Bellerin [ ဘယ်လာရင် ] ပြောင်းရွှေ့နိုင်သေးတဲ့ ဘာကာအသင်း။

Bellerin is willing to sign for Barceona
September 1, 2022

နောက်ဆုံး သတ်မှတ်ရက်မတိုင်မီ ဘာစီလိုနာကို အပြောင်းအရွှေ့လုပ်နိုင်မယ့် အာဆင်နယ်ကြယ်ပွင့် Bellerin [ ဘယ်လာရင် ]

Bellerin [ ဟက်တာ ဘယ်လာရင် ] ဟာ ဒီရာသီ အပြောင်းအရွှေ့ နောက်ဆုံး သတ်မှတ်ရက် မတိုင်မီ ဘာစီလိုနာအသင်းကို  အပြောင်းအရွှေ့ ပြုလုပ်လို့ ရနိုင်သေးတဲ့ နောက်ခံလူတစ်ယောက် ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ရောဘတ် လီဝန်ဒေါစကီး၊ ရာဖင်ညာနဲ့ ဂျူးလ်စ် ကွန်ဒယ်တို့ကို ခေါ်ယူနိုင်ဖို့ ယူရို သန်း ၁၆၀ အထိ သုံးစွဲထားပြီး ဖြစ်ပေမယ့် နူးကမ့်ဆီကို နောက်ထပ် ကစားသမားတွေ ရောက်ရှိလာနိုင်ပါသေးတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဘာကာအနေနဲ့ ဘယ်လာရင်ကို ခေါ် ယူဖို့ အဆင်သင့် ဖြစ်နေပါပြီ။

ဒီရာသီ ဘာကာအသင်းအနေနဲ့ ခေါ်ယူမှုအားလုံးကတော့ ပြောင်းရွှေ့ကြေးတွေနဲ့ချည်းပဲ မဟုတ်ပါဘူး။ အဲ့အထဲမှာ ချဲလ်ဆီးအသင်းနဲ့ အေစီမီလန်အသင်းတွေဆီကနေ အသီးသီး ရောက်ရှိလာခဲ့ကြတဲ့ အန်ဒရေ့စ် ခရစ္စတန်ဆန်နဲ့ ဖရန့်ခ် ကယ်စီတို့ကတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့သာ ‌ရောက်လာခဲ့တာ ဖြစ်ပါတယ်။

စပိန်ကလပ် ဘာကာအသင်းဟာ ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်ကို အာဆင်နယ်အသင်းကနေ ခေါ်ယူဖို့အတွက် အပြောင်းအရွှေ့ ဈေးကွက်ထဲကို ပြန်လည်ဝင်ရောက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။

Bellerin had played for Barcelon Youth

ဘယ်လာရင်ဟာ ဘာစီလိုနာလူငယ်အသင်းမှာ ၈ နှစ်ကြာ ကစားခဲ့ဖူးပါတယ်။

နောက်ခံလူ ဟက်တာ ဘယ်လာရင်ဟာ ၂၀၁၁ ခုနှစ်မှာတုန်းက အာဆင်နယ်အသင်းကို ‌မပြောင်းရွှေ့မီ ဘာစီလိုနာအသင်းရဲ့ လာ မာစီယာ လူငယ် အကယ်ဒမီမှာ ရှစ်နှစ်ကြာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။

တကယ်လို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ စည်းကမ်းချက်တွေကို သဘောတူမယ်ဆိုရင်တော့ ဂန်းနား‌တို့အနေနဲ့ Bellerin [ ဘယ်လာရင် ] ကို ဘာစီလိုနာအသင်းဆီ အလွတ်နဲ့ ပြောင်းရွှေ့ ခွင့်ပြုမယ်လို့ နားလည်ထားပါတယ်။

စပိန်သား နောက်ခံလူ Bellerin [ ဘယ်လာရင် ] နဲ့ ပတ်သက်ပြီး

“ ဘာစီလိုနာက ဘယ်လာရင်ရဲ့ အခြေအနေကို သိထားပြီး သူ့ရဲ့ ခံယူချက်က ဘာကာ ကစားသမား ဖြစ်ဖို့ပါပဲ။ ” လို့  စပိန်အားကစား သတင်းဌာန မွန်ဒို ဒီပို့တီဗိုရဲ့  အက်ဒီတာ ဖာရန် ‌မာတီနက်ဇ်က ရေးသားဖော်ပြခဲ့ပါတယ်။

မူအရတော့ အကောင်းဆုံး စိန်ခေါ်မှုတစ်ခု အနေနဲ့ ဘာကာဟာ သောမတ်စ် မြူနီယာကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ပြောင်းရွှေ့ကြေးကို တိုက်ရိုက်ငွေးသားလိုချင်နေတဲ့ ဘိုရုရှား‌ ဒေါ့မွန်အသင်းကြောင့် ဘယ်လ်ဂျီယံသားရဲ့  အသင်းဆီ ရောက်ရှိလာမှုကို ရှုပ်ထွေးစေပါတယ်။ ပြီးတော့ ဆာဂျီနို ဒက်စ်နဲ့ လဲလှယ်တဲ့ စာချုပ်ကို လက်ခံ သဘောတူခြင်း မရှိခဲ့ပါဘူး။

Bellerin had played for Real Betis On Loan

ရီးယဲလ်ဘတ်တစ်စ်အသင်းကို အငှားသွားရောက်ကစားခဲ့တဲ့ ဘယ်လာရင်။

တကယ်လို့သာ မြူနီယာကို ခေါ်ယူဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ (ခ) အစီအစဥ် အနေနဲ့ Bellerin [ ဟက်တာ ဘယ်လာရင် ] ကို ခေါ်ယူဖို့ စီစဥ်ထားပါတယ်။ ကစားသမားကလည်း လက်မှတ်ထိုး စာချုပ် ချုပ်ဆိုဖို့ ဆန္ဒရှိနေတယ်ဆိုတာ ဘာစီလိုနာ‌အနေနဲ့ သိထားပြီးသားပါ။

သူ့လစာကတော့ ပြဿနာ ရှိမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ လစာငွေနဲ့ ပတ်သက်ပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်မယ်လို့ ပြောထားပြီးသား ဖြစ်ပါတယ်။

အာဆင်နယ်အသင်းနဲ့အတူ ဘယ်လာရင်ရဲ့ စွမ်းဆောင်ရည်။

ညာနောက်ခံကစားသမား ဘယ်လာရင်ဟာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၂၃၉ ပွဲ ကစားပေးထားပါတယ်။ သွင်းဂိုး ၉ ဂိုး၊ ဂိုးဖန်တီးမှု ၂၉ ကြိမ် ပြုလုပ်ထားပြီး အသင်းနဲ့အတူ အက်ဖအေဖလား ( ၃ ) ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ( ၃ ) ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သို့ပေမယ့် မကြာသေးမီ ရာသီများက သူ့ကို မျက်နှာသာ မပေးဘဲ ၂၀၂၁/ ၂၂ ရာသီကို ဘာစီလိုနာရဲ့ လာလီဂါပြိုင်ဘက် ရီးယဲယ် ဘတ်တစ်စ်အသင်းမှာ အငှားနဲ့ အချိန်ကုန်ဆုံးစေခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ်သာ ရှိသေးတဲ့ ဘယ်လာရင်ဟာ ပွဲစဥ်အတွင်း ပြေးနှုန်း အမြန်ဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ရောက်ရှိလာမှု ဟာ ရော်နယ် အာရောက်ဂျိုအတွက် ဗဟိုခံစစ်မှာ ပိုမို သဘာဝကျတဲ့ အခန်းကဏ္ဍကို လွတ်လွတ်လပ်လပ် ကစားဖို့ အခွင့်အရေး ရရှိစေမှာ ဖြစ်ပါတယ်။

Bellerin had played 239 matches for Arsenal

ဘယ်လာရင်ဟာ အာဆင်နယ်အသင်းအတွက် ပွဲပေါင်း ၂၃၉ ပွဲ ကစားပေးထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လာရင်ဟာ အခုအချိန်မှာတော့ လန်ဒန်ကလပ်မှာ ရှိနေပြီး ဘာစီလိုနာထက်  ကမ်းလှမ်းမှုတွေ ပိုများနေပေမယ့် အပြောင်းအရွှေ့ ကိစ္စကတော့ သူ့ရဲ့ ဦး‌စားပေးသာ ဖြစ်ပါတယ်။

လက်ရှိ ကစားသမားဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေပေမယ့် ဘာစီလိုနာအသင်းအနေနဲ့ ရလဒ် အခြေခံတဲ့ ပေးချေမှုတွေရှိနေသရွေ့ မြောက်လန်ဒန်ကလပ်ကတော့ စာချုပ်ဖျက်သိမ်းဖို့ အဆင်သင့် ရှိနေမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment