Vitor Roque ကို လက်မလျှော့သေးတဲ့ ယူနိုက်တက်။

Vitor Roque is still wanted by Man United WS
May 3, 2024

ဘာကာ ကြယ်ပွင့် Vitor Roque [ ဗစ်တာ ရုတ်ခ် ] ကို ခေါ် ယူဖို့ လက်မလျှော့သေးတဲ့ ယူနိုက်တက်။

Vitor Roque [ ဗစ်တာ ရုတ်ခ် ] ကို ခေါ် ယူဖို့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ မျှော်လင့်ချက်တွေကို စွန့်လွှတ်ဖို့ အခုချိန်ထိ ငြင်းဆန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

စပိန် မီဒီယာတွေ ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘရာဇီးလ် ကြယ်ပွင့် Vitor Roque [ ဗစ်တာ ရုတ်ခ် ] ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

လီဝန်ဒေါစကီးကြောင့် နေရာရဖို့ ရုန်းကန်နေရတဲ့ ဘရာဇီးလ် ကြယ်ပွင့် ဗစ်တာ ရုတ်ခ်။

အက်သလက်တီကို ပါရာနာနက်စ် မှ ရောက်ရှိလာတဲ့ အချိန်က စလို့ လူငယ် တိုက်စစ်မှူး ဗစ်တာ ရုတ်ခ် ဟာ ဘာစီလိုနာ အသင်းမှာ လွယ်ကူ ကောင်မွန်တဲ့ အချိန်တွေကို မရရှိခဲ့ပါ။

မကြာသေးမီ ရက်သတ္တပတ်များ အတွင်း ဘရာဇီးလ်သား နဲ့ ပတ်သက်လို့ အပြောင်းအရွှေ့ သတင်းများ ထွက်ပေါ်ခဲ့ပြီး ဇာဗီ ရဲ့ အသင်းမှာ သူ့ ရဲ့ အခန်း ကဏ္ဍ နဲ့ ပတ်သက်လို့ မကျေနပ်ဘူးဆိုတဲ့ ကောလာဟလတွေလည်း မတ်လတုန်းက ပျံ့နှံ့ခဲ့ပါတယ်။

Vitor Roque vs Lewandowski at Barcelona

လီဝန်ဒေါစကီး နဲ့ ဗစ်တာ ရုတ်ခ်။

မကြာသေးမီက ဝါရင့် တိုက်စစ်မှူး Robert Lewandowski ရဲ့ အကောင်းဆုံး ပုံစံကြောင့် လူငယ် တိုက်စစ်မှူး ရဲ့ အခြေအနေမှာ အဲ့ အချိန်က စ,လို့ အထူးကောင်းမွန်လာခြင်း မရှိသေးပါဘူး။

ဘာစီလိုနာမှာ ပွဲထွက်ခွင့် နည်းနေတဲ့ Vitor Roque [ ဗစ်တာ ရုတ်ခ် ] ။

ဘာစီလိုနာ ရဲ့ နောက်ဆုံး လာလီဂါ ပွဲစဉ် ၂ ပွဲမှာ အသုံးမဝင်တဲ့ လူစားလဲခံခဲ့ရတဲ့ Roque ဟာ အသင်းပြောင်းလာကတည်းက ၁၃ ပွဲသာ ပါဝင် ကစားခဲ့ပြီး အများစုဟာ အရန်ခုံ ကနေ ခဏတာ ပါဝင် ကစားခဲ့ရတာ ဖြစ်ပါတယ်။

တိုက်စစ်မှူး Vitor Roque [ ဗစ်တာ ရုတ်ခ် ] ဟာ အဆိုပါ ၁၁ ပွဲမှာ ၂ ဂိုး သွင်းထားသပေမယ့် အသက် ၁၉ နှစ် အရွယ် ကစားသမားဟာ အထူး သင့်လျော်မှု မရှိတဲ့ နေရာ ဖြစ်တဲ့ တောင်ပံမှာ မကြာခဏ ဆိုသလို ထွက်ကစားရပါတယ်။

Vitor Roque had few game minutes at Barcelona

ဘာစီလိုနာမှာ ပွဲထွက်ခွင့်နည်းနေတဲ့ ဗစ်တာ ရုတ်ခ်။

ဒီအချက် သူ့ရဲ့ အဆင်မပြေမှုကို ပိုပြီး ဆိုးရွားစေတယ်လို့ ဆိုထားပြီး ဇာဗီ ရဲ့ နောက်ထပ် ရာသီမှာ ဆက်နေဖို့ ဆုံးဖြတ်ချက် နဲ့ လီဝန်ဒေါစကီး မှ ထွက်ခွာဖို့ ရည်ရွယ်ချက် မရှိဘူးဆိုတာကလည်း Roque ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆိုးရွားတဲ့ အကျိုးဆက်များ ရှိတယ်လို့ ဆိုပါတယ်။

ဘာစီလိုနာဆီ Vitor Roque [ ဗစ်တာ ရုတ်ခ် ] မပြောင်းအောင် ကြိုစားခဲ့ဖူးတဲ့ ယူနိုက်တက်။

ဒါကြောင့် Mundo Deportivo က Roque ကို အလားအလာ ရှိတဲ့ ထွက်ပေါက် တစ်ခု နဲ့ တစ်ဖန် ချိတ်ဆက်နေပြီး အထူးသဖြင့် စိတ်ဝင်စားဖို့ ကောင်းတာက သူ့ ကို မန်ချက်စတာ ယူနိုက်တက် အသင်းက စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းက ၂၀၂၃ ခုနှစ်မှာ Roque ကို ဘာစီလိုနာ အသင်း နဲ့ လက်မှတ် မထိုး အောင် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။

နာပိုလီ၊ နိစ် နဲ့ လိုင်ယွန်တို့ လိုမျိုး အခြား အသင်း အများအပြားကလည်း ခေါ် ယူချင်နေပြီး ဒီ အထဲမှာ ရီးရဲလ် ဘက်တစ် နဲ့ ဆီဗီလာ အသင်းတို့လည်း ပါဝင်ဖို့ စိတ်အားထက်သန်နေကြောင်း သိရပါတယ်။

Vitor Roque at Brazil national team

ဘရာဇီးလ်ကြယ်ပွင့် တိုက်စစ်မှူး ဗစ်တာ ရုတ်ခ်။

ဘာစီလိုနာအသင်း ဟာ သူတို့ရဲ့ ဘဏ္ဍာရေး ပြဿနာများကြောင့် လာမယ့့် ရာသီမှာ Roque ကို စာရင်းသွင်းရန် ရုန်းကန်နေရပြီး သူ့ ကို  အငှား ချဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

ဗစ်တာ ရုတ်ခ်ဟာ ငယ်စဥ်ကတည်းက ဘာကာ ပရိတ်သတ် တစ်ဦး ဖြစ်ပြီး ဘာစီလိုနာ နဲ့ ကစားသမားက ခွဲထွက်လိုခြင်း မရှိတာကြောင့် အမြဲတမ်း ထွက်ခွာခွင့်ကို ပယ်ချလိုက်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment