ချယ်လ်ဆီးထက် ဂျာမနီမှာ ကစားရတာ ပိုအဆင်ပြေတယ်လို့ ဝန်ခံလိုက်တဲ့ တီမိုဝါနာ

Timo Werner
March 27, 2022

 

ချဲလ်ဆီးအသင်းတိုက်စစ်မှူး တီမိုဝါနာက ‘ကစားပုံကွာခြားမှု’ ကြောင့် ချယ်လ်ဆီးအသင်းမှာ ကစားရတာထက်

ဂျာမနီအသင်းမှာ ကိုယ်စားပြု ကစားရတာ ပိုအဆင်ပြေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

 

 

သူက ချဲလ်ဆီးအသင်းနဲ့ သူ့ရဲ့အခန်းကဏ္ဍကို ဆန့်ကျင်ပြီး ဂျာမနီအတွက် ဟန်စီ ဖလစ်ခ် ရဲ့ စနစ်မှာ ကစားရတာ ပိုအဆင်ပြေတယ်လို့ ဝန်ခံခဲ့ပါတယ်။

 

တီမိုဝါနာက ဂျာမနီအသင်း အစ္စရေးအသင်းကို ၂-၀ ဂိုး နဲ့အနိုင်ရတဲ့ နိုင်ငံတကာခြေစမ်းပွဲအပြီးမှာ ချဲလ်ဆီးအသင်းထက် ဂျာမနီရဲ့စနစ်မှာ ကစားရတာကို ပိုနှစ်သက်

ကြောင်း ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

 

အသက် 26 နှစ်အရွယ် ကစားသမားဟာ ၂၀၂၀ ခုနှစ် နွေရာသီမှာ ဂျာမနီ ဘွန်ဒက်စ်လီဂါ ကလပ် အာဘီလိုက်ပဇစ် အသင်းကနေ ချယ်လ်ဆီးအသင်းကို ပေါင် ၅၃

သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် စတန်းဖို့ဒ် ဘရစ်ခ်ျမှာ အောင်မြင်မှု ထင်သလောက် မရခဲ့ပါဘူး။

 

 

ဝါနာဟာ ဂျာမနီကလပ်မှာ သူ့ရဲ့နောက်ဆုံးရာသီ ပြိုင်ပွဲစုံ ၄၅ ပွဲမှာ ၃၄ ဂိုးသွင်းယူပြီး အသင်းအတွက် အလိုအပ်ဆုံးတိုက်စစ်မှူးတွေထဲမှ တစ်ဦးအဖြစ် ချယ်လ်ဆီး

အသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

 

Timo Werner vs Hansi Flick

 

တိုက်စစ်မှူးဟာ စနေနေ့က အစ္စရေးကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့  နိုင်ငံတကာပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဟန်စီ ဖလစ်ခ် လက်ထက် ၈ ပွဲမှာ ရှစ်ပွဲလုံး အနိုင်ရရှိခဲ့ပါတယ်။

ဝါနာဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၂၈ ပွဲကစား၊ ၇ ဂိုး သွင်းယူထားပြီး ဂျာမနီနည်းပြ ဟန်စီ ဖလစ်ခ်ဟာ သောမတ်စ်တူချယ်ထက် ပိုကောင်း

အောင် အသုံးချနေကြောင်း ပြောဆိုခဲ့ပါတယ်။

 

ဂျာမနီ အောင်ပွဲအပြီးမှာတော့ ဝါနာက “ ကျွန်တော်ဟာ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး အမြဲတမ်း ဂိုးသွင်းယူချင်ပါတယ်။ ချဲလ်ဆီးအသင်းမှာ ကျွန်တော်လိုချင်တဲ့ပုံစံ

အတိုင်း မဟုတ်ပါဘူး။ ဟန်စီ ဖလစ်ခ် လက်အောက်မှာတော့ ဒီနေရာက အခြေအနေတွေ ပိုကောင်းပါတယ်။ “

 

“ကျွန်တော် ဘယ်နေရာမှာပဲ ကစားနေပါစေ ဘောလုံးကစားရတာကို တကယ်ကို နှစ်သက်ပါတယ်။ ချဲလ်ဆီးနဲ့ ဒီမှာ ဘောလုံးကစားပုံ ကွာခြားမှုတွေ ရှိပါတယ်။

 

“ နိုင်ငံအသင်းမှာ ရှိတဲ့သူတစ်ယောက်က ကျွန်တော့်ထက် ပိုသင့်တော်တာ ဖြစ်နိုင်တယ်။ ဒီမှာ ကျွန်တော် အမြဲတမ်း ဂိုးသွင်းဖို့ အခွင့်အရေးတွေ ရှိတယ်၊ ကျွန်တော် ဂိုး

တွေ သွင်းနိုင်တယ်။ ကျွန်တော်ဒီမှာ အရမ်းသက်တောင့်သက်သာရှိတယ်လို့ ခံစားရပါတယ်။” လို့ ဖွင့်ဟ ခဲ့ပါတယ်။

 

 

တီမိုဝါနာဟာ ဒီနေနေ့အထိ ချဲလ်ဆီးအသင်းအတွက်  ၂၈ ပွဲကစား၊ ၇ ဂိုးသာသွင်းယူထားပြီး သောမတ်စ်တူချယ်ရဲ့  ပွဲထွက် ၁၁ ဦး ( Starting XI ) စာရင်းမှာ နေရာရရှိ

ဖို့ ရုန်းကန်နေရပါ‌တယ်။

 

ရလဒ်အနေနဲ့ကတော့ သူ့မွေးရပ်မြေကို ပြန်ဖို့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ ဒေါ့မွန်အသင်းက သူ့ကို ဘွန်ဒက်စ်လီဂါကို ပြန်ခေါ်လာဖို့ စိတ်ဝင်စားနေတယ်လို့ ယုံ

ကြည်နေပါတယ်။

 

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment