Antony ကို ရောင်းချချင်နေတဲ့ ယူနိုက်တက်။

Antony Man Utd want him sale to fund Michael Olise transfer WS
May 6, 2024

ဘရာဇီးလ် ကြယ်ပွင့် Antony [ အန်တိုနီ ] ကို ရောင်းချချင်နေတဲ့ မန် ယူနိုက်တက်။

Antony [ အန်တိုနီ ] ကို ရောင်းချပြီး ရရှိလာတဲ့ ငွေကြေး တစ်ရပ် နဲ့ ကစားသမားသစ် ဝယ်ယူနိုင်ဖို့ မန်ချက်စတာ ယူနိုက်တက် အသင်း ဆန္ဒ ရှိနေတယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ နွေရာသီ အပြောင်းအရွှေ့ မှာ မိုက်ကယ် အိုလိုက်စ် ကို ဝယ်ယူဖို့ Antony [ အန်တိုနီ ] ကို ရောင်းချ ဖို့ ကြိုးစား နေတယ် လို့ သတင်း ရရှိ ပါတယ် ။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

ယူနိုက်တက် တောင်ပံ ကစားသမား Antony [ အန်တိုနီ ] ရဲ့ စွမ်းဆောင်ရည်များ။

ဂျာနယ်လစ် ရူဒီဂါလက်တီ ရဲ့ ပြောကြားချက်အရ သရဲနီ အသင်းဟာ ဘရာဇီးလ်သား Antony [ အန်တိုနီ ] အတွက် ကမ်းလှမ်းမှုများကို စောင့်ဆိုင်းနေကြောင်း သိရပါတယ်။

ဒါပေမယ့် အခုလို စောင့်မျှော်နေတဲ့ အချိန်မှာ တောင်ပံ ကစားသမားအတွက် တိကျ သေချာတဲ့ ချဥ်းကပ် ကမ်းလှမ်းမှုတွေ မရှိသေးကြောင်း ဂျာနယ် သမားက ဆက်လက် ပြောကြားခဲ့ပါတယ်။

Antony scored against Liverpool

FA ‌‌‌ဖလား ပွဲစဥ်မှာ လီဗာပူးလ်ဘက်ကို ဂိုးသွင်းယူခဲ့တဲ့ အန်တိုနီ။

မန်ချက်စတာ ယူနိုက်တက် ညာတောင်ပံ ကစားသမား Antony [ အန်တိုနီ ] ဟာာ အိုးလ်ထရက်ဖို့ဒ် အသင်းမှာ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲအရပ်ရပ် ပွဲပေါင်း ၈၀ မှာ ၁၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

အမှန်တကယ်တော့ အန်တိုနီ ဟာ ၂၀၂၃ – ၂၄ ရာသီ မှာ ပိုပြီး ဆိုးရွားနေပြီး ပရီးမီးယားလိဂ် ၂၇ ပွဲမှာ ၁ ဂိုးသာ သွင်းယူပြီး ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်ထားနိုင်ပါတယ်။

ယူနိုက်တက်မှာ ရုန်းကန်နေရတဲ့ Antony [ အန်တိုနီ ]။

သူ့ရဲ့ ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ ဝေဖန်မှုတွေ အကြီးအကျယ် ခံနေရတာ မဟုတ်ဘဲ သူ့ရဲ့ မန်နေဂျာ Erik ten Hag က သူ့ကို အငြင်းအခုံတွေ ဖြစ်စေတဲ့ သူ့ ကို ခေါ် ယူမှု ကြောင့်လည်း ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် တောင်ပံ ကစားသမား အတွက် အသင်း နဲ့ လိုက်လျောညီထွေ ရှိစေဖို့ ပွဲထွက်ခွင့် တစ်နေရာအတွက် ရုန်းကန်နေရတာက လည်း အံ့သြစရာ မဟုတ်တော့ပါဘူး။

Antony is struggling at Man United

အန်တိုနီတစ်ယောက် ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်နေရပါတယ်။

ခရစ္စတယ် ပဲလေ့စ် တောင်ပံ ကစားသမား မိုက်ကယ် အိုလိုက်စ် ဟာ ယူနိုက်တက် ရဲ့ ထိပ်တန်း ပစ်မှတ်များထဲမှ တစ်ဦး ဖြစ်ကြောင်း ဖာဘရီဇီယို ရိုမာနိုက အတည်ပြု ပြောကြားခဲ့ပါတယ်။

ခရစ္စတယ် ပဲလေ့စ် အသင်းဘက်ကလည်း ပြင်သစ် ယူ-၂၁ လက်ရွေးစင် ကစားသမား ဟောင်းကို အခု နွေရာသီမှာ ရောင်းချဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

မိုက်ကယ် အိုလိုက်စ် က ယူနိုက်တက်ကို ပြောင်းမှာလား?

အခုရာသီ ပရီးမီးယားလိဂ် ၁၆ ပွဲမှာ ၇ ဂိုး သွင်းကာ ၄ ဂိုး ဖန်တီးထားတဲ့ ခရစ္စတယ် ပဲလေ့စ် တောင်ပံ ကစားသမားအတွက် အံ့မခန်း  အပြောင်းအရွှေ့တစ်ခု ပြုလုပ်ဖို့ ယူနိုက်တက်ဘက်က ရပ်တည်နေကြောင်း Romano မှ ပြောကြားခဲ့ပါတယ်။

အမှန်မှာ၊ ရိုမန်နိုက ယူနိုက်တက်တို့ဟာ အခု ရာသီ တံကောက်ကြော ဒဏ်ရာများ ဆက်တိုက်ရရှိနေတာကြောင့် ပွဲကစားချိန် ကန့်သတ်ခံထားရတဲ့ အသက် ၂၂ နှစ်အရွယ် ကစားသမားကို ခေါ် ယူနိုင်ဖို့ ချဲလ်ဆီးထက် သာလွန်နေပြီလို့ အရိမ်အမြွက် ပြောဆိုခဲ့ပါတယ်။

ရိုမန်နိုက “ သူဟာ သြဂုတ်လမှာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပါတယ်။ ချယ်လ်ဆီး အသင်းကလည်း သူ့ကို ခေါ် ယူဖို့ ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ “

Antony Michel Olise is wanted by Man United

ယူနိုက်တက်တို့ ခေါ် ယူဖို့ ပစ်မှတ်ထာနေတဲ့ မိုက်ကယ်အိုလိုက်စ်။

“ အဲဒီနောက် ခရစ္စတယ် ပဲလေ့စ်က ကစားသမား ကို ကလပ်မှာ ဆက်ထားဖို့၊ စာချုပ်သက်တမ်းတိုးဖို့ နဲ့ ပေါင်သန်း ၆၀ ရှိတဲ့ သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေး ပမာဏကို တိုးမြှင့်နိုင်ခဲ့ပါတယ်။ ”

“ မန်​ချက်​စတာ ယူနိုက်​တက်​က​တော့ အ​ခြေအ​နေ​တွေကို ​ကောင်းမွန်​စွာ အသိ​ပေး​နေပါတယ်​။ သူတို့​တွေက​တော့ အ​ခြေအ​နေနဲ့ ပတ်​သက်​ပြီး ကောင်း​ကောင်း​ ပြော​ပေး​နေပါတယ်​။ ”

“ သူတို့တွေ စာချုပ် ဖျက်သိမ်းခွင့် အခြေအနေတွေ၊ လုပ်ခ လစာ နဲ့ ကော်မရှင် ကိစ္စတွေ အကုန်သိနေပါပြီ။ မိုက်ကယ် အိုလိုက်စ်က သူတို့ရဲ့ ဆန်ကာတင် စာရင်းမှာ ပါဝင်တဲ့ ကစားသမား တစ်ယောက်ပါ။ လို့ သူ့ ရဲ့ YouTube ချန်နယ်မှာ ရှင်းပြခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment