ဘာစီလိုနာနဲ့ ပွဲမှာ ဖရန့်ဖက်ပရိတ်သတ်တွေ အများကြီးရောက်လာရတဲ့ နောက်ကွယ်က အကြောင်းအရင်း

 

 

Eintracht Frankfurt အသင်းဟာ ပွဲစဥ်လက်မှတ်တွေ ရယူဖို့ အသင်း ပရိသတ်တွေရဲ့

စိတ်ကူးစိတ်သန်းကို ချီးကျူးလိုက်ပါတယ်။

 

အိုင်းထရတ် အသင်းရဲ့  ဥက္ကဌ ပီတာ ဖီရှာ နဲ့  သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အာဇယ် ဟဲလ်မန်း တို့က ဂျာမန်ပရိသတ်တွေဟာ Camp Nou ( ဘာစီလိုနာ အိမ်ကွင်း ) မှာ ယူ

ရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဥ် အတွက် ထိုင်ခုံတွေ ဝယ်ယူဖို့ အကြံဉာဏ်ကောင်းရှိကြောင်း မီးမောင်းထိုးပြခဲ့ပါတယ်။

 

 

ဘာစီလိုနာအသင်း ဥက္ကဌ ဟွမ် လာပေါ်တာ က ပြိုင်ဘက် ဂျာမန်ပရိသတ်တွေကို လက်မှတ်တွေ ရောင်းချမှာ မဟုတ်ကြောင်း အတည်ပြု ကြေညာခဲ့ပေမယ့်

Eintracht ပရိသတ် ၃၀,၀၀၀ ကျော်ဟာ နူးကမ့်ကွင်းမှာ ဆီမီးဖိုင်နယ်ကို တက်ရောက် အောင်ပွဲခံခဲ့ကြပါတယ်။

 

 

 

✅✅✅ 1xBet မှာ ကစားချင်သူတွေအနေနဲ့

Promocode (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြု၍

100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။ 💸💸💸

 

👉အကောင့်ဖွင့်နည်း 👈

How to register in 1XBET? – Myanmar Sports

 

 

 

ကြီးကျယ်ခမ်းနားတဲ့ တီထွင်ဖန်တီးနိုင်စွမ်း၊ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့အတွက် လက်မှတ်တွေဝယ်ခဲ့ကြပါတယ်။

ဖရန့်ဖက်အသင်းရဲ့  ဥက္ကဌ ပီတာ ဖီရှာက ” ကျွန်တော်တို့ရဲ့  ပရိသတ်တွေ ဘာစီလိုနာကို ရောက်လာပုံနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းများစွာကို ကျွန်တော့်ကို ပြောပြခဲ့ပြီး

တီဗီအစီအစဉ်တစ်ခုလုံးကို ဖြည့်စွမ်းနိုင်လောက်အောင် ပရိသတ်တွေဟာ တူရကီ၊ အရှေ့ဥရောပ၊ မော်ရိုကိုနဲ့ ဒပ်ဘလင်တို့ကနေ တဆင့် လာရောက်ခဲ့ကြတယ်လို့

ဆိုပါတယ်။

 

 

နူးကမ့်ကွင်းမှာရှိဖို့ သူတို့လုပ်ခဲ့တဲ့အရာအားလုံးရဲ့ အံ့ဩစရာဇာတ်လမ်းတွေ အများကြီးရှိပါတယ်။

ဒါတွေအားလုံးက တရားဝင်ပါတယ်။ သူတို့က ထက်မြက်တဲ့အတွက် ဖြစ်နိုင်သမျှ နည်းမျိုးစုံနဲ့ လက်မှတ်တွေ ရထားကြပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

ဘုတ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အာဇယ် ဟဲလ်မန်းက “ အထူးသဖြင့် ယူရိုပါလိဂ်မှာ ခရီးသွားဖန်တီးမှုဖြစ်လာပြီး ကျွန်တော်တို့ရဲ့  ပရိသတ်တွေဆီကနေ စွမ်းအင်

တွေကို ရရှိခဲ့ပါတယ်။

 

 

နောက်ဆုံးတော့ အဝေးကွင်း ပရိတ်သတ် လက်မှတ် အစောင်ရေ ၅,၀၀၀ ပဲပေးတယ်ဆိုပေမယ့် ကွင်းထဲမှာ နောက်ထပ် ပရိသတ် ၂၅,၀၀၀ ရှိလာတော့ ကျွန်တော်တို့

အတွက် အံ့အားသင့်စရာကြီးပါပဲ။

 

 

Eintracht Frankfurt

 

FC Barcelona ရဲ့ အဆင့်သတ်မှတ်ချက်မှာ ဘယ်လို ဖြစ်နိုင်မလဲဆိုတဲ့  ဆန့်ကျင်ဘက်တုံ့ပြန်မှုတွေ ရှိခဲ့လို့ ဒါကို ပြောချင်တာပါ။ ဘာစီလိုနာ ရဲ့ အမှားတော့ မဟုတ်ပါ

ဘူး။ ကလပ်အသင်းအနေနဲ့ ထိန်းချုပ်ရခက်တဲ့ စဥ်းစားလို့ရသမျှ နည်းလမ်းပေါင်းစုံနဲ့ ကျွန်တော်တို့ရဲ့ ပရိသတ်တွေက လက်မှတ်တွေ ရခဲ့ကြတာ ဖြစ်ပါတယ်။”

 

Eintracht ပရိတ်သတ်တွေက အင်တာနက်ဖိုရမ်တွေကနေ အကြံဉာဏ်ပေးခဲ့ကြပါတယ်။ ဖော်မြူလာမှာ IP ရဲ့ ဇာစ်မြစ်ကို ဖုံးကွယ်ထားတဲ့  VPN ကနေတဆင့် ပိတ်

ဆို့ခြင်းတွေ၊ ရှောင်တိမ်းခြင်းတွေ ပါဝင်ပါတယ်။ ဘာစီလိုနာကို ဘယ်လိုသွားရမလဲ၊ တည်းခိုနေထိုင်ရေးနဲ့ ပတ်သက်ပြီးလည်း ဒီဖိုရမ်တွေမှာ အကြံဉာဏ်ပေးခဲ့ပါ

တယ်။”

 

 

လက်မှတ်ဝယ်ဖို့ တခြား နည်းလမ်းတွေကတော့ ဂျာမနီပြင်ပမှာ နေထိုင်နေကြတဲ့ သူငယ်ချင်းတွေဆီကနေတဆင့် လက်မှတ်တွေကို ဘာစီလိုနာ ဝဘ်ဆိုဒ်မှာ အတား

အဆီးမရှိဘဲ ရယူနိုင်ပြီး ဝယ်ယူပြီးလက်မှတ်တွေကို စာတိုက်ကနေ ပေးပို့နိုင်ခဲ့ပါတယ်။ အဆုံးစွန်အားဖြင့်၊ ရာသီလက်မှတ်အချို့ကိုပြန်လည်ရောင်းချခဲ့တာလည်း ရှိ

ပါတယ်။

 

Eintracht ပရိတ်သတ်တွေရဲ့  မိသားစုတွေနဲ့  တခြား ပရိတ်သတ် အုပ်စုလိုက်ဟာ မလုံလောက်တဲ့ ကလပ်ရဲ့  စစ်ဆေးမှုတွေကို အလွယ်တကူကျော်ဖြတ်ပြီး ပွဲစဥ်ကို

ကြည့်ရှုအားပေး နိုင်ခဲ့ကြပါတယ်။

 

ကန့်သတ်ထားတဲ့ လက်မှတ်အစောင်ရေကိုကျော်လွန်ပြီး မရမက ဝယ်ယူနိုင်ခဲ့ကြတဲ့ ဖရန့်ဖက်အသင်း ပရိတ်သတ်တွေရဲ့ အားပေးကြမ်းမှုတွေကတော့ တကယ်ကို

ချီးကျူးစရာပါပဲ။

 

ဖရန့်ဖက် အသင်းဟာ ဘာစီလိုနာအသင်းကို နှစ်ကျော့ပေါင်း  ၃ – ၄ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်မှာ အင်္ဂလန် ပရီးမီးယားလိဂ်က ဝက်စဟမ်းအသင်းနဲ့  ရင်ဆိုင်

ယှဥ်ပြိုင်ရမှာ ဖြစ်ပါတယ်။

 

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။