R Leao [ ရာဖေးလ် လီယို ] နဲ့ မီလန်ရဲ့ စာချုပ် ညှိနှိုင်းမှု။

R Leao reveals Milan contract talks
November 30, 2022

ချဲလ်ဆီး ပစ်မှတ် R Leao [ ရာဖေးလ် လီယို ] က မီလန် နဲ့ စာချုပ် ညှိနှိုင်းမှု ကို ထုတ်ဖော် ပြောကြား ခဲ့ပါတယ်။

R Leao [ ရာဖေးလ် လီယို ] ဟာ  မကြာသေးခင် ကာ‌လတွေတုန်းက သူ့ကို ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့မယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေချိန်မှာ အေစီမီလန်အသင်းမှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အီတလီ ကလပ်နဲ့  စာချုပ်သစ် ချုပ်ဆိုနိုင်ဖွယ်ရှိတဲ့ အခြေအနေကို ပြောဆိုခဲ့ပါတယ်။

ရာဖေးလ် လီယို ဟာ နွေရာသီ အပြောင်းအရွှေ့ ကာလတုန်းက  ချဲလ်ဆီးအသင်းနဲ့ ချိတ်ဆက်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းက ပေါ်တူဂီသားကို ပြောင်းရွှေ့ဖို့ နောက်ကျနေပြီလို့ ယူဆခဲ့ပြီး ကြီးမားတဲ့ ပြောင်းရွှေ့ကြေး ငွေကို မပေးချင်ခဲ့ပါဘူး။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

မီလန်အသင်းနဲ့ R Leao [ ရာဖေးလ် လီယို ] ရဲ့ စာချုပ်သစ် အခြေအနေ။

ချဲလ်ဆီးအသင်းဟာ နွေရာသီမှာ  ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ပေမယ့် အပြောင်း‌အရွှေ့ ဈေးကွက် ဖွင့်ချိန် ၂၀၂၃ ခုနှစ်မှာ ပြောင်းရွှေ့ဖို့ မျှော်လင့်ချက်နဲ့ ကစားသမားအပေါ် သူတို့ရဲ့ စိတ်ဝင်စားမှုကို ဆက်လက် ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

အခု အခါမှာတော့ R Leao [ ရာဖေးလ် လီယို ] ဟာ အေစီ မီလန်အသင်းနဲ့ အနာဂတ်အကြောင်း ပြောဆိုခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကာတာကို မထွက်ခွာခင်တုန်းက ကလပ်အသင်းနဲ့ စာချုပ်သစ် ကိစ္စ ဆွေးနွေးခဲ့ကြောင်း ဝန်ခံ ပြောဆိုခဲ့ပါတယ်။

R Leao is in good form at WC with Portugal

ပေါ်တူဂီအသင်းနဲ့အတူ ကမ္ဘာ့ ဖလားမှာ ခြေစွမ်းပြနေတဲ့ ‌ရာဖေးလ် လီယို။

မီလန်အသင်းမှာ လီယိုရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သံသယတချို့ ရှိနေပါတယ်။ – သူဟာ ကလပ်အသင်းနဲ့  ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသေးပေမယ့် သူ့ကို စာချုပ် သက်တမ်းတိုးရန် ကလပ်အသင်း ဘက်က ရှင်းရှင်းလင်းလင်း ထုတ်ဖော်‌ ပြောဆိုထားပါတယ်။

ကလပ်အသင်းဘက်က သူ့ကို ရေရှည်မှာ အသင်းရဲ့  မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ရှုမြင်ထားပြီး မီလန်က သူ့ကို ရောင်းထုတ်တဲ့ ကိစ္စမှာ ခိုင်မာတဲ့ ညှိနှိုင်းမှု အနေအထား တစ်ခုနဲ့ ရှိနေစေမှာ ဖြစ်ပါတယ်။

ဘာစီလိုနာကလည်း ရာဖေးလ်လီယိုရဲ့ ခြေစွမ်းကို သဘောကျနေပါတယ်။

တိုက်စစ်မှူး R Leao [ ရာဖေးလ် လီယို ] ဟာ ပြီးခဲ့တဲ့ လများအတွင်း ကလပ် အသင်းများစွာကနေ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုများ ပြုလုပ်ခဲ့ပေမယ့်  အခု အခါမှာတော့  ဘာစီလိုနာက ရာဖေးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု အရှိန် မြှင့်လာခဲ့ပါတယ်။

ပေါ်တူဂီ ကြယ်ပွင့် ကစားသမားဟာ ၂၀၁၉ ခုနှစ်တုန်းက မီလန်ဆီ ရောက်ရှိလာခဲ့ပြီး ပြီးခဲ့တဲ့ ရာသီက စီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး ချန်ပီယံဆုအတွက် ၁၁ နှစ်ကြာ အိမ်မက်ဆိုးကို အဆုံးသတ်ခဲ့ပါတယ်။

R Leao won Serie A title with AC Milan

ရာဖေးလ်လီယိုဟာ မီလန်အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

လန်ဒန် ကလပ်အသင်းက လီယိုကို နွေရာသီမှာ ခေါ်ယူချင်ပေမယ့် လာမယ့် နွေရာသီ နောက်ဆုံးရက်တွေမှာ မီလန်က သတ်မှတ်ထားတဲ့ မြင့်မားတဲ့ စျေးနှုန်းကို ပေးချေဖို့ ဆန္ဒမရှိတာ ကြောင့် လာမယ့်နွေရာသီအထိ သူတို့ရဲ့စိတ်ဝင်စားမှုကို ထိန်းထားမယ်လို့ အကြံပြုထားပါတယ်။

ဒါပေမယ့်လည်း လာမယ့် နွေရာသီမှာ သူ့ကို စိတ်ဝင်စားမှု အများအပြားရှိမှာ ဖြစ်ပြီး သူ့ရဲ့ လတ်တလော ခြေစွမ်း ပြသမှုတွေက သူရနေတဲ့ အာရုံစိုက်မှု အဆင့်ကို မြှင့်တင်ပေးနေတဲ့ သဘောပါပဲ။

မီလန်နဲ့ စာချုပ်သစ် ကိစ္စနဲ့ ပတ်သက်ပြီး R Leao [ ရာဖေးလ် လီယို ] က

“ကျွန်တော် ပျော်ရွှင်ပြီး ဂုဏ်ယူပါတယ်။ ကမ္ဘာ့ဖလားကို အာရုံစိုက်နေဖို့ လိုပြီး ပြန်လာတဲ့ အခါမှာ မီလန်နဲ့ စကားပြောမှာပါ။ နိုင်ငံ လက်ရွေးစင် အသင်းနဲ့ မပူးပေါင်းခင် ဆွေးနွေးမှုတချို့ ရှိခဲ့ပါတယ်။ ”

” သက်တမ်းတိုး ကိစ္စနဲ့ ပတ်သက်ပြီး မာလ်ဒီနီနဲ့ တွေ့ဆုံခဲ့ပြီးပါပြီ။ ဒါက အပြုသဘောဆောင်တဲ့ တွေ့ဆုံမှုပါ။ မီလန်ကို ပြန်ရောက်တာနဲ့ ပိုမို ကောင်းမွန်လာဖို့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာပါ။ ” လို့ အားကစား မီဒီယာ Gazzetta dello Sport နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

R Leao with Maldini

လီယိုဟာ ကမ္ဘာ့ဖလားမတိုင်ခင် မာလ်ဒီနီနဲ့ တွေ့ဆုံခဲ့တယ်လို့ ‌ဆိုပါတယ်။

ချဲလ်ဆီးအသင်းဟာ မန်စီးတီးနဲ့ ဘာစီလိုနာတို့လို တခြား ထိပ်တန်း ကလပ်အသင်းတွေနဲ့အတူ သူ့ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲက တစ်သင်းဖြစ်ပေမယ့် သူ့အတွက် စျေးသက်သက်သာသာနဲ့ ပြောင်းရွှေ့လာမှာတော့ မဟုတ်ပါဘူး။

သူ့အသက်အရွယ်၊ အရည်အချင်းနဲ့ အလားအလာတွေကြောင့် မီလန်ဟာ နွေရာသီမှာ သူ့အတွက် ယူရို သန်း ၁၀၀ လိုချင်ပြီး နောက်နှစ်မှာ တစ်ကြိမ်ထပ်ရောက်လာတဲ့အခါ အလားတူ အခကြေးငွေကို တောင်းဆိုပါလိမ့်မယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment