M Kudus က လီဗာပူးရဲ့ ကောင်းမွန်တဲ့ ရွေးချယ်မှု။

M Kudus to Liverpool
November 29, 2022

လီဗာပူးလ်အသင်းအတွက် M Kudus [ ကူဒက်စ် ] ဟာ ကောင်းမွန်တဲ့ ရွေးချယ်မှု တစ်ခု။

M Kudus [ မိုဟာမက် ကူဒက်စ် ]  က သူဟာ လီဗာပူးအတွက် ကောင်းမွန်တဲ့ ရွေးချယ်မှု တစ်ခု အဖြစ် ပြီးပြည့်စုံကြောင်း ဂါနာအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေနဲ့ သက်‌သေပြသခဲ့ပါတယ်။

ကွင်းလယ်လူ မိုဟာမက် ကူဒက်စ်ဟာ ဒီ ကမ္ဘာ့ဖလားမှာ ဂါနာအသင်းအတွက် ကြယ်ပွင့်တစ်ဦးအဖြစ် ရှိနေပြီး သူ့ရဲ့ ငယ်ရွယ်စဉ်မှာ အထင်ကြီးစရာ ကောင်းတဲ့ ခြေစွမ်းနဲ့ သူ့ရဲ့ အဆင့်အတန်းကို လာမယ့် လအနည်းငယ်အတွင်း မြှင့်တင်ဖို့ မျှော်လင့်နေပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

လီဗာပူးအသင်းဟာ ဂါနာသား M Kudus [  မို ကူဒက်စ် ] ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။

ဂါနာ ကွင်းလယ်လူ မိုဟာမက် ကူဒက်စ်ဟာ တနင်္လာနေ့ နေ့လည်က တောင်ကိုရီးယား အသင်းကို အနိုင်ရခဲ့တဲ့ ပွဲမှာ သူ့ရဲ့ ကမ္ဘာ့ဖလား ၂ ပွဲမှာ ၂ ဂိုး သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားပါတယ်။

အဲ့ဒီ နိုင်ပွဲကြောင့် ဂါနာ အသင်းဟာ သူတို့ရဲ့ ခက်ခဲတဲ့ အုပ်စုကနေ နောက်တဆင့်တက်ဖို့ ခိုင်မာတဲ့ အနေအထားမှာ ရှိနေကာ မိုဟာမက် ကူဒက်စ်ရဲ့ ဂုဏ်သတင်းကို မြှင့်တင်ဖို့ အများအပြား လုပ်ဆောင်ခဲ့ကြပါတယ်။

M Kudus is a super star at Ghana

ဂါနာအသင်းရဲ့ စူပါစတား မို ကူဒက်စ်။

အကြိတ်အနယ် ရှိခဲ့တဲ့ တောင်ကိုရီးယားနဲ့ ပွဲမှာ ဂါနာတို့ ၂-၃ ဂိုးနဲ့ ၃ မှတ်အပြည့်ကို အကောင်းဆုံး ရယူနိုင်ခဲ့ပြီး လူငယ် ကွင်းလယ်လူ M Kudus [ မိုဟာမက် ကူဒက်စ် ] ကတော့ အဲ့ပွဲစဥ်ရဲ့ MOTM [ အကောင်းဆုံး ကစားသမား ] ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။

နောက်ဆုံး ပွဲသိမ်း ခရာသံအပြီး မကြာခင်မှာပဲ လီဗာပူးလ်အသင်းက ကစားသမားကို အလေးအနက်ထား စိတ်ဝင်စားနေပြီး ဂါနာသားကို ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေကြောင်း အားကစား မီဒီယာ De Telegraaf က ဖော်ပြခဲ့ပါတယ်။

ဂါနာသား M Kudus [  မို ကူဒက်စ် ] က လီဗာပူးမှာ ကောင်းကောင်း အံဝင်ခွင်ကျ ဖြစ်ပါလိမ့်မယ်။

လီဗာပူးလ်အသင်း ကွင်းလယ် အေဂျက်စ် ကွင်းလယ် ကစားသမား မိုဟာမက် ကူဒက်စ် ဘယ်လောက်ထိ ကောင်းမွန်ကြောင်းကို ပထမဆုံး မြင်တွေ့ခဲ့ရပြီး ရာသီအစောပိုင်းက အန်ဖီးလ်မှာ ချန်ပီယံလိဂ်ပွဲစဥ်အတွင်း သူတို့ဘက်ကို ဂိုးသွင်းယူခဲ့ပါတယ်။

အသက် ၂၂ နှစ် အရွယ်ရှိ ကွင်းလယ်လူ မိုဟာမက် ကူဒကစ်ဟာ အခုနှစ် ကမ္ဘာ့ဖလားမှာ အဓိက မှတ်တမ်းနှစ်ခုကို စိုက်ထူနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ဂါနာနိုင်ငံသား ဖြစ်လာခဲ့ပါတယ်။

M Kudus is in good form at Ajax

လီဗာပူးလ်ဘက်ကို ဂိုးသွင်းယူခဲ့တဲ့ ကူဒက်စ်။

သူဟာ ၂၀၁၄ ခုနှစ်တုန်းက နိုင်ဂျီးရီးယားမှ အာမက်မူဆာပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နှစ်ကြိမ်ဂိုးသွင်းနိုင်ခဲ့တဲ့ ဒုတိယမြောက် အသက်အငယ်ဆုံး အာဖရိကနိုင်ငံသား အဖြစ် မှတ်တမ်း တင်ခဲ့ပါတယ်။

ပြီးတော့ ဂိုးတွေသွင်းတာဟာ သူ့ကစားပွဲရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ – သူက ကြီးကျယ်ခမ်းနားတဲ့ အလိမ်အခေါက်ကျွမ်းကျင်သူတစ်ဦးပါ၊ လိုင်းတွေကို ဖြတ်ပြီး ခံစစ်တွေကို ဖြတ်ကျော်နိုင်တယ်၊ ဒါက သူ့ရဲ့ သဘောကျစရာကောင်းတဲ့ အသွင်အပြင် ဖြစ်ပါတယ်။

ဒါတွေကြောင့် သူ့‌အနေနဲ့ လီဗာပူးလ်မှာ အံဝင်ခွင်ကျရှိပြီး သူ့ရဲ့ ခြေစွမ်းနဲ့ အရည်အသွေးတွေကို တွက်ချက်ကာ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးလ် အသင်းအတွက် ကြိုဆိုမှုတစ်ခု ထပ်မံ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကို တိုးတက်ပြောင်း‌လဲစေမယ့် မိုဟာမက် ကူဒက်စ်ရဲ့ အပြောင်း‌အရွှေ့။

နွေရာသီတုန်းက လီဗာပူးလ်ရဲ့ မာဆေးဆိုက်ပြိုင်ဘက် အဲဗာတန်က ကူဒက်စ် ကို ခေါ်ယူရန် စိတ်အားထက်သန်ခဲ့ပေမယ့် အေဂျက်စ်အသင်းဘက်က အဆိုပါ ပြောင်းရွှေ့မှုကို ငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေ အပြီးမှာတော့  သူ့အပေါ်  စိတ်ဝင်စားမှု ပိုရှိလာမှာ ဖြစ်ပြီး အေဂျက်စ် အသင်းဘက်က ကစားသမားအတွက် ကြီးမားတဲ့ ပြောင်းရွှေ့ကြေးငွေ ပမာဏကို တောင်းဆိုနိုင်ပါတယ်။

M Kudus will be until 2025 at Ajax

ကူဒက်စ်ဟာ အေဂျက်စ်အသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပါတယ်။

ကူဒက်စ်ဟာ Ajax အသင်းရဲ့ အပြောင်မြောက်ဆုံး ကစားသမားများထဲမှ တဦး ဖြစ်ပါတယ်။ ရံဖန်ရံခါမှာ သူရဲ့ ပါးနပ်တဲ့ စွယ်စုံရ ကျွမ်းကျင်မှု ကစားဟန် ပုံစံတွေက အံသြဖွယ်ရာဖြစ်ပြီး သူ့ကို လီဗာပူးလ်မှာ ကြိုဆိုဖွယ် ရှိနေပါတယ်။

လီဗာပူးအနေနဲ့ ကွင်းလယ် ကစားသမား နည်းပါးနေပြီး ဒီပြဿနာကို ကူညီဖို့ နည်းလမ်းတစ်ခုကတော့ M Kudus [ မိုဟာမက် ကူဒက်စ် ] ကို ခေါ်ယူခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြိုင်ဆိုင်မှုတွေတော့ ရှိမှာဖြစ်ပေမယ့် ခေါ်ယူနိုင်ခဲ့ရင်တော့ အသင်းကို သိသိသာသာ တိုးတက်လာစေမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment