James Garner ကို ခေါ်ယူလိုက်တဲ့ အဲဗာတန်အသင်း။

James Garner _to Everton
September 2, 2022

လူငယ်ကစားသမား James Garner [ ဂျိမ်းစ်ဂါနာ ] ကို ခေါ်ယူလိုက်တဲ့ အဲဗာတန်အသင်း

James Garner [ ဂျိမ်းစ်ဂါနာ ] ကို သူ့ရဲ့ မူရင်းအသင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကနေ အဲဗာတန်အသင်းက လေးနှစ် စာချုပ်နဲ့ ခေါ်ယူ လက်မှတ်ထိုးလိုက်ပြီ ဖြစ်ပါတယ်။

ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို တရားဝင် ထုတ်ဖော် ပြောကြားခြင်း မရှိပေမယ့် အသက် ၂၁ နှစ်အရွယ် ဂျိမ်းစ် ဂါနာအတွက် ပေါင် ၁၅ သန်း ဝန်းကျင်နဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ယူနိုက်တက်မှာ ကာလအတော်ကြာ နေထိုင်ခဲ့တဲ့ လူငယ် ကစားသမား James Garner [ ဂျိမ်းစ်ဂါနာ ]

အကယ်ဒမီကနေ ဖြတ်သန်းလာခဲ့တဲ့ ဂျိမ်းစ်ဂါနာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ၁၃ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် ပေါင်းဖွဲ့မှုကာလ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျိမ်းစ် ဂါနာဟာ ဒီကိုပြောင်းမလာခင် အရင် ၁၈ လတာ ကာလကို နော်တင်ဟမ် ဖောရက်စ်အသင်းမှာ အငှားနဲ့ ကုန်းဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီတုန်းက ချန်ပီယံရှစ်ကနေ ပလေးအော့ဖ်ကန်ပြီး ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့်ရအောင် ကူညီပေးရာမှာ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် James Garner [ ဂျိမ်းစ်ဂါနာ ] ဟာ နောက်ခံလူ ဂျိမ်းစ် တာကော့ပ်စကီး၊ ရူဘန် ဗင်ဂါ၊ ကွန်နာကိုဒီ၊ ကွင်းလယ်ကစားသမား အမာဒို အိုနာနာ၊ အီဒရစ္စာ ဂါနာ၊ ဒွိုက်မက်နေးနဲ့ နီးလ် မောပေးတို့ ရောက်ရှိလာပြီးနောက် အဲဗာတန်အသင်းရဲ့ အဋ္ဌမမြောက် နွေရာသီခေါ်ယူမှု ဖြစ်ပါတယ်။

James Garner had played For Nottingham on loan

ဂျိမ်းစ်ဂါနာဟာ ပြီးခဲ့တဲ့ရာသီကို နော်တင်ဟမ်အသင်းမှာ အငှားကစားခဲ့ပါတယ်။

အင်္ဂလန် ယူ-၂၁ လက်ရွေးစင်ဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတုန်းက အသက် ၁၇ နှစ် အရွယ်သာ ရှိသေးပြီး ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ ပွဲမှာ ယူနိုက်တက် စီနီယာအသင်းအတွက် ပွဲဦးထွက် မကစားမီ ကလပ်ရဲ့ အသက်အရွယ်အလိုက် အံ့အားသင့်ဖွယ် ခြေစွမ်းတိုးတက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အံအားဖွယ်ကောင်းတဲ့ ပေးပို့မှုတွေနဲ့အတူ ထက်မြက်တက်ကြွတဲ့ လူငယ်ကွင်းလယ် ကစားသမား ဂျိမ်းစ်ဂါနာဟာ ဘာကန်ဟတ်ဒ်မှာ မွေးဖွား‌ခဲ့ပြီး အသက် ၈ နှစ်အရွယ်မှာ မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီကို  ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အဲဗာတန်အပြောင်းအရွှေ့မှာ James Garner [ ဂျိမ်းစ်ဂါနာ ] က

EvertonTV ကို “ ကျွန်တော် အဲဗာတန်အသင်းမှာ ကစားဖို့ အဆင်သင့်ပါပဲ။ ဒါဟာ ကျွန်တော့်ရဲ့ ကစားသမားဘ၀မှာ ကြီးမားတဲ့ ခြေလှမ်းတစ်ခုဖြစ်ပြီး ကစားသမားတစ်ယောက်အနေနဲ့ တိုးတက်နေချိန်မှာ အသင်းကို ပိုကောင်းလာအောင် ကူညီပေးချင်ပါတယ်။ အဲဗာတန်က ဒီလိုလုပ်ဖို့ အကောင်းဆုံးနေရာလို့ ကျွန်တော်ထင်ပါတယ်။ စ,တင် ကစားဖို့တောင် မစောင့်နိုင်တော့ပါဘူး။ ” လို့ ပြောသွားခဲ့ပါတယ်။

“ အသင်းနည်းပြ [ ဖရန့်ခ် လမ်းပတ် ] က ကလပ်အတွက်နဲ့ ကျွန်တော့်အတွက် တကယ့် အစီအစဥ် တစ်ခု ရှိနေပါတယ်။ သူနဲ့ နေ့စဉ်နေ့တိုင်း အလုပ် တွဲလုပ်ဖို့က ကျွန်တော့်အတွက် အဓိကပါပဲ။ သူနဲ့ သူ့ရဲ့ဝန်ထမ်းတွေက ကျွန်တော်ကိုရော အသင်းကိုပါ နောက်တစ်ဆင့်တက်အောင် ပို့ဆောင်ပေးနိုင်ပါတယ်။ ဒါကတော့ ကျွန်တော် မျှော်လင့်ထားတာလေးပါ။ “

James Garner _at England U-21

အင်္ဂလန် ယူ-၂၁ အသင်းမှာ တွေရတဲ့ ဂျိမ်းစ်ဂါနာ။

“ အဲဗာတန်အသင်းသားတွေက ဘယ်လောက်ထိ တက်တက်ကြွကြွရှိလည်းဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဝါသနာပါပြီး ပရိတ်သတ်တွေကို အားပေးတဲ့  ကစားသမားမျိုးပါ။ ပရိတ်သတ်တွေက ဘယ်လိုပုံစံရှိလဲဆိုတာ ကျွန်တော်သိပြီး အံဝင်ခွင်ကျဖြစ်မယ်လို့ ထင်ပါတယ်။ ” လို့ ထပ်လောင်း ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး သူက

“ ကျွန်တော်က မတူညီတဲ့ အခန်းကဏ္ဍတွေမှာ ကစားနိုင်ပြီး ခံစစ်နဲ့ တိုက်စစ်ပိုင်းကို ပံ့ပိုးပေးနိုင်တဲ့ box-to-box ပုံစံ ကွင်းလယ်ကစားသမားတစ်ယောက်ပါ။ ဂိုးဖန်တီးမှုတွေနဲ့ ပံ့ပိုးပေးရတာကို နှစ်သက်ပေမယ့် ခက်ခဲတဲ့အလုပ်တွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ ဒါကလည်း အရေးကြီးပါတယ်။ “

“ ကျွန်​​တော်​က အသင်းအတွက်​ တကယ်​စွမ်းအင်​​တွေ ယူ​ဆောင်​လာနိုင်​သလို ခံစားရပါတယ်။ အဲဗာတန်​က ​သေချာ​ပေါက်​ လိုအပ်​​နေတဲ့ အရာတစ်​ခုဖြစ်​ပြီး အဲ့ဒါကို ထပ်​မံဖြည့်​စွက်​နိုင်​ပါတယ်​။ 

ကျွန်​​တော့်​မှာ အရည်​အ​သွေးလည်း ရှိပါတယ်။ ဒါကြောင့်မို့ အခု ဒီရာသီကောင်းမှာ ကျွန်တော့် အနေနဲ့ အဲဗာတန်အသင်းရဲ့  အဓိက အစိတ်အပိုင်း ဖြစ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ” လို့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

James Garner had played about 13 years at Man United

ယူနိုက်တက်လူငယ်ကစားသမား ဂျိမ်းစ် ဂါနာ။

အဲဗာတန် ဘောလုံး အဖွဲ့ချုပ် ကယ်ဗင် သဲဝေါကလည်း ” ကျွန်တော်တို့ အနေနဲ့ ကွင်းလယ်ကစားသမား ရွေးချယ်မှုမှာ အရည်အသွေးပိုရှိတဲ့ ကစားသမားဖြစ်တဲ့ ဂျိမ်းစ်ကို အဲဗာတန်အသင်းဆီ ခေါ်ဆောင်လာရတာ ဝမ်းသာမိပါတယ်။ ” လို့ ပြောပါတယ်။

ကွင်းလယ်ကစားသမား James Garner [ ဂျိမ်းစ်ဂါနာ ] ဟာ ဂွတ်ဒီဆင်ပါခ်ကွင်းမှာ ကစားမယ့် လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ် မာဆေးဆိုက်ဒါဘီ ပွဲစဥ်မှာ ပွဲဦးထွက် ပါဝင် ကစားနိုင်မှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment