လီဝန်ဒေါစကီးရဲ့ အပြောင်း‌အရွှေ့ကောလဟာလကို နည်းပြ နာဂယ်စ်မန်းမှ ငြင်းဆို

Robert Lewandowski
April 18, 2022

 

 

ဘိုင်ယန်မြူးနစ် နည်းပြ နာဂယ်စ်မန်က လီဝန်ဒေါစကီးရဲ့ အပြောင်း‌အရွှေ့ကောလဟာလတွေကို ငြင်းဆိုထားပါတယ်။

 

 

ဘိုင်ယန်မြူးနစ်အသင်းက ထွက်ခွာ‌တော့မယ်ဆိုတဲ့  ကောလာဟလများထွက်ပေါ်နေတဲ့ ဂိုးသွင်းအများဆုံး ကြယ်ပွင့်ကစားသမား ရောဘတ်လီဝန်ဒေါစကီးကို

အသင်းမှာ ဆက်ထိန်းထားဖို့ ယုံကြည်နေပါတယ်။ ပိုလန်တိုက်စစ်မှူးရဲ့ စာချုပ်ဟာ ၂၀၂၃ နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး အထင်ရှားဆုံးကတော့ ဘာစီလိုနာအသင်းနဲ့

မကြာသေးခင်ကမှ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

 

✅✅✅ 1xBet မှာ ကစားချင်သူတွေအနေနဲ့

Promocode (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြု၍

100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။ 💸💸💸

 

👉အကောင့်ဖွင့်နည်း 👈

 

How to register in 1XBET? – Myanmar Sports

 

 

 

လီဝန်ဒေါစကီးနဲ့ ဆက်ဆံရေးကောင်းမွန်တယ်လို့ နည်းပြချုပ် ဂျူလီယန် နာဂယ်စ်မန်းဆီက အပြုသဘောဆောင်တဲ့ ပြောဆိုချက်တွေ ရရှိပါတယ်။

 

ဂျူလီယန် နာဂယ်စ်မန်းက

Lewandowski နဲ့ ကျွန်တော်ရဲ့ ဆက်ဆံရေးက အရမ်းကောင်းတယ်။ မကြာသေးခင်က ကောလဟာလတွေအကြောင်း သူ့ကို ချက်ချင်းမေးခဲ့တယ်။ ဒါပေမယ့်

သူက အားလုံးကို ငြင်းဆိုခဲ့ပါတယ်။ အဲဒီအချိန်က ပိုလန်တီဗီနဲ့ အင်တာဗျူးမှာ သူပြောခဲ့တာတွေကို ပြောပြခဲ့ပါတယ်။ ကျွန်တော်တို့မှာ တိုက်ရိုက် ဖလှယ်မှုရှိပါ

တယ်။ “

 

အားကစားဒါရိုက်တာ ဟာဆန် ဆာလီဟာမီဂျိက အနာဂတ်အတွက် စာချုပ်သစ်ဆွေးနွေးဖို့ စီစဉ်ထားပြီး ဘိုင်ယန်မြူးနစ်ရဲ့  ၁၀ နှစ်ဆက်တိုက် ဂျာမန်ချန်ပီယံဖြစ်မည့်

လိဂ်ဖလားကို ပထမဆုံးရယူလိုကြောင်း ပြောကြားခဲ့ပါတယ်။

 

 

Robert Lewandowski

 

“ကျွန်တော်တို့ ဆွေးနွေးမှုတွေလုပ်မယ်။ ကစားသမားတချို့နဲ့ ဆွေးနွေးနေပါတယ်။ ကျွန်တော်တို့ ပထမဆုံး ဂျာမန်ချန်ပီယံဖြစ်ဖို့ လိုချင်ပါတယ်။ ဒီနေ့ ( Arminia

Bielefeld နဲ့ပွဲမှာ ) သုံးမှတ်ရပြီး ဒေါ့မွန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် အရာအားလုံးကို ဆုပ်ကိုင်ထားနိုင်ပါတယ်။ ဒီတော့ ဒါကို အေးအေးဆေးဆေး ဆွေးနွေးသွားမှာပါ။”

 

လီဝန်ဒေါစကီးဟာ ကလပ်မှာ မပျော်မရွှင်ဖြစ်နေတယ်ဆိုတဲ့ ကောလာဟလတွေကို အမှုဆောင်အရာရှိချုပ် အိုလီဗာကာက ငြင်းဆိုထားပြီး သူသာ Allianz Arena

( ဘိုင်ယန်မြူးနစ် အိမ်ကွင်း ) မှာ မပျော်မရွှင် ဖြစ်နေပါက ဒီလို တသမတ်တည်း ခြေစွမ်းပြနေမှာ မဟုတ်ကြောင်း ထောက်ပြပြောဆိုထားပါတယ်။

 

 

“ဒီအချက်အလက်က ဘယ်ကလာတာလဲလို့ ကိုယ့်ကိုယ်ကို မေးနေမိပါတယ်။ ကလပ်အသိုင်းအဝိုင်းတွေကနေ ဒါမှမဟုတ် ‘ကလပ်” ဆီက ကြားရတာ အမြဲတမ်း

သိချင်နေတတ်ပါတယ်။ မပျော်မရွှင်ဖြစ်နေပြီး တစ်ရာသီကို ဂိုး ၃၀ ကနေ ၄၀ အထိ သွင်းယူနိုင်တဲ့ ကစားသမားကို ပြပါဦး။” လို့ မေးငေါ့ လိုက်ပါတယ်။

 

 

 

ပိုလန် တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ၂၀၁၄ ခုနှစ်မှာ ဒေါ့မွန်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ဘိုင်ယန်မြူးနစ်ကို  အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိ

လာခဲ့တာ ဖြစ်ပါတယ်။

 

 

အဲ့အချိန်ကနေ အခုထိ အသင်းအတွက် ၃၄၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဂါ့ဒ်မူလာနောက် ဒုတိယအများဆုံးအဖြစ် မှတ်တမ်းကောင်းနဲ့ ရပ်တည်နေပါတယ်။

တိုက်စစ်မှူးဟာ ဂျာမန်လိဂ်ဖလား ၇ ကြိမ်၊ DFB ဖလား ၃ ကြိမ်နဲ့ ချန်ပီယံလိဂ်ဆုဖလား ၁ ကြိမ်တို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

 

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment