Antony21 [ အန်တိုနီ ] ရဲ့ သွင်းဂိုးက နူးနက်ဇ်နဲ့ ညီသွားပြီ။

Antony21 already has same goals as Nunez
September 5, 2022

ဒါဝင် နူးနက်ဇ်နဲ့ တူညီသွားတဲ့  တိုက်စစ်မှူး Antony21 [ အန်တိုနီ ] ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး

Antony21 [ အန်တိုနီ ] ဟာ မနေ့ညက သူ့ရဲ့ ယူနိုက်တက် ပွဲဦးထွက်အဖြစ် အာဆင်နယ်အသင်းနဲ့ ပွဲမှာ ပွဲထွက် ၁၁ ယောက်စာရင်းမှာ ပါဝင် ကစားခဲ့ပြီး အသင်းအတွက် ဦးဆောင်ဂိုး ၁ ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကစားသမား အသစ် အန်တိုနီဟာ တနင်္ဂနွေ နေ့က ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဥ် ( ၆ ) မှာ ပထမဦးဆုံးဂိုး သွင်းယူနိုင်ခဲ့တာကြောင့် သူဟာ နောက်ထပ် ကစာသမားဘဝ ခြေလှမ်း အိပ်မက်အစအဖြစ် အိုးထရက်ဖို့ဒ်မှာ ပျော်ရွှင်နေခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပြောင်းရွှေ့ကြေး မြင့်မားတဲ့ တိုက်စစ် ကစားသမား Antony21 [ အန်တိုနီ ]။

ဘရာဇီးလ်သားဟာ အခု သီတင်းပတ် အစောပိုင်းတုန်းက အေဂျက်ဇ်အသင်းကနေ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ နဲ့ ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပြောင်းရွှေ့ကြေးဟာ ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာပြီးတော့ ကလပ်အသင်းရဲ့ ဒုတိယမြောက် ဈေးအကြီးဆုံ ခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။

ကလပ်အသင်းကို ရောက်ရှိလာတာ ရက်အနည်းငယ်သာ ရှိသေးပေမယ့် နည်းပြ အဲရစ် တန်ဟက်ဂ်ဟာ မနေ့က ကန်ခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဥ်အတွက် ပထမပွဲထွက် ၁၁ ယောက်စာရင်းမှာ ချက်ချင်းဆိုသလို့ ထည့်သွင်းခဲ့ပါတယ်။

Antony21 scored his first goal for Man U

အန်တိုနီဟာ ပွဲဦးထွက်မှာတင် အသင်းအတွက် တစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

တောင်ပံကစားသမားဟာ ပွဲကစားချိန် ၃၅ မိနစ်မှာ ဂန်းနားတို့ရဲ့ ရှုံးပွဲမရှိ စံချိန်ကို ချိုးဖျက်နိုင်စေမယ့် ပထမဦးဆုံး ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့အတွက် ယူနိုက်တက်အသင်းနဲ့ အံဝင်ဂွင်ကျ ဖြစ်တယ်လို့ ယူဆရပါတယ်။ အာဆင်နယ်အသင်းဘက်ကို ဂိုးသွင်းယူပြီးတဲ့နောက်မှာ အန်တိုနီရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးဟာ လီဗာပူးလ် တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုးနဲ့ တူညီသွားခဲ့ပြီ ဖြစ်ပါတယ်။

အဲ့ဒီဂိုးကို ပွဲကစားချိန် ၃၅ မိနစ်မှာ အာဆင်နယ်အသင်း နောက်ခံလူ နှစ်ယောက် ကြားထဲကနေ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ပေးပို့မှုကနေ တဆင့် Antony21 [ အန်တိုနီ ] က ဂိုးသမား အာရွန် ရမ်စ်ဒေးလ်ရဲ့ ညာဘက်ဒေါင့်ကို လှလှပပ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် အန်တိုနီဟာ ဧည့်သည် အာဆင်နယ်ပရိသတ် တစ်စုရှေ့မှာ သွားရောက် အောင်ပွဲခံခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ Antony21 [ အန်တိုနီ ] တို့ လူစားလဲခဲ့ကြပါတယ်။

အန်တိုနီရဲ့ ဂိုးကြောင့် ဆိုရှယ် မီဒီယာပေါ်မှာ မန်ချက်စတာ ယူနိုက်တက် ပရိတ်သတ်တွေရဲ့ လက်ခုပ် ဩဘာသံတွေအပြင် ယူရို သန်း ၁၀၀ နဲ့ ခေါ်ယူထားတဲ့ တခြား ကစားသမားတွေ ဖြစ်တဲ့ ဒါဝင် နူးနက်ဇ်နဲ့ ဂျက်ခ် ‌ဂရေ့လစ်ရှ်တို့နဲ့ နှိုင်းယှဥ်မှုတွေ ချက်ချင်း ဆိုသလို ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

Antony21 and his team-mates were celeberating after his goal

ဂိုးသွင်းယူပြီး အောင်ပွဲခံနေတဲ့ အန်တိုနီနဲ့ အသင်းဖော်များ။

ပွဲ ကစားချိန် ၅၇ မိနစ်မှာ ယူနိုက်တက် အသင်းက ၁-၀ ဂိုးနဲ့ ဆက်လက် ဦးဆောင်နေပြီး ဘရာဇီးလ်သားကို တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ လူစားလဲခဲ့ပါတယ်။ တောင်ပံ တိုက်စစ် အန်တိုနီကတော့ လီဗာပူးလ်အတွက် ဂိုးသွင်းနိုင်တဲ့ ဒါဝင်နူးနက်ဇ်လိုမျိုး သူလည်း ယူနိုက်တက်အတွက် ဂိုး သွင်းနိုင်ကြောင်း ပရိတ်သတ် တစ်ဦးက ရေးသားဖော်ပြခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်း‌အရွှေ့တုန်းက အိုးထရက်ဖို့ဒ်ဆီ ပြန်ရောက်လာခဲ့ပြီး အသင်းရဲ့ အမြင့်ဆုံး သွင်းဂိုးရှင်အဖြစ် ပရီးမီးယားလိဂ် သွင်းဂိုး ၁၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ 

ဒါပေမယ့် ရော်နယ်ဒိုရဲ့ ဖိအားကင်းမဲ့မှုဟာ ယူနိုက်တက်ရဲ့ နောက်ဆုံးအဆင့် (၆) နေရာမှာ ပြီးဆုံးခဲ့တဲ့ ပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ရော်နယ်ဒို အရမ်းမက်မောခဲ့ရတဲ့ ချန်ပီယံလိဂ်ကို လွဲချော်ခဲ့ပါတယ်။

အရန်ခုံတန်းပေါ်က ရော်နယ်ဒို။

ခရစ်စတီယာနို ရော်နယ်ဒိုဟာ တနင်္ဂနွေနေ့က အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ( ၆ ) အတွက် အရန်ခုံမှာသာ ထိုင်နေခဲ့ရပါတယ်။ ဒါဟာ သူ့ အနေနဲ့ အသုံးခံမယ့် အနေအထားပါ။

Antony21 was substituted with Ronaldo

အန်တိုနီနဲ့ ရော်နယ်ဒိုတို့ လူစားလဲနေကြစဥ်။

အဲ့နောက် ရော်နယ်ဒိုဟာ ကိုယ်ရေးကိုယ်တာ အကြောင်း ကိစ္စတွေကြောင့် ထိုင်းနဲ့ ဩစတြေးလျဆီ ရာသီကြို ခရီးစဥ်တွေကို ‌လွဲချော်ခဲ့ပြီး ယူနိုက်တက်အတွက် သူ့ရဲ့ နောက်ဆုံး ပွဲစဥ် ကတည်းက ဘရန့်ဖို့ဒ်ကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ တန်ဟက်က သူ့ကို လျစ်လျူရှု့နေခဲ့ပါတယ်။

ခရစ္စတီယာနိုဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဥ် (၆) ပွဲမှာ ဘရန့်ဖို့ဒ်နဲ့ အဝေးကွင်း ပွဲစဥ် ၁ ပွဲသာ ပထမ ပွဲထွက် ၁၁ ယောက် စာရင်းမှာ ပါဝင်ခွင့် ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ရော်နယ်ဒိုရဲ့ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် (၄) ပွဲဆက် အနိုင်ရရှိထားပြီး အမှတ်ပေးဇယားရဲ့ အဆင့် (၅) နေရာမှာ ရပ်တည်နေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment