ကနေဒါအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်သွားတာကြောင့် အပျော်လွန်မျက်ရည်ကျခဲ့ရတဲ့ ဒေးဗီးစ်

Alphonso Davies
March 28, 2022

 

ဘိုင်ယန်မြူးနစ်အသင်း ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆို ဒေးဗီးစ်ဟာ တနင်္ဂနွေနေ့ နေ့လည်က ကမ္ဘာ့ဖလား ခြေစစ်ပွဲ အပြီမှာ ကနေဒါအသင်း ခြေစစ်ပွဲအောင်သွား

တာကို ကြည့်ရှုနေတုန်း ဝမ်းသာမျက်ရည်တွေ ထိန်းမနိုင် ဖြစ်ခဲ့ရပါတယ်။

 

ဒေးဗီးစ်ဟာ COVID-19 ကူးစက်ခံရပြီးနောက် မျိုကာဒီတစ်လို့ခေါ်တဲ့ နှလုံးရောင်ရမ်းမှုလက္ခဏာ‌ကြောင့် ကနေဒါအသင်းက ဂျမေကာအသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရခဲ့

တဲ့ ပွဲမတိုင်ခင်ကတည်းက အသင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။

 

 

✅✅✅ 1xBet မှာ ကစားချင်သူတွေအနေနဲ့

Promocode (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြု၍

100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။ 💸💸💸

 

👉အကောင့်ဖွင့်နည်း 👈

 

How to register in 1XBET? – Myanmar Sports

 

 

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါကစားသမားဟာ သူ့ရဲ့  Twitch ချန်နယ်မှာ ပွဲစဥ်ကို တိုက်ရိုက်ထုတ်လွှင့်ရင်း သူ့ရဲ့ လက်ရွေးစင် အသင်းဖော်တွေကို အိမ်က

နေ အားပေးနေခဲ့တာ ဖြစ်ပါတယ်။

 

သူ့ရဲ့ ကနေဒါအသင်း ၄-၀ ဂိုးနဲ့ ဦးဆောင်ကစားနေတုန်း နောက်ဆုံး ပွဲသိမ်းခရာသံကြားတော့ ဒေးဗီးစ်ဟာ မျက်ရည်တွေ ဝဲတက်လာပြီး ကြမ်းပြင်ပေါ်ကို  လဲကျသွားခဲ့

ပါတယ်။ အသင်းဖေါ် တွေရဲ့ အောင်ပွဲခံနေပုံကို ကြည့်ရှုရင်း သူလည်း နိုင်ငံအလံကို ‌ကိုင်ဆောင်ပြီး မျက်ရည်တွေနဲ့ အောင်ပွဲခံနေခဲ့တာပါ။

 

Alphonso Davies

 

လုံးဝ သိသိသာသာ စိတ်လှုပ်ရှားနေတဲ့ ဒေးဗီးစ်က ‘ကျွန်တော် ကမ္ဘာ့ဖလားကို သွားမယ်။ ကျွန်တော်တို့ကမ္ဘာ့ဖလားသွားတော့မယ်ဟေ့။ ကျွန်တော်မယုံနိုင်ဘူး။ မျက်

ရည်တွေ ကျနေတယ်။ ကျွန်တော့်အိပ်မက်တွေ တကယ်ဖြစ်လာပြီ။’ လို့ Live Stream က ကြည့်ရှုသူတွေကို ပြောကြားခဲ့ပါတယ်။

 

ဂျမေကာကို အောင်မြင်စွာ အနိုင်ယူပြီးနောက်မှာ ကနေဒါလက်ရွေးစင်အသင်းဟာ  မက္ကဆီကိုမှာ ကျင်းပခဲ့တဲ့  ၁၉၈၆ ခုနှစ်နောက်ပိုင်း ၃၆ နှစ်ကြာပြီးမှ ကမ္ဘာ့ဖလား

ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ကစားမှာ ဖြစ်ပါတယ်။

 

ကနေဒါအသင်းဟာ Cyle Larin၊ Tajon Buchanan၊ Junior Hoilett တို့ရဲ့ ဂိုးတွေ၊ ပြိုင်ဘက်အသင်း နောက်ခံလူ  အက်ဒရီယမ် မာရီအက်ပါ ရဲ့ OG ဂိုး၊ ပေါင်း ၄-၀

ဂိုးနဲ့  2022 ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အုပ်စုတစ်နေရာကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ အောင်ပွဲရလဒ်ကြောင့် ကနေဒါအသင်းဟာ သူတို့ရဲ့ ကာတာ ကမ္ဘာ့

ဖလား တစ်နေရာတွေကို လုံခြုံအောင် ကြိုးပမ်းရင်း ၂၈ မှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

 

Canada qualified

 

ဒေးဗီးစ်ဟာ ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အချိန်မီ ပြန်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့်လည်း အသက် ၂၁ နှစ်အရွယ် နောက်ခံလူ

ဟာ မျိုကာဒီတစ် ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် စိတ်မကောင်းစွာနဲ့ပဲ ဇန်နဝါရီလကတည်းက အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။

 

မျိုကာဒီတစ်ဟာ Covid-19 လိုမျိုး ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပေါ်လာတဲ့ နှလုံးရောင်ရမ်းခြင်း ဝေဒနာတစ်ခု ဖြစ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းကို ဖြစ်စေပြီး

နှလုံးရဲ့ ကြံ့ခိုင်မှုအပေါ် တိုက်ရိုက် သက်ရောက်မှုရှိတယ်လို့ သိရှိရပါတယ်။ အဆိုးဆုံးအနေနဲ့  သေစေနိုင်တဲ့အထိတောင် ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါ

တယ်။

 

 

ဒါပေမယ့် အများစုကတော့ အပျော့စား Covid-19 ရှိဖူးတဲ့ ပရော်ဖက်ရှင်နယ် အားကစားသမားတွေမှာ အဖြစ်များပြီး အများစုကတော့ ဘေးဖယ်ချန်လှပ်ထားဖို့ မလို

အပ်ကြောင်း အဓိက ပရော်ဖက်ရှင်နယ် အားကစားလိဂ်များမှ ပြုလုပ်တဲ့ 2021 လေ့လာမှုတွေအရ သိရှိရပါတယ်။

 

 

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment