ရော်နယ်ဒိုရဲ့ ဟတ်ထရစ်ကြောင့် ၃ မှတ်အပြည့် ရသွားတဲ့ မန်ချက်စတာ ယူနိုက်တက်

Cristiano Ronaldo Hat trick
April 17, 2022

 

 

Cristiano Ronaldo ဟာ ယူနိုက်တက်အသင်းအတွက် တတိယမြောက် ဟတ်ထရစ်ကို သွင်းယူပြီး

အသင်းကို ကယ်တင်လိုက်ပါတယ်။

 

 

Manchester United အသင်း ဟာ စနေနေ့ က ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားအောက်ဆုံးက Norwich City အသင်းနဲ့ Old Trafford ( မန် ယူနိုက်တက် အိမ်

ကွင်း ) ယှဥ်ပြိုင် ကစားခဲ့ပြီး ယူနိုက်တက်အသင်းဟာ ပွဲချိန် ၇ မိနစ်မှာ အန်တိုနီအယ်လန်ဂါရဲ့ ဖန်တီးမှုကနေတဆင့် ရော်နယ်ဒိုရဲ့ အဖွင့်ဂိုးနဲ့  စတင်ခဲ့ပါတယ်။ ဆွီဒင်

လူငယ်ကစားသမားဟာ  ဘန်ဂစ်ဘ်ဆန်ဆီက ဘောလုံးကို ဖိအားပေး လုယူလိုက်ပြီး ရော်နယ်ဒိုအတွက် ဦးဆောင်ဂိုးကို အလွယ်တကူ သွင်းယူစေနိုင်ခဲ့ပါတယ်။

 

 

ပွဲချိန် ၃၂ မိနစ်မှာ ဘယ်နောက်ခံလူ အဲလက်ဇ် တဲလက်စ်ရဲ့ ဒေါင့်ကန်ဘောကနေတဆင့် ရော်နယ်ဒိုရဲ့ ခေါင်းတိုက်ဂိုးနဲ့ ယူနိုက်တက်အသင်း ဒုတိယမြောက် ဦးဆောင်ဂိုး

ရရှိခဲ့ပါတယ်။

 

 

✅✅✅ 1xBet မှာ ကစားချင်သူတွေအနေနဲ့

Promocode (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြု၍

100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။ 💸💸💸

 

👉အကောင့်ဖွင့်နည်း 👈

How to register in 1XBET? – Myanmar Sports

 

 

ပထမပိုင်းပြီးခါနီး စက္ကန့်ပိုင်းအလိုမှာ တီမီပါကီရဲ့ ဖြတ်တင်ဘောကနေတဆင့် ကီရန်ဒါဝယ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ချေပဂိုးစတင် ရရှိခဲ့ပါတယ်။

ပွဲချိန် ၅၂ မိနစ်မှာ တီမူပူကီရဲ့ အနီးကပ်ကန်ချက်ကနေ နောက်ထပ် ချေပဂိုးထပ်မံ ရရှိသွားခဲ့ပါတယ်။

 

ပွဲကစားချိန် ၇၅ မိနစ်မှာ အယ်လန်ဂါ ကို နောက်ခံလူ ဒီမီထရီးစ် ဂျာနောလိစ်က ဖြတ်ထုတ်ကစားပုံ ကြမ်းတာကြောင့် ယူနိုက်တက်အသင်း ပြစ်ဒဏ်ဘော ရရှိခဲ့ပါ

တယ်။ ဒီပြစ်ဒဏ်ဘောကို ၁၈ ကိုက်စည်း အပြင်ဘက်ကနေ တိုက်စစ်မှူး ရော်နယ်ဒိုက ခပ်ပြင်းပြင်းလေး လှမ်းကန်ပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒီဂိုးဟာ ယူ

နိုက်တက် အသင်းအတွက် အနိုင်ဂိုးဖြစ်သလို ရော်နယ်ဒိုရဲ့ တတိယမြောက် ဟတ်ထရစ်ဂိုးလည်း ဖြစ်ပါတယ်။

 

Cristiano Ronaldo Hat trick

 

 

ပွဲချိန် ၇၆ မိနစ်မှာ ရော်နယ်ဒိုရဲ့ ဖရီးကစ်ကန်ချက်က ယူနိုက်တက်အသင်းကို ၃ မှတ်အပြည့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

တိုက်စစ်တွဲဖက် အယ်လန်ဂါဂျေဒန်ဆန်ချိုတို့ရဲ့ တိုက်စစ်ဆင်ပုံ ကောင်းမွန်မှုတွေကြောင့် ခရစ္စတီယာနို ရော်နယ်ဒို ဟာ ဒီပွဲမှာ ဟတ်ထရစ်အကြိမ်အရေအတွက်ကို

တစ်ကြိမ် ထပ်မံတိုးမြှင့်နိုင်ခဲ့ပါတယ်။

 

အယ်လန်ဂါ ရဲ့ ဖိကစားမှုက အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပြီး  ဂျေဒန်ဆန်ချိုရဲ့ အတိုးအလှုပ်တွေက ဘယ်ဘက်အခြမ်းမှာ နေရာလွတ်တွေ အများကြီး ရရှိစေခဲ့ပါတယ်။

ဒီပွဲမှာ ဘယ်နောက်ခံလူ တဲလက်စ်ရဲ့ ဖြတ်တင်ဘော တိကျမှုတွေကိုလည်း ချီးကျူးရမှာ ဖြစ်ပါတယ်။

 

Cristiano Ronaldo Hat trick

 

 

ရော်နယ်ဒိုဟာ အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ဒုတိယမြောက်အိမ်ကွင်းပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့

တဲ့လက  တော့တင်ဟမ်ဟော့စပါးကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်မှာလည်း ဟတ်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

 

 

ဒီရာသီမှာ သူ့ရဲ့ ပရီးမီးယားလိဂ် ၁၅ ဂိုးထဲက ၁၂ ဂိုးဟာ အိမ်ကွင်းမှာ ရှိလာတာကြောင့် အိုးလ်ထရက်ဖို့ဒ်မှာ ကစားရတာကို နှစ်သက်ပုံရပါတယ်။ သူ့အနေနဲ့ စိတ်ဝင်

စားစရာကောင်းတဲ့ ဂိုးသွင်းမှု မှတ်တိုင်တချို့ကိုလည်း ရောက်ရှိလာခဲ့ပါတယ်။

 

 

ပေါ်တူဂီ ဂန္တဝင် တိုက်စစ်မှူးကြီးဟာ ပေါ်တူဂီလက်ရွေးစင် အသင်းအတွက် ဟတ်ထရစ် ၁၀ ကြိမ်၊ ရီးယဲလ်မက်ဒရစ် အသင်းအတွက် ၄၄ ကြိမ်၊ ဂျူပင်တပ်စ်အသင်း

အတွက် ၃ ကြိမ်၊ လက်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ၃ ကြိမ်တို့နဲ့  စုစုပေါင်း ဟတ်ထရစ်အရေအတွက် ၆၀  ကြိမ်နဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။

 

ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးဟာ လိဂ်သမိုင်းတွင် ၁၅ ဂိုးနဲ့အထက် ဂိုးသွင်းယူနိုင်တဲ့ အသက် ၃၆ နှစ်အထက် ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ လက်ရှိ

မှာတော့ ခရစ္စတီယာနို ရော်နယ်ဒို ဟာ ပြိုင်ပွဲစုံ ၁၆ ရာသီဆက်တိုက် အသင်းအတွက် ဂိုး ၂၀ နဲ့အထက် သွင်းယူထားတဲ့ နှစ်ချို့ဝိုင် ကစားသမားတစ်ဦးဖြစ်ပါတယ်။

 

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment