Solskjaer ကို ပြန်ခေါ် ဖို့ တောင်းဆိုနေကြပြီ။

Solskjaer is wanted by Man United fans WS
May 7, 2024

နည်းပြဟောင်း  Solskjaer [ အိုလီ ဂန်နာ ဆိုးရှား ] ကို ပြန်ခေါ် ဖို့ ပရိတ်သတ်တွေ တောင်းဆို။

Solskjaer [ အိုလီ ဂန်နာ ဆိုးရှား ] ကို နည်းပြ အဖြစ် ပြန်လည် ခေါ် ယူ ဖို့ မန်ချက်စတာ ယူနိုက်တက် ပရိတ်သတ်တွေ က သူတို့ ရဲ့ ဆိုရှယ် မီဒီယာတွေမှာ တောင်းဆိုလိုက်ကြပါတယ်။

ဆိုရှယ် မီဒီယာပေါ် က မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက Ole Gunnar Solskjaer [ အိုလီ ဂန်နာ ဆိုးရှား ] ကို ရာသီကုန်အထိ အိမ်စောင့်မန်နေဂျာအဖြစ် အသင်းကို ပြန်ခေါ် ပေးဖို့ တောင်းဆိုနေကြပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

ရလဒ်တွေ ဆိုးရွားနေတဲ့ အဲရစ် တန်ဟက်ဂ် ရဲ့  မန်ချက်စတာ ယူနိုက်တက်။

လက်ရှိ မန် ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဟာ တနင်္လာနေ့ ညနေပိုင်းက ခရစ္စတယ်ပဲလေ့စ်ကို ၄-၀ ဂိုး နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တဲ့ အတွက် ဆိုးရွားတဲ့ ရာသီသစ် တစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။

ဒါဟာ Ten Hag အတွက် လာမယ့် ရာသီမှာ Man Utd နည်းပြအဖြစ် ဆက်ရှိ နေသင့်သလား ဆိုတဲ့ အငြင်းပွားမှု အားလုံးကို ရပ်တန့်  သွားစေမယ့် စွမ်းဆောင်ရည် နဲ့ ရလဒ် တစ်ခုပါပဲ။

Solskjaer Man United lost 4-0 against Crystal Palace

ခရစ္စတယ် ပဲလေ့စ်ကို ၄-၀ ဂိုး နဲ့ ရှုံးနိမ့်ခဲ့တဲ့ တန်ဟက်ဂ် ရဲ့ ယူနိုက်တက်။

ဒါပေမယ့် Ten Hag ကို ချက်ချင်းထုတ်ပယ်သင့်ပြီး အိမ်စောင့် နည်းပြ တစ်ဦးဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၃ ပွဲ၊  မန် စီးတီး နဲ့ FA Cup ဖိုင်နယ် ပွဲစဉ်တွေ အတွက် ပါဝင်လာမယ်လို့ ပရိသတ် တော်တော်များများ က ယုံကြည်နေကြပါတယ်။

ဂန္တဝင် ကစားသမား‌ဟောင်း Solskjaer [ ဆိုးရှား ] ကို ပြန်ခေါ် ချင်နေတဲ့ ယူနိုက်တက် ပရိတ်သတ်များ။

မန်ချက်စတာ ယူနိုက်တက် ပရိတ်သတ်တွေ ဟာ လက်ရှိမှာ တန်ဟက် ကိုင်တွယ်တဲ့ ကလပ်အသင်းရဲ့ စွမ်းဆောင်ရည် နဲ့ ရလဒ်တွေပေါ်  ကျေနပ် အားရမှု မရှိတာကြောင့် နည်းပြဟောင်း ဆိုးရှားကို ပြန်ခေါ်ဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

အိုလီ ဂန်နာ ဆိုးလ်ရှား ဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ယူနိုက်တက် အသင်း နည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ ရပြီးကတည်းက အသင်း လက်မဲ့ ဖြစ်နေခဲ့ပါတယ်။

Solskjaer at Man United

ယူနိုက်တက် နည်းပြဟောင်း ဆိုးရှား။

ယူနိုက်တက် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဆိုးလ်ရှား ဟာ မန် ယူနိုက်တက် အသင်းကို ၂၀၁၈ ကနေ ၂၀၂၁ ခုနှစ် အထိ တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှု ကြီးကြီးမားမားတော့ မရခဲ့ပါဘူး။

ယူနိုက်တက်မှာ လက်ရှိ နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ စံချိန်။

တန်ဟက်ဂ် ဟာ ၂၀၂၂ နွေရာသီမှာ မန် ယူနိုက်တက် အသင်းကို ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ချန်ပီယံလိဂ်ဆီ ပြန်လည်ဝင်ရောက်ကာ လိဂ်ဖလား ချန်ပီယံဆုနဲ့အတူ ကောင်းမွန်တဲ့ ပထမ ရာသီကို ဖြတ်သန်းခဲ့ပြီး အခု FA Cup ဖိုင်နယ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၂၃-၂၄ ရာသီကတော့ သူ့အတွက် အိပ်မက်ဆိုးတွေ ဖြစ်စေခဲ့ပြီး ယူနိုက်တက်တို့ဟာ အဆင့် ၈ နေရာတွင် ရပ်တည်နေပြီး သူတို့ ရဲ့ ပရီးမီးယားလိဂ် ၃၄ ပွဲမှာ ၁၃ ပွဲ ရှုံးထားပြီး ဂိုးကွာခြားချက်က – ၃ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လိဂ်ဖလားကို စောစောစီးစီး ထွက်ခဲ့ကြပြီး ဒီထက် ပိုဆိုးတာကတော့ ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ အုပ်စု နောက်ဆုံး နဲ့ အရှက်ရဖွယ် လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

Solskjaer Ten Hag is expected to be sacked at the end of the season.

ရာသီကုန်မှာ ထုတ်ပယ်ခံရဖွယ်ရှိနေတဲ့ အဲရစ်တန်ဟက်ဂ်။

နည်းပြ အဲ့ရစ် တန်ဟက်ဂ် ဟာ ကလပ်အတွင်း ကစားသမားတွေ နဲ့ ( အထူးသဖြင့် ) ခရစ္စတီယာနို ရော်နယ်ဒို၊ ဂျေဒန် ဆန်ချို တို့ နဲ့ အဆင်မပြေ ဖြစ်ခဲ့ပြီး Marcus Rashford နဲ့လည်း ဆက်ဆံရေး ဆိုးရွားနေ ကြောင်း သိရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နယ်သာလန်သား နည်းပြ အဲရစ် တန်ဟက်ဂ် ဟာ ရာသီကုန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထုတ်ပယ်ခံရဖို့ ရှိနေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment