ့  မကြာခင်မှာ ကြီးမားတဲ့ ကလပ်တစ်ခုဆီ တက်လှမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။  ” ဟု ဝီလီယံစ်က အတည်ပြု ပြောကြားခဲ့ပါတယ်။

Kudus is in good form at Ajax

အေဂျက်စ်မှာ ခြေစွမ်းကောင်းနေတဲ့ ကူဒက်စ်။

“ သူ့အ တွက် Athletic Bilbao မှာ သူ့ကို လက်မှတ်ထိုးခွင့် ပေးနိုင်တဲ့ Basque ဆွေမျိုးတစ်ယောက် ရှိစေချင်ပါတယ်။ ” လို့ သူ့ရဲ့ အသင်းဘက်က Basque ကစားသမားတွေကိုသာ ခေါ်ယူတဲ့ မူဝါဒကို ကိုးကားပြီး နိဂုံးချုပ်ခဲ့ပါတယ်။

အသက် ၂၂ နှစ် အရွယ်ရှိ Kudus [ မိုဟာမက် ကူဒက်စ် ] ဟာ အခု နှစ်ရာသီမှာ အေဂျက်စ်အတွက် ပြိုင်ပွဲသုံးခုမှာ ၁၀ ဂိုး သွင်းယူထားပြီး အမ်စတာဒမ်အသင်းအတွက် ၂၁ ကြိမ် ပါဝင် ကစားပေးထားပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment