ရာဖင်ဟာအတွက် ချဲလ်ဆီးအသင်းရဲ့ သန်း ၄၀ ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ လိဒ်ယူနိုက်တက်

March 31, 2022

 

လိဒ်ယူနိုက်တက်အသင်းဟာ ဘရာဇီးလ် ညာတောင်ပံတိုက်စစ် ကစားသမား ရာဖင်ဟာအတွက် ချယ်လ်ဆီးအသင်းဆီကနေ

ကမ်းလှမ်းလာတဲ့ ပြောင်းရွှေ့ကြေး သန်း ၄၀ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

 

 

ဘာစီလိုနာအသင်းဟာလည်း လာမယ့်ရာသီမတိုင်ခင်မှာ ရာဖင်ဟာကို ဘာစီလိုနာကစားသမားအဖြစ် ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ဒါပေမယ့်လည်း ကလပ်အသင်း

အနေနဲ့ ဒီကိစ္စက လွယ်ကူတဲ့ အလုပ်မဟုတ်ကြောင်း သိထားပြီး လွန်ခဲ့တဲ့ လအနည်းငယ်က ချဲလ်ဆီးအသင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အတွက် သူတို့ စိုးရိမ်နေ

မယ်ဆိုတာ သေချာပါတယ်။

 

Mundo Deportivo သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ တောင်ပံကစားသမားအတွက် ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် လိဒ်က အဲ့ဒါနဲ့ ပတ်

သက်ပြီး အရေးတယူမရှိခဲ့ဘူးလို့ ဆိုပါတယ်။

 

 

✅✅✅ 1xBet မှာ ကစားချင်သူတွေအနေနဲ့

Promocode (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြု၍

100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။ 💸💸💸

 

👉အကောင့်ဖွင့်နည်း 👈

How to register in 1XBET? – Myanmar Sports

 

 

ညာတောင်ပံကစားသမား ရာဖင်ညာဟာ လိဒ်ယူနိုက်တက်အသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပါသေးတယ်။ သူဟာ လက်ရှိမှာ ကလပ်အသင်းမှာရော

  နိုင်ငံလက်ရွေးစင် အသင်းမှာပါ ထင်ထင်းရှားရှား ခြေစွမ်းပြနေတာကို တွေ့ နေရပါတယ်။ ဒီလိုသူ့ရဲ့ ခြေစွမ်းတွေကြောင့် PSG နဲ့  ဘာစီလိုနာတို့လို ဥရောပ ထိပ်တန်း

အသင်းကြီးတွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။

 

 

ဒါပေမယ့် လိဒ်စ်က သူတို့အနေနဲ့ ရာဖင်ဟာကို စွန့်လွှတ်မှာ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။ တစ်စုံတစ်ယောက်က သူ့ကို တကယ်လိုချင်ရင်

သူတို့ဟာ စံချိန်တင် ပြောင်းရွှေ့ကြေးကို ပေးချေရမှာ ဖြစ်ပါတယ်။ ကလပ်ရဲ့ အားကစားဒါရိုက်တာ ဗစ်တာအော်တာ က ကစားသမားအနေနဲ့ ပရီးမီးယားလိဂ်မှာ

ဆက်နေမယ်ဆိုရင် စာချုပ်မှာ ရေးထားတဲ့ စာချုပ်ပါ စည်းကမ်းချက် မပါရှိကြောင်း အတည်ပြုခဲ့ပါတယ်။ ဒီလိုဖြစ်လာရင် သူ့ကိုခေါ် ယူချင်တဲ့ ကလပ်ဟာ လိဒ်ဘုတ်

အဖွဲ့နဲ့ ပြင်းပြင်းထန်ထန် ညှိနှိုင်းမှုတွေ လုပ်ရပါလိမ့်မယ်။

 

 

‘Azulgrana’ ဥက္ကဌ ဂျိုဝမ် လာ‌ပေါ် တာက ကစားသမားအတွက် ဇယားမှာ ကောင်းမွန်တဲ့ စာချုပ်တွေ ရှိနေကြောင်း အတည်ပြုခဲ့ပါတယ်။

 

ဒါပေမယ့် Camp Nou မှာ လိဒ်စ်နဲ့ ညှိနှိုင်းဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ သူတို့သိပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်ဟာ ရာဖင်ဟာအတွက် တခြားကလပ်

တွေရဲ့  ကမ်းလှမ်းမှုတွေကို ငြင်းပယ်တာနဲ့ ပတ်သက်ပြီး ဘယ်လိုမှ အာရုံမထားဘဲ စိတ်အေးလက်အေး ဖြစ်နေဆဲပါပဲ။

 

 

 

ချဲလ်ဆီးအသင်းက ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားကို စတန်းဖို့ဒ်ဘရစ်ချ်ဆီ ခေါ်ယူချင်နေတယ်လို့ အားကစားသတင်းဌာန Mundo Deportivo က ဖော်ပြ

ခဲ့ပါတယ်။ လန်ဒန်အသင်းဟာ ရာဖင်ဟာအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဒါဟာ လုံလောက်မှုမရှိတဲ့ ကမ်းလှမ်းမှုတစ်ခုဖြစ်

တယ်လို့ လိဒ်စ်အသင်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

ဘာစီလိုနာအသင်းဟာ ရာဖင်ဟာကို ရာသီကုန်အထိ အနီးကပ် စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ လိဒ်စ်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆို

ထားပြီးဖြစ်တာကြောင့် ဘာစီလိုနာအသင်းအနေနဲ့ အမှန်တကယ်လိုချင်တယ်ဆိုရင်တော့ လွန်ခဲ့တဲ့ လအနည်းငယ်က ချဲလ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှု ပမာဏထက်

ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှုကို တင်ပြရမှာ ဖြစ်ပါတယ်။

 

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment